[Zawgyi]
Xiaomi ဟာ 20,000mAh ဘက်ထရီနဲ့ Mi Power Bank 3 Pro ကို တရုတ်နိုင်ငံတွင်းမှာ မိတ်ဆက်ကြေညာလိုက်ပါတယ်။ ဒီ Power Bank ရဲ့ ကောင်းမွန်တဲ့အချက်က လုံလောက်တဲ့ ဘက်ထရီပမာဏ ရှိနေခြင်းအပြင် 45W Dual Fast Charging စနစ် ပါဝင်တာပဲ ဖြစ်ပါတယ်။
Mi Power Bank 3 Pro ဟာ စုစုပေါင်း Port သုံးခုပါဝင်ပါတယ်။ Mi Power Bank 2 Pro တုန်းကတော့ 10,000mAh ဘက်ထရီနဲ့ Port ၂ ခုပဲ ပါဝင်ခဲ့တာပါ။ ဒါကြောင့် အခုအသစ်ထွက်လာတဲ့ Mi Power Bank 3 Pro ကို Flagship လို့ သတ်မှတ်ရမှာဖြစ်ပါတယ်။
Mi Power Bank 3 Pro ကို သာမန် 10W Charger နဲ့ အားသွင်းမယ်ဆိုရင်တော့ အားအပြည့်ဝင်ဖို့ ၁၁ နာရီကြာမြင့်မှာဖြစ်ပါတယ်။ ဒါပေမယ့် 45W Charger နဲ့ အားသွင်းမယ်ဆိုရင်တော့ အားအပြည့်အဝဝင်ဖို့ ၄.၅ နာရီပဲ ကြာမြင့်မယ်လို့လည်း သိရပါတယ်။
Ref: GIZMOCHINA
[Unicode]
45W Dual Fast Charging စနစ်နဲ့ Mi Power bank 3 Pro ကို Xiaomi ကြေညာ
Xiaomi ဟာ 20,000mAh ဘက်ထရီနဲ့ Mi Power bank 3 Pro ကို တရုတ်နိုင်ငံတွင်းမှာ မိတ်ဆက်ကြေညာလိုက်ပါတယ်။ ဒီ Power bank ရဲ့ ကောင်းမွန်တဲ့အချက်က လုံလောက်တဲ့ ဘက်ထရီပမာဏ ရှိနေခြင်းအပြင် 45W dual fast charging စနစ် ပါဝင်တာပဲ ဖြစ်ပါတယ်။
Mi Power bank 3 Pro ဟာ စုစုပေါင်း Port သုံးခုပါဝင်ပါတယ်။ Mi Power bank 2 Pro တုန်းကတော့ 10,000mAh ဘက်ထရီနဲ့ Port ၂ ခုပဲ ပါဝင်ခဲ့တာပါ။ ဒါကြောင့် အခုအသစ်ထွက်လာတဲ့ Mi Power bank 3 Pro ကို Flagship လို့ သတ်မှတ်ရမှာဖြစ်ပါတယ်။
USB port သုံးခုမှာ နှစ်ခုက USB Type-A အမျိုးအစားဖြစ်ပါတယ်။ 18W (5V/2.4A, 9V/2A, 12V/1.5A) Input နဲ့ Output တွေ ပြုလုပ်ပေးပါတယ်။ နောက်တစ်ခုကတော့ USB Type-C အမျိုးအစားပါ။ ဒီ Type-C port ကတော့ 45W (15V/3A) Input နဲ့ Output တွေကို ပြုလုပ်ပေးနိုင်ပါတယ်။
USB Type-C port ကနေတစ်ဆင့် Apple ရဲ့ Macbook Pro, Air models နဲ့ Huawei ရဲ့ Matebook အပါအဝင် Laptop အတော်များများကိုလည်း အားသွင်းပေးလို့ရပါတယ်။ USB-A port နှစ်ခုလုံး သုံးထားရင် Output ဟာ 15W အပြည့်စီထုတ်ပေးတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် Power bank ဟာ သူကိုယ်တိုင်အားသွင်းနေရင်းလည်း တခြား Device တွေကို အားပြန်သွင်းပေးနေလို့လည်း ရပါတယ်။
Mi Power bank 3 Pro ကို သာမန် 10W charger နဲ့ အားသွင်းမယ်ဆိုရင်တော့ အားအပြည့်ဝင်ဖို့ ၁၁ နာရီကြာမြင့်မှာဖြစ်ပါတယ်။ ဒါပေမယ့် 45W charger နဲ့ အားသွင်းမယ်ဆိုရင်တော့ အားအပြည့်အဝဝင်ဖို့ ၄.၅ နာရီပဲ ကြာမြင့်မယ်လို့လည်း သိရပါတယ်။
Smart wearable တွေကိုအားသွင်းပေးဖို့ Low power support လည်း ပါဝင်သလို Circuit chip protection အဖြစ် အလွှာကိုးလွှာလည်း ထားရှိတယ်လို့ သိရပါတယ်။ အရောင်ကတော့ အနက်ရောင်တစ်ရောင်တည်းဖြစ်ပြီး ကိုယ်ထည်ကတော့ ပလတ်စတစ်လို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ $29 ဝန်းကျင် (လေးသောင်းခွဲဝန်းကျင်) သာဖြစ်ပြီး ဇန်နဝါရီလ ၁၁ ရက်နေ့ကစပြီး ဝယ်ယူနိုင်မယ်လို့ သိရပါတယ်။
Ref: GIZMOCHINA