[Zawgyi]

တရုတ္အေျခစုိက္ထုတ္လုပ္သူ Xiaomi ရဲ႕ Mi Mix 3 စမတ္ဖုန္းကို ၿပီးခဲ့တဲ့ ၂၀၁၈ ခုႏွစ္ ေအာက္တိုဘာက မိတ္ဆက္ခဲ့ၿပီး အနက္ေရာင္၊ Jade Green နဲ႔ Sapphire Blue ဆုိၿပီး ကာလာသုံးမ်ဳိးနဲ႔ေၾကျငာခဲ့တာပါ။ ဒါေပမယ့္ ႏုိဝင္ဘာ ၁ ရက္ေန႔က စတင္ၿပီး တရုတ္ျပည္တြင္းေစ်းကြက္က စေရာင္းခ်ေနတဲ့ ဖုန္းဟာ တကယ္တမ္းမွာ အနက္ေရာင္တစ္မ်ဳိးတည္းသာ ရရွိပါေသးတယ္။ သူ႕အျပင္ Forbidden City ဆုိတဲ့ Limited Edition ေမာ္ဒယ္ပဲ ရွိပါတယ္။

အခုေတာ့ တရုတ္ျပည္တြင္းက Xiaomi ရဲ႕အြန္လိုင္းစတုိးမွာ Sapphire Blue ေမာ္ဒယ္ကို In-stock ျပသလာၿပီျဖစ္ကာ ဝယ္ယူလို႔ရႏုိင္ပါၿပီ။ Sapphire Blue ကာလာနဲ႔ Mi Mix 3 ဟန္းဆက္ကို 8GB RAM / 128GB Storage ဗားရွင္းတစ္မ်ဳိးပဲ ရရွိႏုိင္ေသးကာ တရုတ္ယြမ္ေငြ 3,600 (ျမန္မာေငြရွစ္သိန္းဝန္းက်င္) ေစ်းႏႈန္း သတ္မွတ္ထားတာကို ေတြ႕ရပါတယ္။

အျခားေမာ္ဒယ္ေတြျဖစ္တဲ့ 6GB / 128GB နဲ႔ 8GB / 256GB ဗားရွင္းေတြမွာေတာ့ အားလုံး အနက္ေရာင္ တစ္မ်ဳိးတည္းသာ အခုထိရရွိႏုိင္ပါေသးတယ္။ ဒါ့အျပင္ Jade Green Mi Mix 3 ဟန္းဆက္ေတြ ဘယ္ေတာ့ စတင္ဝယ္ယူႏုိင္မယ္ ဆုိတာကိုလည္း မသိရေသးပါဘူး။ ေလာေလာဆယ္မွာ Mi Mix 3 ဟန္းဆက္ေတြကို ႏုိင္ငံတကာေစ်းကြက္သုိ႔ ဘယ္အခ်ိန္မွာ ျဖန္႔ခ်ိလာမယ္ဆုိတာကိုလည္း သတင္းမၾကားရေသးပါ။

Ref – GSM Arena

[Unicode]

တရုတ်အခြေစိုက်ထုတ်လုပ်သူ Xiaomi ရဲ့ Mi Mix 3 စမတ်ဖုန်းကို ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် အောက်တိုဘာက မိတ်ဆက်ခဲ့ပြီး အနက်ရောင်၊ Jade Green နဲ့ Sapphire Blue ဆိုပြီး ကာလာသုံးမျိုးနဲ့ကြေငြာခဲ့တာပါ။ ဒါပေမယ့် နိုဝင်ဘာ ၁ ရက်နေ့က စတင်ပြီး တရုတ်ပြည်တွင်းဈေးကွက်က စရောင်းချနေတဲ့ ဖုန်းဟာ တကယ်တမ်းမှာ အနက်ရောင်တစ်မျိုးတည်းသာ ရရှိပါသေးတယ်။ သူ့အပြင် Forbidden City ဆိုတဲ့ Limited Edition မော်ဒယ်ပဲ ရှိပါတယ်။

အခုတော့ တရုတ်ပြည်တွင်းက Xiaomi ရဲ့အွန်လိုင်းစတိုးမှာ Sapphire Blue မော်ဒယ်ကို In-stock ပြသလာပြီဖြစ်ကာ ဝယ်ယူလို့ရနိုင်ပါပြီ။ Sapphire Blue ကာလာနဲ့ Mi Mix 3 ဟန်းဆက်ကို 8GB RAM / 128GB Storage ဗားရှင်းတစ်မျိုးပဲ ရရှိနိုင်သေးကာ တရုတ်ယွမ်ငွေ 3,600 (မြန်မာငွေရှစ်သိန်းဝန်းကျင်) ဈေးနှုန်း သတ်မှတ်ထားတာကို တွေ့ရပါတယ်။

အခြားမော်ဒယ်တွေဖြစ်တဲ့ 6GB / 128GB နဲ့ 8GB / 256GB ဗားရှင်းတွေမှာတော့ အားလုံး အနက်ရောင် တစ်မျိုးတည်းသာ အခုထိရရှိနိုင်ပါသေးတယ်။ ဒါ့အပြင် Jade Green Mi Mix 3 ဟန်းဆက်တွေ ဘယ်တော့ စတင်ဝယ်ယူနိုင်မယ် ဆိုတာကိုလည်း မသိရသေးပါဘူး။ လောလောဆယ်မှာ Mi Mix 3 ဟန်းဆက်တွေကို နိုင်ငံတကာဈေးကွက်သို့ ဘယ်အချိန်မှာ ဖြန့်ချိလာမယ်ဆိုတာကိုလည်း သတင်းမကြားရသေးပါ။

Ref – GSM Arena