သင္ဟာ မုိက္ခရုိေဆာ့ဖ္ရဲ႕ Windows 10 ကို အသုံးျပဳေနျပီး လာမယ့္ ေအာက္တုိဘာ Update ၾကီးကို ေမွ်ာ္လင့္ေနသူ ဆုိရင္ေတာ့ ဒါဟာ သင့္အတြက္ သတင္းဆုိးပါပဲ။ ျပီးခဲ့တဲ့ ရက္ပုိင္းေတြမွာ Windows 10 October Update ကို မေစာင့္ႏုိင္ဘဲ ေစာေစာစီးစီး Install လုပ္မိတဲ့ သုံးစြဲသူေတြထဲက အခ်ဳိ႕ဟာ Update တင္လိုက္ျပီးတဲ့ေနာက္ သူတုိ႔ရဲ႕ ဖိုင္အခ်ဳိ႕ ေပ်ာက္ဆုံးသြားတဲ့အတြက္ ကန္႔ကြက္ခဲ့ၾကပါတယ္။

မုိက္ခရုိေဆာ့ဖ္က ဒီ Update ကို Windows Update စနစ္ကေန အလိုအေလ်ာက္ Update ျပဳလုပ္ဖို႔ ခြင့္မျပဳရေသးပါဘူး။ ဒီပုံအတုိင္းဆုိရင္ေတာ့ စီစဥ္ထားတာထက္ ပိုၾကာမယ့္ ပုံစံျဖစ္ေနျပီး သူ႕ရဲ႕ Download ဆုိက္ကေနပါ ျပန္ဖယ္ရွားသြားခဲ့တယ္လို႔ သိရပါတယ္။

လက္ရွိမွာ ဆြဲယူႏုိင္တဲ့ Update က ယခင္ ေအာက္တုိဘာ Update အေဟာင္းျဖစ္ျပီး Support Page မွာလည္း အခုလိုေရးသားထားပါတယ္။ “Update ျပဳလုပ္ျပီးခ်ိန္မွာ ဖိုင္အခ်ဳိ႕ေပ်ာက္ဆုံးသြားေၾကာင္း သီးျခား ေပးပို႔လာတဲ့ သုံးစြဲသူေတြရဲ႕ ျပႆနာကို စစ္ေဆးေနတုန္းမွာ Windows 10 October Update (ဗားရွင္း 1809) အား လႊင့္တင္မႈ ေခတၱရပ္တန္႔ထားသည္”

လက္ရွိအခ်ိန္မွာ ဒီျပႆနာကို ၾကဳံေတြ႕ရတဲ့သူဦးေရဟာ နည္းပါးေသးေပမယ့္ အလိုအေလ်ာက္ Update ကိုထုတ္လႊင့္လုိက္တဲ့အခါ ေသးငယ္တဲ့ ရာခုိင္ႏႈန္းဟာလည္း ပိုမုိမ်ားျပားတဲ့ သုံးစြဲသူ ပမာဏျဖစ္လာမွာေၾကာင့္ အေရးတယူ စစ္ေဆးျပဳျပင္ေနရတာပါပဲ။

Ref – Engadget

Unicode

သင်ဟာ မိုက်ခရိုဆော့ဖ်ရဲ့ Windows 10 ကို အသုံးပြုနေပြီး လာမယ့် အောက်တိုဘာ Update ကြီးကို မျှော်လင့်နေသူ ဆိုရင်တော့ ဒါဟာ သင့်အတွက် သတင်းဆိုးပါပဲ။ ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာ Windows 10 October Update ကို မစောင့်နိုင်ဘဲ စောစောစီးစီး Install လုပ်မိတဲ့ သုံးစွဲသူတွေထဲက အချို့ဟာ Update တင်လိုက်ပြီးတဲ့နောက် သူတို့ရဲ့ ဖိုင်အချို့ ပျောက်ဆုံးသွားတဲ့အတွက် ကန့်ကွက်ခဲ့ကြပါတယ်။

မိုက်ခရိုဆော့ဖ်က ဒီ Update ကို Windows Update စနစ်ကနေ အလိုအလျောက် Update ပြုလုပ်ဖို့ ခွင့်မပြုရသေးပါဘူး။ ဒီပုံအတိုင်းဆိုရင်တော့ စီစဉ်ထားတာထက် ပိုကြာမယ့် ပုံစံဖြစ်နေပြီး သူ့ရဲ့ Download ဆိုက်ကနေပါ ပြန်ဖယ်ရှားသွားခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာ ဆွဲယူနိုင်တဲ့ Update က ယခင် အောက်တိုဘာ Update အဟောင်းဖြစ်ပြီး Support Page မှာလည်း အခုလိုရေးသားထားပါတယ်။ “Update ပြုလုပ်ပြီးချိန်မှာ ဖိုင်အချို့ပျောက်ဆုံးသွားကြောင်း သီးခြား ပေးပို့လာတဲ့ သုံးစွဲသူတွေရဲ့ ပြဿနာကို စစ်ဆေးနေတုန်းမှာ Windows 10 October Update (ဗားရှင်း 1809) အား လွှင့်တင်မှု ခေတ္တရပ်တန့်ထားသည်”

လက်ရှိအချိန်မှာ ဒီပြဿနာကို ကြုံတွေ့ရတဲ့သူဦးရေဟာ နည်းပါးသေးပေမယ့် အလိုအလျောက် Update ကိုထုတ်လွှင့်လိုက်တဲ့အခါ သေးငယ်တဲ့ ရာခိုင်နှုန်းဟာလည်း ပိုမိုများပြားတဲ့ သုံးစွဲသူ ပမာဏဖြစ်လာမှာကြောင့် အရေးတယူ စစ်ဆေးပြုပြင်နေရတာပါပဲ။

Ref – Engadget