Zawgyi Font Version

Xiaomi ဟာ ကမၻာတစ္ဝွမ္းမွာ Smartphone ေတြေရာင္းခ်လ်က္ရွိျပီး တရုတ္ျပည္တြင္း Version နဲ႔ Global Version ဆိုျပီး ႏွစ္မ်ိဳးႏွစ္စားခြဲထားပါတယ္။ ႏိုင္ငံတကာကိုေတာ့ Global Version ေတြပဲတရားဝင္ေရာင္းခ်ေပမယ့္ တရုတ္ျပည္တြင္းအလံုးေတြကိုလည္း ႏိုင္ငံတကာေစ်းကြက္မွာေတြ႔ရွိႏိုင္ပါတယ္။

မ်ားေသာအားျဖင့္ တရုတ္ျပည္တြင္းအလံုးေတြဟာ Global အလံုးေတြထက္ ေစ်းသက္သာျပီး Warranty ေတာ့မပါပါဘူး။ ျပည္တြင္းက Xiaomi ပရိတ္သက္ေတြလည္းအဲ့အခ်က္ေလးကိုသိၾကမွာပါ။ Global အလံုးေတြက China အလံုးေတြထက္ ႏွစ္ေသာင္းခြဲေလာက္ထိ Model အလိုက္ေစ်းကြာတာကို ေတြ႔ရပါတယ္။

ကြာျခားခ်က္အေနနဲ႔ကေတာ့ တရုတ္ျပည္တြင္းမွာ Google Service မရတဲ့အတြက္ China အလံုးေတြမွာ Google Service တရားဝင္မပါတာကိုေတြ႔ရပါတယ္။ မၾကာခင္ ဇြန္လေလာက္က ထြက္ရွိထားတဲ့ Mi Max 3 ဟာဆိုရင္ Global Version မေရာင္းခ်ေသးပဲ China မွာပဲေရာင္းခ်ေသးပါတယ္။ ဒါေပမယ့္ ႏိုင္ငံတကာေစ်းကြက္မွာ Mi Max 3 China အလံုးေတြေတာ္ေတာ္မ်ားမ်ားဝယ္လို႔ရေနပါျပီ။ ျပည္တြင္းမွာလည္းေရာင္းခ်ေနခဲ့ျပီး Google Service အခ်ိဳ႕ေတာ့ Error ေလးေတြပါတာ ေတြ႔ရပါတယ္။

အခုဆိုရင္ Xiaomi က Mi Max 3 အတြက္ Global MIUI Beta ထုတ္ေပးလိုက္ပါျပီ။ Xiaomi ရဲ႕ အားသာခ်က္က Global အလံုးကို ကို China MIUI သြင္းခ်င္ရင္ပဲ ျဖစ္ျဖစ္ China အလံုးကို Global MIUI သြင္းခ်င္ရင္ပဲ ျဖစ္ျဖစ္ Bootloader Unlock လုပ္ျပီးရင္ သြင္းလို႔ရပါျပီ။ ဒါက Mi Max 3 China User ေတြအတြက္ သတင္းေကာင္းပါပဲ။

Bootloader Unlock လုပ္တာက Warranty ပ်က္ေပမယ့္ China အလံုးေတြမွာ Official Warranty မပါတဲ့အတြက္ Bootloader Unlock လုပ္တာ ျပႆနာေတာ့မရွိပါဘူး။ Beta အဆင့္ပဲရွိေသးတဲ့အတြက္ Stable Version ေတြေလာက္ေတာ့ မတည္ျငိမ္ေလာက္ေသးပါဘူး။ ဒါေပမယ့္ MIUI Beta ေတြဟာ သာမာန္ သံုးစြဲသူေတြအတြက္ကေတာ့ အဆင္ေျပမွာပါ။

Beta Version ထြက္လာျပီျဖစ္တဲ့အတြက္ မၾကာခင္မွာ Stable ထြက္လာေတာ့မွာပါ။ Mi Max 3 အတြက္ Global MIUI ထြက္လာျပီျဖစ္လို႔ မၾကာခင္မွာ Official Mi Max 3 Global အလံုးေတြဝယ္ယူရရွိႏိုင္ေတာ့မွာပါ။

Bootloader လုပ္ျပီး Global MIUI သြင္းတဲ့ China အလံုးေတြကေတာ့ MIUI Update ေပးတဲ့အခါ OTA လို႔ေခၚတဲ့ Over the Air Update ေသးေသးေလးေတြမရႏိုင္ေတာ့ပဲ Update လုပ္ခ်င္ရင္ 2GB နီးနီးပမာဏရွိတဲ့ Update Software ေတြကို MIUI Official Site မွာသြားေဒါင္းရမွာမို႔ Data ဖိုးေတာ့ေတာ္ေတာ္ကုန္ပါလိမ့္မယ္။

Mi Max 3 ဝယ္ထားျပီးတဲ့ သူေတြလည္း Global MIUI သြင္းခ်င္ရင္ၾကိဳျပီး Unlock လုပ္ထားၾကပါ ခင္ဗ်ာ။ Mi Max 3 ဝယ္ဖို႔စဥ္းစားေနတယ္ဆိုရင္လည္း Global Version ေစာင့္မလား China အလံုးပဲဝယ္ျပီး Bootloader Unlock လုပ္သံုးမလားဆိုတာေတာ့ စဥ္းစားၾကပါ။ Google Service ေတြအေပၚမွီခိုေနရတဲ့ ျမန္မာႏိုင္ငံအေနနဲ႔ေတာ့ Global MIUI က အမ်ားၾကီးပိုအဆင္ေျပပါတယ္။

Unicode Version

Xiaomi ဟာ ကမ္ဘာတစ်ဝှမ်းမှာ Smartphone တွေရောင်းချလျက်ရှိပြီး တရုတ်ပြည်တွင်း Version နဲ့ Global Version ဆိုပြီး နှစ်မျိုးနှစ်စားခွဲထားပါတယ်။ နိုင်ငံတကာကိုတော့ Global Version တွေပဲတရားဝင်ရောင်းချပေမယ့် တရုတ်ပြည်တွင်းအလုံးတွေကိုလည်း နိုင်ငံတကာဈေးကွက်မှာတွေ့ရှိနိုင်ပါတယ်။

များသောအားဖြင့် တရုတ်ပြည်တွင်းအလုံးတွေဟာ Global အလုံးတွေထက် ဈေးသက်သာပြီး Warranty တော့မပါပါဘူး။ ပြည်တွင်းက Xiaomi ပရိတ်သက်တွေလည်းအဲ့အချက်လေးကိုသိကြမှာပါ။ Global အလုံးတွေက China အလုံးတွေထက် နှစ်သောင်းခွဲလောက်ထိ Model အလိုက်ဈေးကွာတာကို တွေ့ရပါတယ်။

ကွာခြားချက်အနေနဲ့ကတော့ တရုတ်ပြည်တွင်းမှာ Google Service မရတဲ့အတွက် China အလုံးတွေမှာ Google Service တရားဝင်မပါတာကိုတွေ့ရပါတယ်။ မကြာခင် ဂျွန်လလောက်က ထွက်ရှိထားတဲ့ Mi Max 3 ဟာဆိုရင် Global Version မရောင်းချသေးပဲ China မှာပဲရောင်းချသေးပါတယ်။ ဒါပေမယ့် နိုင်ငံတကာဈေးကွက်မှာ Mi Max 3 China အလုံးတွေတော်တော်များများဝယ်လို့ရနေပါပြီ။ ပြည်တွင်းမှာလည်းရောင်းချနေခဲ့ပြီး Google Service အချို့တော့ Error လေးတွေပါတာ တွေ့ရပါတယ်။

အခုဆိုရင် Xiaomi က Mi Max 3 အတွက် Global MIUI Beta ထုတ်ပေးလိုက်ပါပြီ။ Xiaomi ရဲ့ အားသာချက်က Global အလုံးကို ကို China MIUI သွင်းချင်ရင်ပဲ ဖြစ်ဖြစ် China အလုံးကို Global MIUI သွင်းချင်ရင်ပဲ ဖြစ်ဖြစ် Bootloader Unlock လုပ်ပြီးရင် သွင်းလို့ရပါပြီ။ ဒါက Mi Max 3 China User တွေအတွက် သတင်းကောင်းပါပဲ။

Bootloader Unlock လုပ်တာက Warranty ပျက်ပေမယ့် China အလုံးတွေမှာ Official Warranty မပါတဲ့အတွက် Bootloader Unlock လုပ်တာ ပြဿနာတော့မရှိပါဘူး။ Beta အဆင့်ပဲရှိသေးတဲ့အတွက် Stable Version တွေလောက်တော့ မတည်ငြိမ်လောက်သေးပါဘူး။ ဒါပေမယ့် MIUI Beta တွေဟာ သာမာန် သုံးစွဲသူတွေအတွက်ကတော့ အဆင်ပြေမှာပါ။

Beta Version ထွက်လာပြီဖြစ်တဲ့အတွက် မကြာခင်မှာ Stable ထွက်လာတော့မှာပါ။ Mi Max 3 အတွက် Global MIUI ထွက်လာပြီဖြစ်လို့ မကြာခင်မှာ Official Mi Max 3 Global အလုံးတွေဝယ်ယူရရှိနိုင်တော့မှာပါ။

Bootloader လုပ်ပြီး Global MIUI သွင်းတဲ့ China အလုံးတွေကတော့ MIUI Update ပေးတဲ့အခါ OTA လို့ခေါ်တဲ့ Over the Air Update သေးသေးလေးတွေမရနိုင်တော့ပဲ Update လုပ်ချင်ရင် 2GB နီးနီးပမာဏရှိတဲ့ Update Software တွေကို MIUI Official Site မှာသွားဒေါင်းရမှာမို့ Data ဖိုးတော့တော်တော်ကုန်ပါလိမ့်မယ်။

Mi Max 3 ဝယ်ထားပြီးတဲ့ သူတွေလည်း Global MIUI သွင်းချင်ရင်ကြိုပြီး Unlock လုပ်ထားကြပါ ခင်ဗျာ။ Mi Max 3 ဝယ်ဖို့စဉ်းစားနေတယ်ဆိုရင်လည်း Global Version စောင့်မလား China အလုံးပဲဝယ်ပြီး Bootloader Unlock လုပ်သုံးမလားဆိုတာတော့ စဉ်းစားကြပါ။ Google Service တွေအပေါ်မှီခိုနေရတဲ့ မြန်မာနိုင်ငံအနေနဲ့တော့ Global MIUI က အများကြီးပိုအဆင်ပြေပါတယ်။