Zawgyi

Microsoft အေနနဲ႔ Windows 10 ေပၚမွာ အသုံးျပဳလို႔ရမယ့္ Feature အသစ္ကို မေန႔က မိတ္ဆက္ခဲ့တာ ျဖစ္ပါတယ္။ အဆိုပါ Feature အသစ္ဟာ Your Phone ဆိုတဲ့ Application တစ္ခုျဖစ္ၿပီး ဖုန္းထဲက App ေတြကို Window desktop ေပၚမွာ ၾကည့္ႏိုင္ျခင္း၊ အသုံးျပဳျခင္းမ်ား ျပဳလုပ္ႏိုင္မွာ ျဖစ္ပါတယ္။ ဒါ့အျပင္ iPhone က Webpages ေတြကိုလည္း Windows 10 ေပၚကို အလြယ္တကူ ေ႐ြ႕ေျပာင္းႏိုင္မယ္လို႔ သိရပါတယ္။ Microsoft အေနနဲ႔ ဒီသတင္းကို နယူးေယာက္ၿမိဳ႕မွာ မေန႔က က်င္းပခဲ့တဲ့ Surface Hardware event မွာ ေၾကျငာခဲ့တာ ျဖစ္ပါတယ္။

အဆိုပါ Feature ဟာ Windows 10 October Update နဲ႔အတူ ပါရွိလာမွာ ျဖစ္ေၾကာင္း Microsoft ရဲ႕ ေျပာၾကားခ်က္မ်ားအရ သိရပါတယ္။ အခုထြက္ရွိလာမယ့္ Your Phone App မွာ ေလာေလာဆယ္မွာေတာ့ Android Message, Photo Apps ေတြနဲ႔ iPhone Webpage Transfer တို႔သာ ျပဳလုပ္ႏိုင္မွာျဖစ္ၿပီး ေနာက္ပိုင္းမွာေတာ့ Android App ေတာ္ေတာ္မ်ားမ်ားကို အသုံးျပဳႏိုင္ဖို႔အတြက္ အဆင့္ျမႇင့္တင္မႈမ်ား ျပဳလုပ္သြားမယ္လို႔ သိရပါတယ္။

Your Phone App ကို အသုံးျပဳဖို႔အတြက္ Windows 10 October Update ျပဳလုပ္ရမွာ ျဖစ္ၿပီး ဖုန္းနဲ႔ ကြန္ပ်ဴတာ ထဲက Files ေတြကို ႀကိဳးမဲ့စနစ္နဲ႔ ကူးယူ အသုံးျပဳႏိုင္မွာ ျဖစ္ပါတယ္။ ဖုန္းနဲ႔ ခ်ိတ္ဆက္ထားတယ္ဆိုရင္ ဖုန္းအတြင္းက ဓာတ္ပုံေတြနဲ႔ တျခား Files ေတြကို ကြန္ပ်ဴတာမွာရွိတဲ့ Power Point ဒါမွမဟုတ္ Support ျပဳလုပ္တဲ့ Windows 10 Apps ေတြထဲကို Drag & Drop ျပဳလုပ္ၿပီး ကူးယူ႐ုံပဲ ျဖစ္ပါတယ္။

Ref : The Verge

Unicode

Android App တွေကို Windows 10 ပေါ်မှာ ပြောင်းသုံးလို့ ရမယ့် Your Phone App ကို Microsoft မိတ်ဆက်

Microsoft အနေနဲ့ Windows 10 ပေါ်မှာ အသုံးပြုလို့ရမယ့် Feature အသစ်ကို မနေ့က မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ Feature အသစ်ဟာ Your Phone ဆိုတဲ့ Application တစ်ခုဖြစ်ပြီး ဖုန်းထဲက App တွေကို Window desktop ပေါ်မှာ ကြည့်နိုင်ခြင်း၊ အသုံးပြုခြင်းများ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် iPhone က Webpages တွေကိုလည်း Windows 10 ပေါ်ကို အလွယ်တကူ ရွေ့ပြောင်းနိုင်မယ်လို့ သိရပါတယ်။ Microsoft အနေနဲ့ ဒီသတင်းကို နယူးယောက်မြို့မှာ မနေ့က ကျင်းပခဲ့တဲ့ Surface Hardware event မှာ ကြေငြာခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ Feature ဟာ Windows 10 October Update နဲ့အတူ ပါရှိလာမှာ ဖြစ်ကြောင်း Microsoft ရဲ့ ပြောကြားချက်များအရ သိရပါတယ်။ အခုထွက်ရှိလာမယ့် Your Phone App မှာ လောလောဆယ်မှာတော့ Android Message, Photo Apps တွေနဲ့ iPhone Webpage Transfer တို့သာ ပြုလုပ်နိုင်မှာဖြစ်ပြီး နောက်ပိုင်းမှာတော့ Android App တော်တော်များများကို အသုံးပြုနိုင်ဖို့အတွက် အဆင့်မြှင့်တင်မှုများ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

Your Phone App ကို အသုံးပြုဖို့အတွက် Windows 10 October Update ပြုလုပ်ရမှာ ဖြစ်ပြီး ဖုန်းနဲ့ ကွန်ပျူတာ ထဲက Files တွေကို ကြိုးမဲ့စနစ်နဲ့ ကူးယူ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဖုန်းနဲ့ ချိတ်ဆက်ထားတယ်ဆိုရင် ဖုန်းအတွင်းက ဓာတ်ပုံတွေနဲ့ တခြား Files တွေကို ကွန်ပျူတာမှာရှိတဲ့ Power Point ဒါမှမဟုတ် Support ပြုလုပ်တဲ့ Windows 10 Apps တွေထဲကို Drag & Drop ပြုလုပ်ပြီး ကူးယူရုံပဲ ဖြစ်ပါတယ်။

Ref : The Verge