[Zawgyi]

မုိက္ခရုိေဆာ့ဖ္ကုမၸဏီဟာ သူတုိ႔ရဲ႕ Windows 10 OS ေပၚမွာ Edge ကိုအစားထိုးဖို႔အတြက္ အင္တာနက္ Browser တစ္ခု ဖန္တီးေနေၾကာင္း သတင္းထြက္လာပါတယ္။ ထူးျခားတာက အဆုိပါ Browser အသစ္ဟာ လက္ရွိလူသုံးမ်ားေနတဲ့ Google ရဲ႕ Chrome အပါအဝင္ Opera, Brave စတဲ့ Browser ေတြရဲ႕ အေျခခံျဖစ္တဲ့ Chromium ပလက္ေဖာင္းကို အေျခခံလာမွာ ျဖစ္တယ္လို႔ ဆုိတာပါပဲ။

လက္ရွိမွာ လွ်ဳိ႕ဝွက္ကုဒ္နာမည္ Anaheim လို႔ေပးထားတာကိုေတာ့ သိရျပီး မုိက္ခရုိေဆာ့ဖ္ဟာ EdgeHTML အင္ဂ်င္ကို ေငြနဲ႔အခ်ိန္မ်ားစြာ ျမဳပ္ႏွံခဲ့တာေၾကာင့္ အခုလို ျမန္ျမန္ဆန္ဆန္ ေျပာင္းလဲမွာ အံ့ၾသဖို႔ ေကာင္းပါတယ္။ ဘာပဲျဖစ္ျဖစ္ အင္တာနက္သုံးစြဲသူေတြ အတြက္ေတာ့ သတင္းေကာင္းျဖစ္ျပီး Browser အသစ္ဟာ Edge ထက္ ပိုေကာင္း၊ ပိုသြက္မွာေတာ့ အေသအခ်ာပါပဲ။

ဒါ့အျပင္ Open-Source အင္ဂ်င္ျဖစ္တဲ့ Chromium ကို မုိက္ခရုိေဆာ့ဖ္မွ အသုံးျပဳဖို႔ၾကံရြယ္လာတာလည္း ေကာင္းမြန္တဲ့ အခ်က္တစ္ခုပါ။ အမႈေဆာင္အရာရွိခ်ဳပ္ Satya Nadella ရဲ႕ဦးေဆာင္မႈေအာက္မွာ မုိက္ခရုိေဆာ့ဖ္ ဟာ ျမန္ျမန္ဆန္ဆန္ ေျပာင္းလဲေနတာကို ျပေနတာ ျဖစ္တယ္။ ဒါ့ေၾကာင့္ မုိက္ခရုိေဆာ့ဖ္ရဲ႕ Browser အသစ္ကို သုံးၾကည့္ဖုိ႔ မေစာင့္ႏုိင္ေလာက္ေအာင္ပါပဲ။

Ref – GSM Arena

[Unicode]

မိုက်ခရိုဆော့ဖ်ကုမ္ပဏီဟာ သူတို့ရဲ့ Windows 10 OS ပေါ်မှာ Edge ကိုအစားထိုးဖို့အတွက် အင်တာနက် Browser တစ်ခု ဖန်တီးနေကြောင်း သတင်းထွက်လာပါတယ်။ ထူးခြားတာက အဆိုပါ Browser အသစ်ဟာ လက်ရှိလူသုံးများနေတဲ့ Google ရဲ့ Chrome အပါအဝင် Opera, Brave စတဲ့ Browser တွေရဲ့ အခြေခံဖြစ်တဲ့ Chromium ပလက်ဖောင်းကို အခြေခံလာမှာ ဖြစ်တယ်လို့ ဆိုတာပါပဲ။

လက်ရှိမှာ လျှို့ဝှက်ကုဒ်နာမည် Anaheim လို့ပေးထားတာကိုတော့ သိရပြီး မိုက်ခရိုဆော့ဖ်ဟာ EdgeHTML အင်ဂျင်ကို ငွေနဲ့အချိန်များစွာ မြုပ်နှံခဲ့တာကြောင့် အခုလို မြန်မြန်ဆန်ဆန် ပြောင်းလဲမှာ အံ့သြဖို့ ကောင်းပါတယ်။ ဘာပဲဖြစ်ဖြစ် အင်တာနက်သုံးစွဲသူတွေ အတွက်တော့ သတင်းကောင်းဖြစ်ပြီး Browser အသစ်ဟာ Edge ထက် ပိုကောင်း၊ ပိုသွက်မှာတော့ အသေအချာပါပဲ။

ဒါ့အပြင် Open-Source အင်ဂျင်ဖြစ်တဲ့ Chromium ကို မိုက်ခရိုဆော့ဖ်မှ အသုံးပြုဖို့ကြံရွယ်လာတာလည်း ကောင်းမွန်တဲ့ အချက်တစ်ခုပါ။ အမှုဆောင်အရာရှိချုပ် Satya Nadella ရဲ့ဦးဆောင်မှုအောက်မှာ မိုက်ခရိုဆော့ဖ် ဟာ မြန်မြန်ဆန်ဆန် ပြောင်းလဲနေတာကို ပြနေတာ ဖြစ်တယ်။ ဒါ့ကြောင့် မိုက်ခရိုဆော့ဖ်ရဲ့ Browser အသစ်ကို သုံးကြည့်ဖို့ မစောင့်နိုင်လောက်အောင်ပါပဲ။

Ref – GSM Arena