Microsoft ရဲ့ Surface Pro Tablet တွေက လက်ရှိအချိန်မှာ ဈေးနှုန်းအားဖြင့် ဒေါ်လာ ၁၀၀၀ ဝန်းကျင်ရှိတတ်ပြီးတော့ Tablet နဲ့ Laptop ၂မျိုးစပ် Convertible PC တွေထဲမှာ နာမည်ကြီးတယ်လို့ ပြောလို့ရပါတယ်။

ဒါပေမယ့် လက်ရှိ Microsoft ရဲ့ အဓိကပြိုင်ဘက်တစ်ဦးဖြစ်တဲ့ Apple ကနေ Surface Pro ကို ယှဉ်ပြိုင်ဖို့အတွက် Apple iPad Pro တွေကို ထုတ်လုပ်လာသလိုပဲ ဈေးသက်သာပြီး Apple Pencil ကိုပါ Support ပြုလုပ်တဲ့ $329 တန် iPad ကို ထုတ်လုပ်ခဲ့ပြီး ဈေးသက်သာတဲ့ Tablet ဈေးကွက်ကို အပိုင်သိမ်းလိုက်တယ်လို့ ပြောလို့ရပါတယ်။ ဘာလို့လဲဆိုရင် အခုဒေါ်လာ ၄၀၀ ဝန်းကျင် Mid Range Tablet တွေထဲမှာ Apple ရဲ့ iPad ကို ယှဉ်ပြိုင်နိုင်မယ့် အခြား Tablet တစ်ခုမှ မရှိတာကြောင့်ပဲဖြစ်ပါတယ်။

အခုအချိန်မှာတော့ Microsoft ကနေ Apple ကနေ အပိုင်စီးထားတဲ့ Mid Range Tablet ဈေးကွက်ကို Surface Tablet အသစ်တစ်ခုထုတ်လုပ်ပြီး ဝင်ရောက်လာဖွယ်ရှိနေပါတယ်။ အခု Microsoft Surface Tablet က ယခုလက်ရှိမှာ ထွက်ရှိထားတဲ့ Microsoft Surface Pro တွေလိုမျိုး 12″ ရှိမှာမဟုတ်တော့ပဲ 10″ Display ကိုပဲ အသုံပြုထားမယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် Apple iPad နဲ့ အတော်လေးကိုပုံစံတူလာဖွယ်ရှိနေပါတယ်။

Bloomberg ရဲ့ အဆိုအရတော့ အခု Microsoft Surface Tablet အသစ်က ယခုလက်ရှိ Surface Pro တွေထက် ၂၀ ရာခိုင်နှုန်းပိုပြီး ပေါ့ပါးမှာဖြစ်ပြီး အခုလိုမျိုး အလေးချိန်တွေကို လျော့လိုက်တဲ့အတွက် Battery Life ကတော့ ၄ နာရီဝန်းကျင်ပဲရှိတော့မှာပါ။ Charging အတွက်ကိုလည်း USB Type C ကို အသုံးပြုမှာဆိုတော့ တော်တော်လေးကို စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

အခု Surface Surface Tablet က Intel Processor ကိုပဲ အသုံးပြုလာမှာဖြစ်သလို Windows 10 Pro ကိုပဲ အသုံးပြုလာမယ်လို့ သိရပါတယ်။ ဒါက Windows 10 S ဒါမှမဟုတ် Windows 10 Home တွေမဟုတ်တဲ့ Windows 10 Pro ဖြစ်နေတဲ့အတွက် ဒီ $400 ဈေးနဲ့ကတော့ တော်တော်ကို တန်နေပါပြီ။ အခုအသစ်ထွက်လာမယ့် Microsoft Surface Tablet က Screen Size လည်းကွာသွားတဲ့အတွက် Keyboard Kickstand ကလည်း သီးခြားထွက်ရှိလာမှာဖြစ်ပြီးတော့ အဆိုပါ Keyboard Cover ၊ Stylus တွေကိုတော့ သီးခြားဝယ်ယူရမယ်လို့ ယူဆရပါတယ်။

ဘာပဲဖြစ်ဖြစ် Microsoft က ကိုယ်တိုင်ထုတ်လုပ်ထားတဲ့ Intel Processor ၊ Windows 10 Pro အသုံးပြုထားတဲ့ Tablet PC ကို $400 နဲ့ ဝယ်ယူနိုင်မယ်ဆိုတာက လူအများအစုအတွက် စိတ်ဝင်စားစရာကောင်းနေမှာပါ။