[Zawgyi]

အေစာပုိင္းက ျပဳလုပ္သြားတဲ့ မိတ္ဆက္ပြဲမွာ Xiaomi Mi 9 စမတ္ဖုန္းဟာ အားလုံးထင္ထားတဲ့အတုိင္း ပြဲတစ္ခုလုံးရဲ႕ အာရုံစူးစုိက္ရာျဖစ္သြားခဲ့ပါတယ္။ ဒါေပမယ့္ တျခားစမတ္ဖုန္းတစ္ခုလည္း အလားတူေပၚလာခဲ့ၿပီး အဲ့ဒါကေတာ့ Xiaomi Mi 9 SE (Special Edition) ပါပဲ။

Xiaomi အမႈေဆာင္အရာရွိခ်ဳပ္ Lei Junas ကိုယ္တုိင္မိတ္ဆက္လာတဲ့ Mi 9 SE စမတ္ဖုန္းဟာ ကမာၻေပၚမွာ Snapdragon 712 ခ်စ္ပ္အသစ္ကို ပထမဆုံးထည့္သြင္းသုံးစြဲလာတဲ့ ဖုန္းလည္းျဖစ္ပါတယ္။ သူ႕ရဲ႕ ေနာက္ဘက္မွာ 48MP Sony IMX586 Sensor ပါဝင္လာၿပီး ေရွ႕ဘက္မွာ Under-Display Fingerprint ပါဝင္ပါတယ္။

Mi 9 SE ဟာ Flagship စမတ္ဖုန္းထက္ေတာ့ အနည္းငယ္ေသးၿပီး 5.97” AMOLED Display နဲ႔အတူ ထိပ္မွာ Waterdrop Notch တစ္ခုျဖင့္ ပြဲထြက္လာတယ္။ ေအာက္ဘက္မွာ အနည္းငယ္ပုိထူတဲ့ Bezel လည္း ျမင္ရပါတယ္။ Snapdragon 712 အသစ္စက္စက္ကေတာ့ 6GB RAM မန္မုိရီနဲ႔ျဖစ္ၿပီး Storage ပမာဏ 64 သို႔ 128 GB ေရြးခ်ယ္ႏုိင္မွာပါ။

အဓိက 48MP ကင္မရာမွာ 13MP Ultra Wide နဲ႔ 8MP Telephoto Lens ေတြ ပူးတြဲထည့္သြင္းထားတယ္။ ေရွ႕ဘက္ဆယ္ဖီကင္မရာက 20MP ျဖစ္ၿပီး ဆုိရွယ္မီဒီယာသရဲေတြအတြက္ Beauty Filter မ်ဳိးစုံ ပါဝင္လာပါတယ္။

ဘကၳရီက အားအျမန္သြင္းစနစ္ပါတဲ့ 3,070 mAh ဘကၳရီျဖစ္ၿပီး 3.5mm Audio Jack ေပါက္ေတာ့ မပါလာပါဘူး။ Mi 9 SE ဗားရွင္းကလည္း Xiaomi Mi 9 လုိပဲ တူညီတဲ့ Blue, Violet နဲ႔ Black အေရာင္သုံးမ်ဳိး ေရြးခ်ယ္ႏုိင္မွာျဖစ္ၿပီး 64GB ေမာ္ဒယ္က တရုတ္ယြမ္ေငြ ၁,၉၉၉ (ျမန္မာေငြ ေလးသိန္းေျခာက္ေသာင္းနီးပါး) နဲ႔ 128GB က တရုတ္ယြမ္ ၂,၂၉၉ (ျမန္မာေငြ ငါးသိန္းသုံးေသာင္းနီးပါး) က်သင့္မွာျဖစ္ပါတယ္။

Ref – GSM Arena

[Unicode]

အစောပိုင်းက ပြုလုပ်သွားတဲ့ မိတ်ဆက်ပွဲမှာ Xiaomi Mi 9 စမတ်ဖုန်းဟာ အားလုံးထင်ထားတဲ့အတိုင်း ပွဲတစ်ခုလုံးရဲ့ အာရုံစူးစိုက်ရာဖြစ်သွားခဲ့ပါတယ်။ ဒါပေမယ့် တခြားစမတ်ဖုန်းတစ်ခုလည်း အလားတူပေါ်လာခဲ့ပြီး အဲ့ဒါကတော့ Xiaomi Mi 9 SE (Special Edition) ပါပဲ။

Xiaomi အမှုဆောင်အရာရှိချုပ် Lei Junas ကိုယ်တိုင်မိတ်ဆက်လာတဲ့ Mi 9 SE စမတ်ဖုန်းဟာ ကမ္ဘာပေါ်မှာ Snapdragon 712 ချစ်ပ်အသစ်ကို ပထမဆုံးထည့်သွင်းသုံးစွဲလာတဲ့ ဖုန်းလည်းဖြစ်ပါတယ်။ သူ့ရဲ့ နောက်ဘက်မှာ 48MP Sony IMX586 Sensor ပါဝင်လာပြီး ရှေ့ဘက်မှာ Under-display Fingerprint ပါဝင်ပါတယ်။

Mi 9 SE ဟာ Flagship စမတ်ဖုန်းထက်တော့ အနည်းငယ်သေးပြီး 5.97” AMOLED Display နဲ့အတူ ထိပ်မှာ Waterdrop Notch တစ်ခုဖြင့် ပွဲထွက်လာတယ်။ အောက်ဘက်မှာ အနည်းငယ်ပိုထူတဲ့ Bezel လည်း မြင်ရပါတယ်။ Snapdragon 712 အသစ်စက်စက်ကတော့ 6GB Ram မန်မိုရီနဲ့ဖြစ်ပြီး Storage ပမာဏ 64 သို့ 128 GB ရွေးချယ်နိုင်မှာပါ။

အဓိက 48MP ကင်မရာမှာ 13MP Ultra Wide နဲ့ 8MP Telephoto Lens တွေ ပူးတွဲထည့်သွင်းထားတယ်။ ရှေ့ဘက်ဆယ်ဖီကင်မရာက 20MP ဖြစ်ပြီး ဆိုရှယ်မီဒီယာသရဲတွေအတွက် Beauty Filter မျိုးစုံ ပါဝင်လာပါတယ်။

ဘက္ထရီက အားအမြန်သွင်းစနစ်ပါတဲ့ 3,070 mAh ဘက္ထရီဖြစ်ပြီး 3.5mm Audio Jack ပေါက်တော့ မပါလာပါဘူး။ Mi 9 SE ဗားရှင်းကလည်း Xiaomi Mi 9 လိုပဲ တူညီတဲ့ Blue, Violet နဲ့ Black အရောင်သုံးမျိုး ရွေးချယ်နိုင်မှာဖြစ်ပြီး 64GB မော်ဒယ်က တရုတ်ယွမ်ငွေ ၁,၉၉၉ (မြန်မာငွေ လေးသိန်းခြောက်သောင်းနီးပါး) နဲ့ 128GB က တရုတ်ယွမ် ၂,၂၉၉ (မြန်မာငွေ ငါးသိန်းသုံးသောင်းနီးပါး) ကျသင့်မှာဖြစ်ပါတယ်။

Ref – GSM Arena