Microsoft အနေနဲ့ ဒီနေ့မှာ Surface Devices တွေထဲမှာ တန်ဖိုး အနည်းဆုံး Surface Go Tablet ကို တရားဝင် မိတ်ဆက်ပေးလိုက်ပြီ ဖြစ်ပါတယ်။ Microsoft Surface Go Tablet ဟာ အရင်တုန်းက ထွက်ရှိခဲ့တဲ့ Surface Pro နဲ့ ဒီဇိုင်းပိုင်းမှာ တူညီမှာ ဖြစ်ပြီး အရွယ်အစား ပိုမို သေးငယ်သွားမှာ ဖြစ်ပါတယ်။

Surface Go 2-In-1 မှာ Display ပိုင်း အတွက် ၁၀ လက်မ အရွယ်အစားရှိ (1800 x 1200 Pixels) Resolution Touchscreen Display ကို အသုံးပြုထားပြီး 3:2 Aspect Ratio ရှိမှာ ဖြစ်ပါတယ်။ Processor ပိုင်းမှာတော့ 7th Generation Intel Pentium Gold 4415Y ကို အသုံးပြုထားပါတယ်။

Surface Go မှာ External Keyboard နဲ့ ချိတ်ဆက်ဖို့ အတွက် ဒါမှမဟုတ် အားသွင်းဖို့ အတွက် Surface Connector Port ပါဝင်မှာ ဖြစ်ပြီး USB-C 3.1 Port တစ်ခုလည်း ပါဝင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် Microsoft Surface Go မှာ SD Card အသုံးပြုနိုင်မှာ ဖြစ်တဲ့အပြင် 3.5mm Headphone Jack လည်း ပါဝင်ပါတယ်။

Surface Go ကို RAM 4GB + eMMC Storage 64 GB၊ RAM 8GB + SSD 128GB စတဲ့ မော်ဒယ် ၂မျိုး အနေနဲ့ မိတ်ဆက် ပေးသွားခဲ့တာ ဖြစ်ပါတယ်။ OS အနေနဲ့ Surface Go Tablet မှာ Windows 10S Onboard အနေနဲ့ ပါဝင်မှာ ဖြစ်တဲ့အပြင် Windows Hello Support ပါဝင်တာကြောင့် Front Camera ကို အသုံးပြုပြီး Face Unlock စနစ် ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် Surface Go မှာ Stylus Support လည်း ပါဝင်ပါတယ်။

Surface Go မှာ အသုံးပြုထားတဲ့ Battery နဲ့ ပတ်သတ်ပြီး အသေးစိတ် အချက်အလက်တွေကို Microsoft ဘက်က တရားဝင် ထုတ်ပြန်ထားခြင်းတော့ မရှိသေးပါဘူး။ ဒါပေမယ့် Surface Go Tablet ကို တစ်ခါ အားသွင်းရုံနဲ့ ၉နာရီ အသုံးပြုနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ Microsoft Surface Go Tablet တွေမှာ အင်တာနက် အသုံးပြုချင်ရင် Wi-Fi ကနေ တစ်ဆင့်သာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် LTE Support ပါဝင်တဲ့ Surface Go Tablet တွေကိုလည်း မကြာမီ အချိန်အတွင်းမှာ ထုတ်လုပ် ဖြန့်ချီသွားမှာ ဖြစ်တယ်လို့ Microsoft က အတည်ပြု ပေးခဲ့ပါတယ်။

Microsoft Surface Go 4/64 မော်ဒယ် ကို ကန်ဒေါ်လာ ၃၉၉ ဒေါ်လာ နဲ့ ဝယ်ယူနိုင်မှာ ဖြစ်ပြီး 8/128 မော်ဒယ် ကိုတော့ ကန်ဒေါ်လာ ၅၄၉ ဒေါ်လာ နဲ့ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် Surface Go Tablet နဲ့ တွဲဖက် အသုံးပြုနိုင်မယ့် External Keyboard ပါဝင်မယ့် Type Cover (Black) ကို ၉၉ ဒေါ်လာ၊ Signature Type Cover (Red, Blue, Silver) ကို ၁၂၉ ဒေါ်လာ၊ Surface Mouse ကို၃၄ ဒေါ်လာ၊ Surface Pen ကို ၉၉ ဒေါ်လာ နဲ့ ဝယ်ယူ ရရှိနိုင်မှာ ဖြစ်ပါတယ်။

Microsoft Surface Go Tablet ကို ဝယ်ယူချင်တယ် ဆိုရင်တော့ ယနေ့ ဇူလိုင်လ ၁၀ ရက်နေ့မှ စတင်ပြီး Pre-Order မှာယူနိုင်မှာ ဖြစ်ပြီး နောက်လထဲမှာ စတင် ဖြန့်ချီ ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

REF: The Verge, Gizmo China