Zawgyi

စမတ္ဖုန္းေလာက စတင္ေခတ္စားလာတာနဲ႕ ဖုန္းမ်က္ႏွာျပင္ေဘးပတ္လည္က ေဘာင္ေတြကို အၿပိဳင္အဆိုင္ ေသးလာေအာင္ႀကိဳးစားခဲ့ၾကပါတယ္။ ၂၀၁၇ ေလာက္အေရာက္မွာေတာ့ ဖုန္းမ်က္ႏွာျပင္ရဲ႕ေဘးဘက္ေဘာင္ေတြဟာ လုံးဝမရွိသေလာက္ကို ေသးလာခဲ့ပါတယ္။ ဖုန္းသုံးစြဲသူေတြေတြက အားမရေသးပဲ အေပၚေအာက္ ေဘာင္ေတြကိုပါ ေသးေကြးေစခ်င္လာတဲ့အခါ ဖုန္းထုတ္လုပ္သူေတြက Full View အခ်ိဳးအစားနဲ႕ ဖုန္းေတြထပ္ထုတ္လာခဲ့ၾကပါတယ္။

iPhone စေပၚလာၿပီးတဲ့အခ်ိန္မွာေတာ့ Notch ဆိုတဲ့အရာဟာ Flagship ဖုန္းေတာ္ေတာ္မ်ားမ်ားမွာေတြ႕လာရတဲ့အရာတစ္ခုျဖစ္ခဲ့ပါတယ္။ အခုေတာ့ ေခတ္စားေနတာကေတာ့ Punch Hole Display လို႔ေခၚတဲ့ မ်က္ႏွာျပင္မွာ Selfie Camera အေပါက္နဲ႕ Nova 4 လိုဖုန္းေတြပါ။ Notch နဲ႕ Punch Hole ဖုန္းေတြၾကားက မ်က္ႏွာျပင္အျပည့္ေျဖရွင္းခ်က္ကေတာ့ Slider လို႔ေခၚတဲ့ ေခတ္ေဟာင္းနည္းပညာကိုျပန္လည္ဆန္းသစ္ထားတဲ့ နည္းပညာပါပဲ။

Slider ဖုန္းလို႔ေျပာလိုက္ရင္ Mi Mix 3 နဲ႕ Honor Magic 2 ပါပဲ။ အခုေျပာျပမယ့္ သတင္းကေတာ့ Mi Mix 3 ကို Global Version လိုခ်င္ေနတဲ့သူေတြအတြက္ ဝမ္းသာစရာပါပဲ။ Slider နဲ႕အတူ DXO Mark ရလဒ္ ခပ္ၾကမ္းၾကမ္းနဲ႕ Mi Mix 3 ကို ယူေက မွာစတင္ မိတ္ဆက္ေတာ့မွာပါ။ Mi Mix 3 ရဲ႕ Global Version ကိုစတင္မိတ္ဆက္တာျဖစ္လို႔ China အလုံးကို Global ေျပာင္းခ်င္တဲ့သူေတြအတြက္လည္း Global MIUI ထြက္လာမွာျဖစ္သလို Global အလုံးစစ္စစ္လိုခ်င္တဲ့သူေတြအတြက္လည္း ျပည္တြင္းကိုမၾကာခ်င္ ဝင္လာနိုင္တာမို႔ ဝမ္းသာစရာပါပဲ။ အဆိုပါ သတင္းဟာ နည္းပညာ ဝက္ဘ္ဆိုက္ျဖစ္တဲ့ Techrader ကထြက္ေပၚလာတာျဖစ္ၿပီး ဘယ္အခ်ိန္မိတ္ဆက္မလဲဆိုတာေတာ့ အတိအက်မသိရေသးပါဘူး။

ဒါေပမယ့္လည္း ၂၀၁၉ အေစာပိုင္းလို႔ေျပာတဲ့အတြက္ ေဖေဖာ္ဝါရီ နဲ႕ မတ္လ မွာစတင္မိတ္ဆက္နိုင္ပါတယ္။ ေစ်းႏႈန္းနဲ႕ ရရွိနိုင္တဲ့ RAM ပမာဏေတြကိုလည္းမသိရေသးပါဘူး။ ဒါေပမယ့္လည္း သတင္းပါက္ၾကားခ်က္ေတြအရေတာ့ Spec အနိမ့္ဆုံး ေမာ္ဒယ္ဟာ ျမန္မာေငြ ခုႏွစ္သိန္းခြဲဝန္းက်င္ရွိနိုင္ပါတယ္။ ရရွိနိုင္တဲ့အေရာင္ေတြကေတာ့ Onyx လို႔ေခၚတဲ့ အနက္ေရာင္တစ္မ်ိဳးနဲ႕ Sapphire Blue လို႔ေခၚတဲ့ အျပာေရာင္ ဆိုၿပီး ႏွစ္မ်ိဳးရရွိနိုင္ပါတယ္။

Mi Mix 3 နဲ႕ပက္သက္ၿပီး ထူးျခားခ်က္ေတြကေတာ့ ေျခာက္လက္မခြဲနီးပါး ေဘာင္လုံးဝမပါဝင္တဲ့ မ်က္ႏွာျပင္နဲ႕ Slider ထဲထည့္ျမဳပ္ထားတဲ့ Selfie ကင္မရာေတြပါ။ စြမ္းေဆာင္ရည္ပိုင္းကေတာ့ ၂၀၁၈ ရဲ႕ Flagship SoC ျဖစ္တဲ့ Snapdragon 845 ကိုအသုံးျပဳေပးထားပါတယ္။ ကင္မရာပိုင္းမွာလည္း ထိပ္တန္းအရည္အေသြးမ်ိဳး ေပးစြမ္းနိုင္ပါေသးတယ္။

Ref: XDA

Unicode

စမတ်ဖုန်းလောက စတင်ခေတ်စားလာတာနဲ့ ဖုန်းမျက်နှာပြင်ဘေးပတ်လည်က ဘောင်တွေကို အပြိုင်အဆိုင် သေးလာအောင်ကြိုးစားခဲ့ကြပါတယ်။ ၂၀၁၇ လောက်အရောက်မှာတော့ ဖုန်းမျက်နှာပြင်ရဲ့ဘေးဘက်ဘောင်တွေဟာ လုံးဝမရှိသလောက်ကို သေးလာခဲ့ပါတယ်။ ဖုန်းသုံးစွဲသူတွေတွေက အားမရသေးပဲ အပေါ်အောက် ဘောင်တွေကိုပါ သေးကွေးစေချင်လာတဲ့အခါ ဖုန်းထုတ်လုပ်သူတွေက Full View အချိုးအစားနဲ့ ဖုန်းတွေထပ်ထုတ်လာခဲ့ကြပါတယ်။

iPhone စပေါ်လာပြီးတဲ့အချိန်မှာတော့ Notch ဆိုတဲ့အရာဟာ Flagship ဖုန်းတော်တော်များများမှာတွေ့လာရတဲ့အရာတစ်ခုဖြစ်ခဲ့ပါတယ်။ အခုတော့ ခေတ်စားနေတာကတော့ Punch Hole Display လို့ခေါ်တဲ့ မျက်နှာပြင်မှာ Selfie Camera အပေါက်နဲ့ Nova 4 လိုဖုန်းတွေပါ။ Notch နဲ့ Punch Hole ဖုန်းတွေကြားက မျက်နှာပြင်အပြည့်ဖြေရှင်းချက်ကတော့ Slider လို့ခေါ်တဲ့ ခေတ်ဟောင်းနည်းပညာကိုပြန်လည်ဆန်းသစ်ထားတဲ့ နည်းပညာပါပဲ။

Slider ဖုန်းလို့ပြောလိုက်ရင် Mi Mix 3 နဲ့ Honor Magic 2 ပါပဲ။ အခုပြောပြမယ့် သတင်းကတော့ Mi Mix 3 ကို Global Version လိုချင်နေတဲ့သူတွေအတွက် ဝမ်းသာစရာပါပဲ။ Slider နဲ့အတူ DXO Mark ရလဒ် ခပ်ကြမ်းကြမ်းနဲ့ Mi Mix 3 ကို ယူကေ မှာစတင် မိတ်ဆက်တော့မှာပါ။ Mi Mix 3 ရဲ့ Global Version ကိုစတင်မိတ်ဆက်တာဖြစ်လို့ China အလုံးကို Global ပြောင်းချင်တဲ့သူတွေအတွက်လည်း Global MIUI ထွက်လာမှာဖြစ်သလို Global အလုံးစစ်စစ်လိုချင်တဲ့သူတွေအတွက်လည်း ပြည်တွင်းကိုမကြာချင် ဝင်လာနိုင်တာမို့ ဝမ်းသာစရာပါပဲ။ အဆိုပါ သတင်းဟာ နည်းပညာ ဝက်ဘ်ဆိုက်ဖြစ်တဲ့ Techrader ကထွက်ပေါ်လာတာဖြစ်ပြီး ဘယ်အချိန်မိတ်ဆက်မလဲဆိုတာတော့ အတိအကျမသိရသေးပါဘူး။

ဒါပေမယ့်လည်း ၂၀၁၉ အစောပိုင်းလို့ပြောတဲ့အတွက် ဖေဖော်ဝါရီ နဲ့ မတ်လ မှာစတင်မိတ်ဆက်နိုင်ပါတယ်။ စျေးနှုန်းနဲ့ ရရှိနိုင်တဲ့ RAM ပမာဏတွေကိုလည်းမသိရသေးပါဘူး။ ဒါပေမယ့်လည်း သတင်းပါက်ကြားချက်တွေအရတော့ Spec အနိမ့်ဆုံး မော်ဒယ်ဟာ မြန်မာငွေ ခုနှစ်သိန်းခွဲဝန်းကျင်ရှိနိုင်ပါတယ်။ ရရှိနိုင်တဲ့အရောင်တွေကတော့ Onyx လို့ခေါ်တဲ့ အနက်ရောင်တစ်မျိုးနဲ့ Sapphire Blue လို့ခေါ်တဲ့ အပြာရောင် ဆိုပြီး နှစ်မျိုးရရှိနိုင်ပါတယ်။

Mi Mix 3 နဲ့ပက်သက်ပြီး ထူးခြားချက်တွေကတော့ ခြောက်လက်မခွဲနီးပါး ဘောင်လုံးဝမပါဝင်တဲ့ မျက်နှာပြင်နဲ့ Slider ထဲထည့်မြုပ်ထားတဲ့ Selfie ကင်မရာတွေပါ။ စွမ်းဆောင်ရည်ပိုင်းကတော့ ၂၀၁၈ ရဲ့ Flagship SoC ဖြစ်တဲ့ Snapdragon 845 ကိုအသုံးပြုပေးထားပါတယ်။ ကင်မရာပိုင်းမှာလည်း ထိပ်တန်းအရည်အသွေးမျိုး ပေးစွမ်းနိုင်ပါသေးတယ်။

Ref: XDA