Xiaomi ကနေ မကြာသေးခင်က ဈေးနှုန်းအနေနဲ့ မြန်မာငွေကျပ် ၃ သိန်းဝန်းကျင်ပဲရှိပြီး Dual Camera ပါဝင်တဲ့ဖုန်းတစ်ခုဖြစ်တဲ့အတွက် Mid Range ဖုန်းတွေမှာ တော်တော်ကောင်းတယ်လို့ ပြောလို့ရတဲ့ဖုန်းတစ်ခုဖြစ်ပါတယ်။ Mi 5X မထွက်ခင် Mi Max 2 ထွက်ခဲ့ပြီး Mi Max 2 ကလည်း ဈေးနှုန်းအနေနဲ့ ငွေကျပ် ၃ သိန်းကျော်ပဲရှိတော့ အခုအချိန်မှာ ဖုန်းဝယ်ဖို့စဉ်းစားနေတဲ့သူတွေအတွက် Mi 5X နဲ့ Mi Max 2 ကို နှိုင်းယှဉ်ပေးသွားမှာဖြစ်ပါတယ်။

Design

Design မှာတော့ Mi Max 2 ရော Mi 5X ရော တူညီတဲ့အချက်တွေရှိပါတယ်။ ဖုန်းနှစ်မျိုးစလုံးမှာ Fingerprint Sensor က ဖုန်းရဲ့နောက်ကျောဘက်မှာ ရှိနေပြီး Metal Unibody Design နဲ့ ပြုလုပ်ထားတာဖြစ်ပါတယ်။ Mi Max 2 ရော Mi 5X ရော ပါးလွှာတယ်လို့ ပြောလို့ရပြီး Mi 5X က Mi Max 2 ရဲ့ 7.6mm အထူထက် မသိမသာပိုပါးတဲ့ 7.3mm အထူပဲရှိနေမှာဖြစ်ပါတယ်။

Design ပိုင်းအနေနဲ့ ဖုန်းနှစ်မျိုးစလုံးက တည်ဆောက်ပုံတူညီတဲ့အတွက် ဘာကပိုကောင်းတယ်ဆိုပြီး ပြောလို့မရပေမယ့် Xiaomi Mi 5X က ပိုသေးတဲ့အတွက် လက်တဖက်ထဲအသုံးပြုမှုတွေမှာ ပိုပြီးအဆင်ပြေမှာပါ။ ဒါပေမယ့် Mi 5X ရဲ့ Dual Camera က ဖုန်း Body မှာ အနည်းငယ်ပိုထွက်နေပြီး စားပွဲပေါ်မှာ ချထားမယ်ဆိုရင် သတိထားရမှာပါ။

Performance

Performance ပိုင်းမှာတော့ Xiaomi Mi Max 2 ရော Mi 5X ရော Qualcomm ရဲ့ Mid Range CPU တစ်ခုဖြစ်တဲ့ Snapdragon 625 Octa Core 2.0Ghz CPU ကိုပဲ အသုံးပြုထားကြတာဖြစ်ပါတယ်။ Snapdragon 625 CPU ဟာ 14nm Architecture ကို အခြေခံပြီးတည်ဆောက်ထားတဲ့ CPU တစ်ခုဖြစ်တဲ့အတွက် ပုံမှန်ထက် Battery စားသက်သာမှာပါ။ နောက်ပြီး RAM အနေနဲ့လည်း ဖုန်းနှစ်မျိုးစလုံးက လုံလောက်တယ်ဆိုတာထက်ပိုတဲ့ RAM 4GB ကို အသုံးပြုထားကြပါတယ်။ ဒါပေမယ့် ဒီနေရာမှာတော့ Mi Max 2 က 64GB Option အပြင် 128GB ကိုပါ ရွေးချယ်လို့ရတဲ့အတွက် Storage များများလိုချင်တဲ့သူတွေအတွက် ပိုပြီးအဆင်ပြေမှာဖြစ်ပါတယ်။ Mi 5X ကတော့ 64GB Version တစ်မျိုးပဲထုတ်ထားပြီး ပုံမှန်အနေနဲ့အသုံးပြုမှုတွေအတွက် လုံလောက်မှာဖြစ်ပါတယ်။ ဖုန်းနှစ်မျိုးစလုံး SIM 2 Slot ကနေ MicroSD card ထည့်သွင်းအသုံးပြုနိုင်ပါတယ်။

Camera

Xiaomi Mi Max 2 နဲ့ Xiaomi Mi 5X ဖုန်း ၂ မျိုးစလုံးက 12 Megapixels Camera တွေကို အသုံးပြုထားတာပေမယ့် Xiaomi Mi 5X မှာ 12 Megapixels Camera ၂ လုံးပါဝင်တာဖြစ်ပါတယ်။ Mi 5X ရဲ့ Dual Camera စနစ်ဟာ လက်ရှိ Xiaomi ရဲ့ Flagship ဖုန်းဖြစ်တဲ့ Xiaomi Mi 6 နဲ့ တူညီပြီး 2× Optical Zoom Feature အပြင် အခုနောက်ပိုင်း ခေတ်စားလာတဲ့ Portrait Mode တွေပါရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ တဖက်က Mi Max 2 ကတော့ Single 12 Megapixels Camera ပဲ ပါဝင်တဲ့ဆိုပေမယ့် သူလည်း Mi 6 ရဲ့ Camera Sensor ဖြစ်တဲ့ Sony IMX 386 ကို အသုံးပြုထားတဲ့အတွက် ရုပ်ထွက်ကောင်းမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီနေရာမှာတော့ Mi 5X က ကင်မရာပိုင်းမှာ ပိုကောင်းတယ်ဆိုတာတော့ လက်ခံရမှာဖြစ်ပါတယ်။

ဖုန်းနှစ်မျိုးစလုံးရဲ့ Selfie Camera တွေကလည်း 5 Megapixels တူတူပဲဖြစ်ပါတယ်။

Display

Display ပိုင်းမှာတော့ Xiaomi Mi Max 2 ရော Mi 5X ရော IPS LCD Full HD Display တွေကို အသုံးပြုထားကြတာပေမယ့် Screen size အရတော့ များစွာကွာခြားမှာဖြစ်ပါတယ်။ Mi Max 2 မှာ ကြီးမားတဲ့ 6.44″ Display ပါဝင်ပြီး Mi 5X မှာတော့ ပုံမှန်အရွယ်အစားလို့ပြောလို့ရတဲ့ 5.5″ Display ပါဝင်မှာပါ။ နောက်ပြီး ဖုန်းနှစ်မျိုးစလုံးရဲ့ Maximum Brightness ကလည်း 450 Nits နဲ့ တူညီနေပါတယ်။ အဲ့ဒီတော့ ဒီနေရာမှာက ဘယ်သူကပိုသာတယ်ဆိုတာထက် Mi 5X က ပုံမှန် အင်တာနက်သုံး၊ Game ဆော့ဖို့ အတွက်သင့်လျော်ပြီး Mi Max 2 ကတော့ Screen ပိုကြီးတဲ့အတွက် စာဖတ်ဖို့ပဲဖြစ်ဖြစ်၊ ရုပ်ရှင်ကြည့်ဖို့ပဲဖြစ်ဖြစ်၊ Game အတွက်ပဲဖြစ်ဖြစ် ပိုကောင်းမှာပါ။

Battery & Charging

Battery မှာတော့ Mi Max 2 ရဲ့ 5300mAh Battery က အသာရရှိပြီးတော့ Mi 5X ကလည်း ပုံမှန် 3080mAh Battery ပါဝင်တယ်ဆိုပေမယ့် Mi Max 2 လောက်တော့ အသုံးခံမှာမဟုတ်ပဲ တစ်ရက်တစ်ခါ ပြန်အားသွင်းနေရမှာဖြစ်ပါတယ်။

Charging ပိုင်းအနေနဲ့လည်း Mi Max 2 မှာ Quick Charge 3.0 ပါဝင်ပြီးတော့ Mi 5X ရဲ့ Fast Charging ထက် ပိုမြန်တယ်လို့ပြောလို့ရပေမယ့် Mi Max 2 မှာ Battery Capacity ပိုများတဲ့အတွက် Mi 5X ရဲ့ အားသွင်းချိန်က ပိုပြီးမြန်ဆန်မှာဖြစ်ပါတယ်။

Others

အခြားအချက်တွေအနေနဲ့ကတော့ Mi Max 2 က Mi 5X ထက် အနည်းငယ်ပိုသာတဲ့အချက်တွေရှိပြီး အဲ့ဒါတွေကတော့ NFC ပါဝင်တာနဲ့ Stereo Speaker ပါဝင်တာပဲဖြစ်ပါတယ်။ ဖုန်းနှစ်မျိုးစလုံးက USB Type C Port တွေကို အသုံးပြုပေးထားတာဖြစ်ပါတယ်။ Network အနေနဲ့လည်း Dual SIM ကို Support ပြုလုပ်ပြီး Dual 3G ရမှာပါ။

Xiaomi Mi 5X မှာတော့ DHS Audio Calibration Algorithm နဲ့ Standalone Audio Amplifier ပါဝင်လာတဲ့အတွက်ကြောင့် Audio Quality ပါတော့ Mi Max 2 ထက်ပိုကောင်းမယ်လို့ ခန့််မှန်းရပါတယ်။

နောက်တစ်ခုက Mi 5X ဟာ ပထမဆုံး MIUI 9 နဲ့ ထွက်ရှိလာတဲ့ဖုန်းဖြစ်ပြီး Mi Max 2 ကတော့ MIUI 9 ကို ရရှိဖို့အတွက် အနည်းငယ်စောင့်ရဦးမှာဖြစ်ပါတယ်။ Android Version အနေနဲ့ကတော့ ဖုန်းနှစ်မျိုးစလုံးက Android Version 7.1.1 ကို အသုံးပြုထားတာဖြစ်ပါတယ်။

Conclusion

အခုဒီ Xiaomi ရဲ့ Mi Max 2 နဲ့ Mi 5X ဖုန်းနှစ်မျိုးစလုံးက Performance တူတူလောက်ပဲလို့ပြောလို့ရပေမယ့် အခြားအချက်တွေမှာ မတူညီတဲ့ ဈေးကွက်ကို ရည်ရွယ်ထားတဲ့ဖုန်းတွေပဲဖြစ်ပါတယ်။

တကယ်လို့သင်က ဖုန်းကို အင်တာနက်သုံးမယ်၊ ကင်မရာကောင်းကောင်းရိုက်မယ်၊အပြင်ပန်း Design အရ ပိုပြီး Smart ကျတာကို လိုချင်တယ်ဆိုရင်တော့ Xiaomi Mi 5X က သင့်အတွက်ဖြစ်မှာပါ။

တကယ်လို့ သင်က ကင်မရာထက် ဖုန်းနဲ့ ရုပ်ရှင်ကြည့်ရတာ ဝါသနာပါတဲ့သူဆိုရင်တော့ Mi Max 2 ရဲ့ ကြီးမားတဲ့ Screen နဲ့ Stereo Speakers က သင့်အတွက်ဖြစ်မှာပါ။

ဘယ်ဖုန်းပဲရွေးရွေး လက်ရှိဒီဈေးဝန်းကျင်မှာတော့ Xiaomi Mi Max 2 နဲ့ Mi 5X Smartphone တွေက ပေးရတဲ့ဈေးနဲ့အတန်ဆုံးဖုန်းတွေလို့ပြောလို့ရတဲ့အတွက် ကိုယ့်အတွက်အဆင်ပြေဆုံးဖုန်းကို ဒီ Article ကနေ တစ်ဆင့်ရွေးချယ်နိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။