Xiaomi ကနေ Mi Pad 4 Tablet ကို တရားဝင်ထုတ်ပြန်လိုက်တာ အချိန်မကြာသေးပါဘူး။ အဆိုပါ Mi Pad 4 ဟာ အရွယ်အစားအနေနဲ့ 8″ ပဲရှိတဲ့အတွက် Tablet တစ်ခုအနေနဲ့ ဆိုရင် သေးငယ်နေသေးတယ်လို့တောင်ပြောလို့ရပါတယ်။

အဲ့ဒီအတွက် အခုအချိန်မှာ Xiaomi ကနေ Mi Pad 4 ကို Screen အကြီးနဲ့ လိုချင်တဲ့သူတွေအတွက် Mi Pad 4 Plus Version ကို ထပ်မံကြေညာလိုက်ပြီဖြစ်ပါတယ်။ အဆိုပါ Mi Pad 4 Plus ဟာ 10.1″ Screen Display ကို ထည့်သွင်းပေးလိုက်ပြီးတော့ Resolution အနေနဲ့ 1920 × 1200 Pixels နဲ့ Aspect Ratio က 16:10 Ratio ရှိမှာဖြစ်ပါတယ်။ အခုလိုမျိုး အရွယ်အစားကြီးမားသွားတဲ့အတွက် 485g အထိ ရှိမှာဖြစ်ပါတယ်။

Processor ပိုင်းအနေနဲ့ကတော့ ပြောင်းလဲမှုမရှိဘဲ Qualcomm Snapdragon 660 Processor ၊ RAM 4GB ကိုမှ 64GB နဲ့ 128GB ဆိုပြီး Internal Storage ပါဝင်မှာဖြစ်ပါတယ်။ Battery အနေနဲ့တော့ 8620mAh က ဘယ်လိုအသုံးပြုမှုမျိုးကိုမဆိုး အဆင်ပြေနေမှာဖြစ်ပြီးတော့ Fast Charging အနေနဲ့ကတော့ Quick Charge နည်းပညာမဟုတ်ပဲ 10W Charging ကိုပဲ Support ပြုလုပ်မှာဖြစ်ပါတယ်။

အခု Mi Pad 4 Plus ဟာ ကင်မရာအနေနဲ့လည်း Mi Pad 4 နဲ့ တူညီပြီးတော့ 13MP Back Camera နဲ့အတူ 5MP Selfie Camera ပါဝင်ဦးမှာဖြစ်ပါတယ်။ Mi Pad 4 လိုမျိုးပဲ Wi-Fi အပြင် 4G LTE Version ကိုပါ အသုံးပြုနိုင်တဲ့ Version တစ်မျိုးတည်းပဲရောင်းချမှာဖြစ်သလို ဈေးနှုန်းအနေနဲ့ကတော့ 64GB Version ကို ၂၇၆ ဒေါ်လာ နဲ့ 128GB Version ကိုတော့ ၃၀၅ ဒေါ်လာပဲ ရောင်းချဦးမှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် Mi Pad 4 ကို ပိုကြီးတဲ့ Screen Size နဲ့ လိုချင်တဲ့သူတွေအတွက်ကတော့ အခု Mi Pad 4 Plus က အားရစရာဖြစ်နေမှာပါ။