Xiaomi ကနေ Mi Pad 4 Tablet အသစ်တစ်ခုကို လာမယ့် ဇွန်လ ၂၅ ရက်စမတ်ဖုန်းမှာ ထုတ်လုပ်တော့မှာပဲဖြစ်ပါတယ်။ အခုအချိန်မှာတော့ Xiaomi ကနေ Mi Pad 4 မှာ ပါလာမယ့် Features အချို့ကို ဖော်ပြလိုက်ပါတယ်။

Xiaomi Mi Pad 4 မှာဆိုရင် အဓိကအနေနဲ့ Snapdragon 660 Processor ပါလာမှာဖြစ်ပြီးတော့ အခုလောလောဆယ်မှာ တော်တော်လေးကို ကောင်းမွန်တဲ့အထဲမှာပါတယ်လို့ ပြောလို့ရပါတယ်။ RAM အနေနဲ့ကတော့ 4GB ပါဝင်ပြီးတော့ Storage က 64GB ကနေ စတင်မယ်လို့ သိရပါတယ်။

Mi Pad 4 Tablet ဟာ ဆိုရင် Face Unlock စနစ်ကို အရင်ဆုံးအသုံးပြုလာတာဖြစ်ပြီးတော့ 3D Face ID လိုတော့မဟုတ်ပေမယ့် တော်တော်လေးကို အဆင်ပြေလာမယ်လို့ ပြောလို့ရပါတယ်။

Camera ပိုင်းအနေနဲ့လည်း 13MP Back Camera နဲ့ 5MP Front Camera ပါဝင်မှာဖြစ်ပြီးတော့ Battery အနေနဲ့တော့ 6000mAh Battery ပါဝင်မှာပါ။ ဈေးနှုးအနေနဲ့တော့ Mi Pad 4 က ဒေါ်လာ ၂၃၀ ဝန်းကျင်ကနေ စတင်မယ်လို့ သိရပါတယ်