Xiaomi ဟာသူ့ရဲ့ Mi Pad 4 Tablet ကို Redmi 6 Pro နဲ့အတူ တစ်ပြိုင်တည်းကြေညာခဲ့ပါတယ်။ Mi Pad 3 ပြီးကတည်းက စောင့်မျှော်ခဲ့ရတဲ့ Mi Pad 4 ဟာ Mi Pad 3 ထက် သက်သာတဲ့ဈေးနှုန်းနဲ့ ပရိတ်သတ်ရှေ့ကို ရောက်ရှိလာခဲ့ပါပြီ။

Source: androidauthority.com 

Snapdragon 660 Chipset ကိုသုံးထားတဲ့ Mi Pad 4 ဟာ 6000mAh Battery နဲ့ 8-inch 1920 x 1200 Display (16:10 Ratio) ကိုသုံးထားပါတယ်။ Processor ပိုင်းအရတော့ Mi Pad 3 ထက်ပိုကောင်းသွားပေမယ့် Mi Pad 3 ဟာ 6600 mAh Battery နဲ့ 2048 x 1536 Display ကိုသုံးထားပါတယ်။ 3GB RAM/ 32GB Storage Version ကို $168 နဲ့ စတင်ရောင်းချနေပြီး RAM 4GB/ 64GB Storage Version ကိုတော့ $214 နဲ့ စတင်ရောင်းချနေပါတယ်။

Source: androidauthority.com

 

Bluetooth 5.0 နဲ့ 3.5mm Headphone Jack လည်းပါဝင်တဲ့ အပြင် ပိုထူးခြားတာကတော့ Facial Recognition ပါ ပါဝင်လာတာပါ။ Mi Pad 3 နဲ့ယှဉ်ရင် အားသာချက်အားနည်းချက်တွေ ရှိပေမယ့် Mi Pad 4 က ပိုပြီး ဈေးသက်သာတယ် ဆိုတော့ Mi Pad 4 ကတော့ လူကြိုက်များဦးမှာ အသေအချာပါပဲ။