ေအာက္တုိဘာ ၂ ရက္ေန႔မွာ က်င္းပခဲ့တဲ့ Microsoft Event ပြဲမွာ ဒီႏွစ္အတြက္ Hardware အသစ္ေတြ မိတ္ဆက္ခဲ့ေပးျပီး အထူးသျဖင့္ Surface Pro 6 နဲ႔ Surface Laptop 2 တုိ႔က အဓိကထုတ္ကုန္ေတြ ျဖစ္ပါတယ္။ Surface Studio 2 နဲ႔ အသစ္စက္စက္ Surface Headphone တို႔ကေတာ့ ေမွ်ာ္လင့္မထားတဲ့ Line-up သစ္ေတြ ျဖစ္မွာပါ။

Surface Pro 6

Surface Pro 6 မွာေတာ့ Intel ရဲ႕ အဌမေျမာက္ မ်ဳိးဆက္ ပရိုဆက္ဆာေတြကို ေတြ႕ရျပီး အတြင္းပိုင္း Cooling စနစ္ကိုလည္း တုိးျမွင့္လာတယ္။ မုိက္ကရုိေဆာ့ဖ္ကေတာ့ Surface Pro 6 ဟာ ယခင္မ်ဳိးဆက္ထက္ ၆၇% ပိုျမန္တယ္လို႔ ဆုိပါတယ္။

12.3” လက္မ Display ၾကီးနဲ႔ Pro 6 ဟာ အေလးခ်ိန္ ၁.၇ ေပါင္သာ ေလးျပီး ဘကၳရီအားကလည္း ၁၃ နာရီခြဲေတာင္ အသုံးျပဳႏုိင္မွာ ျဖစ္တယ္။ အျမင့္ဆုံး 16GB RAM မန္မုိရီနဲ႔ 1TB SSD ပမာဏထိ ဝယ္ယူႏုိင္မွာပါ။ ဒါေပမယ့္ အျပင္ပုိင္းဒီဇုိင္းက အရင္မ်ဳိးဆက္ Surface Pro နဲ႔အတူတူပဲျဖစ္လို႔ USB-C Port ေတာ့ မပါပါဘူး။

Core i5 နဲ႔ Surface Pro 6 အေျခခံေမာ္ဒယ္ကို ေဒၚလာ ၈၉၉ နဲ႔ဝယ္ယူႏုိင္မွာျဖစ္ျပီး ေအာက္တုိဘာ ၁၆ ရက္ေန႔မွာ ေစ်းကြက္ထဲ စပို႔သြားမွာပါ။

Surface Laptop 2

Surface Laptop 2 ဟာ မူရင္းခရီးေဆာင္ကြန္ပ်ဴတာထက္ ၈၅% ေတာင္ ပိုျမန္ဆန္မွာ ျဖစ္ျပီး ဒါလဲ Intel 8th Gen CPU ေတြရဲ႕ ေက်းဇူးေၾကာင့္ပါပဲ။ ဒါ့အျပင္ Laptop တစ္လုံးအတြက္ အပါးလႊာဆုံး LCD Display လည္း ပါဝင္လာတယ္။
Hardware ပုိင္းကေတာ့ ပထမ Surface Laptop နဲ႔ ဆင္တူတဲ့အတြက္ ဒီမွာလဲ USB-C Port မပါျပန္ပါဘူး။ မ်က္ႏွာျပင္က 13.5” လက္မျဖစ္ေပမယ့္ 1500:1 Contrast အခ်ဳိး ပါဝင္လာတယ္။ မုိက္ကရုိေဆာ့ဖ္ က ဘကၳရီသက္တမ္း ၁၄ နာရီခြဲ ခံမယ္လို႔ ေျပာသြားပါတယ္။ Surface Laptop 2 ေပၚမွာ စာရုိက္ရတာလဲ အရင္ မ်ဳိးဆက္ေဟာင္းထက္ အသံျငိမ္မွာပါ။
Surface Laptop 2 ကိုေတာ့ ေအာက္တုိဘာ ၁၆ ရက္ေန႔မွာ အေျခခံေစ်းႏႈန္း ၉၉၉ ေဒၚလာမွ စတင္ ေရာင္းခ်သြားမွာျဖစ္ပါတယ္။

Surface Studio 2

Surface Studio 2 ကလည္း အရင္မ်ဳိးဆက္ေဟာင္းနဲ႔ ေတာ္ေတာ္တူပါတယ္။ ဒါေပမယ့္ အျမန္ဆုံး Surface ထုတ္ကုန္ ျဖစ္ေနတာေၾကာင့္ ဒီႏွစ္ Microsoft ရဲ႕ Theme က ယခင္မ်ဳိးဆက္နဲ႔ ဒီဇုိင္းပုိင္းတူျပီး အဆမ်ားစြာ ျမန္တာကို အေျခခံထားတယ္လို႔ ယူဆရတယ္။ ယခင္ကထက္ ၃၈% ပိုေတာက္ပတဲ့ Screen ပါလာျပီး Contrast ၂၂% ပိုမ်ားတယ္။

Studio 2 ဟာ Nvidia ရဲ႕ မ်ဳိးဆက္သစ္ Pascal ဂရပ္ဖစ္ယူနစ္နဲ႔ လာျပီး 2TB SSD Storage ပမာဏ ရွိပါတယ္။ အေျခခံေစ်းႏႈန္းကေတာ့ ေဒၚလာ ၃၄၉၉ ကစလို႔ တစ္ကုိယ္ရည္သုံးဖို႔ မလြယ္ပါ။

Surface Headphones

Surface Headphone ကေတာ့ အခုႏွစ္မွ ထြက္လာတဲ့ မုိက္ကရုိေဆာ့ဖ္ရဲ႕ Hardware Line-up အသစ္ ေလးပါ။ အဆင့္ ၁၃ ဆင့္ခ်ိန္ညွိလို႔ရတဲ့ ေဘးဆူညံသံေဖ်ာက္ Noise Cancellation စနစ္နဲ႔ Cortana Built-in ပါဝင္လာတယ္။ အားလပ္ရက္ရာသီမွ စေရာင္းခ်မွာ ျဖစ္ျပီး ေဒၚလာ ၃၅၀ က်သင့္မွာပါ။

Unicode

အောက်တိုဘာ ၂ ရက်နေ့မှာ ကျင်းပခဲ့တဲ့ Microsoft Event ပွဲမှာ ဒီနှစ်အတွက် Hardware အသစ်တွေ မိတ်ဆက်ခဲ့ပေးပြီး အထူးသဖြင့် Surface Pro 6 နဲ့ Surface Laptop 2 တို့က အဓိကထုတ်ကုန်တွေ ဖြစ်ပါတယ်။ Surface Studio 2 နဲ့ အသစ်စက်စက် Surface Headphone တို့ကတော့ မျှော်လင့်မထားတဲ့ Line-up သစ်တွေ ဖြစ်မှာပါ။

Surface Pro 6

Surface Pro 6 မှာတော့ Intel ရဲ့ အဌမမြောက် မျိုးဆက် ပရိုဆက်ဆာတွေကို တွေ့ရပြီး အတွင်းပိုင်း Cooling စနစ်ကိုလည်း တိုးမြှင့်လာတယ်။ မိုက်ကရိုဆော့ဖ်ကတော့ Surface Pro 6 ဟာ ယခင်မျိုးဆက်ထက် ၆၇% ပိုမြန်တယ်လို့ ဆိုပါတယ်။

12.3” လက်မ Display ကြီးနဲ့ Pro 6 ဟာ အလေးချိန် ၁.၇ ပေါင်သာ လေးပြီး ဘက္ထရီအားကလည်း ၁၃ နာရီခွဲတောင် အသုံးပြုနိုင်မှာ ဖြစ်တယ်။ အမြင့်ဆုံး 16GB RAM မန်မိုရီနဲ့ 1TB SSD ပမာဏထိ ဝယ်ယူနိုင်မှာပါ။ ဒါပေမယ့် အပြင်ပိုင်းဒီဇိုင်းက အရင်မျိုးဆက် Surface Pro နဲ့အတူတူပဲဖြစ်လို့ USB-C Port တော့ မပါပါဘူး။

Core i5 နဲ့ Surface Pro 6 အခြေခံမော်ဒယ်ကို ဒေါ်လာ ၈၉၉ နဲ့ဝယ်ယူနိုင်မှာဖြစ်ပြီး အောက်တိုဘာ ၁၆ ရက်နေ့မှာ ဈေးကွက်ထဲ စပို့သွားမှာပါ။

Surface Laptop 2

Surface Laptop 2 ဟာ မူရင်းခရီးဆောင်ကွန်ပျူတာထက် ၈၅% တောင် ပိုမြန်ဆန်မှာ ဖြစ်ပြီး ဒါလဲ Intel 8th Gen CPU တွေရဲ့ ကျေးဇူးကြောင့်ပါပဲ။ ဒါ့အပြင် Laptop တစ်လုံးအတွက် အပါးလွှာဆုံး LCD Display လည်း ပါဝင်လာတယ်။
Hardware ပိုင်းကတော့ ပထမ Surface Laptop နဲ့ ဆင်တူတဲ့အတွက် ဒီမှာလဲ USB-C Port မပါပြန်ပါဘူး။ မျက်နှာပြင်က 13.5” လက်မဖြစ်ပေမယ့် 1500:1 Contrast အချိုး ပါဝင်လာတယ်။ မိုက်ကရိုဆော့ဖ် က ဘက္ထရီသက်တမ်း ၁၄ နာရီခွဲ ခံမယ်လို့ ပြောသွားပါတယ်။ Surface Laptop 2 ပေါ်မှာ စာရိုက်ရတာလဲ အရင် မျိုးဆက်ဟောင်းထက် အသံငြိမ်မှာပါ။
Surface Laptop 2 ကိုတော့ အောက်တိုဘာ ၁၆ ရက်နေ့မှာ အခြေခံဈေးနှုန်း ၉၉၉ ဒေါ်လာမှ စတင် ရောင်းချသွားမှာဖြစ်ပါတယ်။

Surface Studio 2

Surface Studio 2 ကလည်း အရင်မျိုးဆက်ဟောင်းနဲ့ တော်တော်တူပါတယ်။ ဒါပေမယ့် အမြန်ဆုံး Surface ထုတ်ကုန် ဖြစ်နေတာကြောင့် ဒီနှစ် Microsoft ရဲ့ Theme က ယခင်မျိုးဆက်နဲ့ ဒီဇိုင်းပိုင်းတူပြီး အဆများစွာ မြန်တာကို အခြေခံထားတယ်လို့ ယူဆရတယ်။ ယခင်ကထက် ၃၈% ပိုတောက်ပတဲ့ Screen ပါလာပြီး Contrast ၂၂% ပိုများတယ်။

Studio 2 ဟာ Nvidia ရဲ့ မျိုးဆက်သစ် Pascal ဂရပ်ဖစ်ယူနစ်နဲ့ လာပြီး 2TB SSD Storage ပမာဏ ရှိပါတယ်။ အခြေခံဈေးနှုန်းကတော့ ဒေါ်လာ ၃၄၉၉ ကစလို့ တစ်ကိုယ်ရည်သုံးဖို့ မလွယ်ပါ။

Surface Headphones

Surface Headphone ကတော့ အခုနှစ်မှ ထွက်လာတဲ့ မိုက်ကရိုဆော့ဖ်ရဲ့ Hardware Line-up အသစ် လေးပါ။ အဆင့် ၁၃ ဆင့်ချိန်ညှိလို့ရတဲ့ ဘေးဆူညံသံဖျောက် Noise Cancellation စနစ်နဲ့ Cortana Built-in ပါဝင်လာတယ်။ အားလပ်ရက်ရာသီမှ စရောင်းချမှာ ဖြစ်ပြီး ဒေါ်လာ ၃၅၀ ကျသင့်မှာပါ။