[Zawgyi]

ဇူလိုင္လ ၂၆ ရက္ေန႔တုန္းက Surface Por 4 ေတြဟာ Firmware Update တင္ၿပီးတဲ့ေနာက္ Touch Screen ပိုင္းမွာ ျပႆနာႀကီးႀကီးေတြ႕ခဲ့ရပါတယ္။ တခ်ိဳ႕က Touch ေကာင္းေကာင္း လုပ္မရေတာ့သလို၊ တခ်ိဳ႕ရဲ Surface Pro 4 မ်က္ႏွာျပင္ေတြဟာ မွိတ္တုတ္မွိတ္တုတ္ ျဖစ္ခဲ့ၾကပါတယ္။

Surface Por 4 ပိုင္ရွင္ေတြအတြက္ အဲဒီ Firmware Update ဟာ အိပ္မက္ဆိုးႀကီးတစ္ခုလို ျဖစ္ေနခဲ့ပါတယ္။ Microsoft ကို ဒီျပႆနာအေၾကာင္း တိုင္တန္းၾကေပမယ့္ ကုမၸဏီက ေျပလည္ေအာင္ ေျဖရွင္းေပးဖို႔ အေျဖရွာမေတြ႕ ႏိုင္ေသးဘူးလို႔ ယူဆရပါတယ္။

Microsoft community web page ထဲ ဝင္ၾကည့္မယ္ဆိုရင္ေတာ့ အခ်ိဳ႕က Keyboard နဲ႔ Pad က အလုပ္လုပ္ေပမယ့္ Screen touch ကေတာ့ အလုပ္မလုပ္ဘူးဆိုၿပီး တိုင္တန္းထားတာကို ေတြ႕ရပါလိမ့္မယ္။ အျခား ျပႆနာအျဖစ္ Restart လုပ္တဲ့အခါမွာ Power ခလုတ္ကို ပုံမွန္ထက္ ပိုၿပီး အၾကာႀကီးႏွိပ္ထားရတယ္လို႔ ဆိုပါတယ္။

Microsoft က ဒီျပႆနာနဲ႔ ပတ္သက္ၿပီး ၾသဂုတ္လထဲမွာ ျပန္ေျပာခဲ့တာကေတာ့ သူတို႔ဟာ စက္တင္ဘာလကတည္းက ဒီျပႆနာနဲ႔ပတ္သက္ၿပီး စုံစမ္းမႈေတြ၊ အေျဖရွာမႈေတြ ျပဳလုပ္ေနတယ္ ဆိုတာပါပဲ။ ဒါေပမယ့္ ကနဦးတည္းက တိုင္ၾကားမႈေတြက ၆၀၀ ေက်ာ္ေလာက္ရွိခဲ့တာပါ။

အခ်ိဳ႕ အသုံးျပဳသူေတြဟာ သူတို႔ရဲ႕ Surface Pro 4 ေတြကို ေရခဲေသတၱာထဲ ထည့္သြင္းၿပီး အပူခ်ိန္ညီမွ်ဖို႔ ႀကိဳးစားၾကည့္ၾကပါတယ္။ အခ်ိဳ႕ကေတာ့ မ်က္ႏွာျပင္တစ္ခုလုံးကို အသစ္ျပန္လဲပစ္ဖို႔ ႀကိဳးစားၾကပါတယ္။ ဒါေပမယ့္ Microsoft က ေနာက္ဆုံးထုတ္လိုက္တဲ့ ေၾကညာခ်က္မွာေတာ့ ကုမၸဏီအေနနဲ႔ ဒီျပႆနာကို Firmware ဒါမွမဟုတ္ Driver ကို Update ေပးၿပီးေျဖရွင္းလို႔ မရေၾကာင္း၊ ဒါေၾကာင့္ ျပန္လည္လဲလွယ္ေပးဖို႔ ဆုံးျဖတ္လိုက္ေၾကာင္း အသိေပးခဲ့ပါတယ္။

Ref: Phonearena

 

[Unicode]

ဇူလိုင်လ ၂၆ ရက်နေ့တုန်းက Surface Por 4 တွေဟာ Firmware Update တင်ပြီးတဲ့နောက် Touch Screen ပိုင်းမှာ ပြဿနာကြီးကြီးတွေ့ခဲ့ရပါတယ်။ တချို့က Touch ကောင်းကောင်း လုပ်မရတော့သလို၊ တချို့ရဲ Surface Pro 4 မျက်နှာပြင်တွေဟာ မှိတ်တုတ်မှိတ်တုတ် ဖြစ်ခဲ့ကြပါတယ်။

Surface Por 4 ပိုင်ရှင်တွေအတွက် အဲဒီ Firmware Update ဟာ အိပ်မက်ဆိုးကြီးတစ်ခုလို ဖြစ်နေခဲ့ပါတယ်။ Microsoft ကို ဒီပြဿနာအကြောင်း တိုင်တန်းကြပေမယ့် ကုမ္ပဏီက ပြေလည်အောင် ဖြေရှင်းပေးဖို့ အဖြေရှာမတွေ့ နိုင်သေးဘူးလို့ ယူဆရပါတယ်။

Microsoft community web page ထဲ ဝင်ကြည့်မယ်ဆိုရင်တော့ အချို့က Keyboard နဲ့ Pad က အလုပ်လုပ်ပေမယ့် Screen touch ကတော့ အလုပ်မလုပ်ဘူးဆိုပြီး တိုင်တန်းထားတာကို တွေ့ရပါလိမ့်မယ်။ အခြား ပြဿနာအဖြစ် Restart လုပ်တဲ့အခါမှာ Power ခလုတ်ကို ပုံမှန်ထက် ပိုပြီး အကြာကြီးနှိပ်ထားရတယ်လို့ ဆိုပါတယ်။

Microsoft က ဒီပြဿနာနဲ့ ပတ်သက်ပြီး သြဂုတ်လထဲမှာ ပြန်ပြောခဲ့တာကတော့ သူတို့ဟာ စက်တင်ဘာလကတည်းက ဒီပြဿနာနဲ့ပတ်သက်ပြီး စုံစမ်းမှုတွေ၊ အဖြေရှာမှုတွေ ပြုလုပ်နေတယ် ဆိုတာပါပဲ။ ဒါပေမယ့် ကနဦးတည်းက တိုင်ကြားမှုတွေက ၆၀၀ ကျော်လောက်ရှိခဲ့တာပါ။

အချို့ အသုံးပြုသူတွေဟာ သူတို့ရဲ့ Surface Pro 4 တွေကို ရေခဲသေတ္တာထဲ ထည့်သွင်းပြီး အပူချိန်ညီမျှဖို့ ကြိုးစားကြည့်ကြပါတယ်။ အချို့ကတော့ မျက်နှာပြင်တစ်ခုလုံးကို အသစ်ပြန်လဲပစ်ဖို့ ကြိုးစားကြပါတယ်။ ဒါပေမယ့် Microsoft က နောက်ဆုံးထုတ်လိုက်တဲ့ ကြေညာချက်မှာတော့ ကုမ္ပဏီအနေနဲ့ ဒီပြဿနာကို Firmware ဒါမှမဟုတ် Driver ကို Update ပေးပြီးဖြေရှင်းလို့ မရကြောင်း၊ ဒါကြောင့် ပြန်လည်လဲလှယ်ပေးဖို့ ဆုံးဖြတ်လိုက်ကြောင်း အသိပေးခဲ့ပါတယ်။

Ref: Phonearena