Zawgyi

Xiaomi ဖုန္း အသံုးျပဳသူတိုင္း ၂၀၁၈ မွာ ေမွ်ာ္ေနၾကတဲ့ အရာ တစ္ခုက MIUI 10 Update ပါပဲ။ MIUI 10 ဟာ MIUI သမိုင္းမွာ UI ဒီဇိုင္း ေျပာင္းလဲမွု အမ်ားဆံုး ဗားရွင္းပါပဲ။ Notification Icon ပံုစံအသစ္ေတြနဲ႔ Recent App ဒီဇိုင္းကစလို႔ Volume Bar ေတြအထိ ေျပာင္းလဲ ျပဳျပင္ထားျပီး အရင္ MIUI 9 ထက္ အမ်ားၾကီး လွ်င္ျမန္တာကိုလည္းေတြ႔ရပါတယ္။ Xiaomi အသံုးျပဳေနၾကတဲ့ သူတိုင္း MIUI 10 ကိုေစာင့္ေမွ်ာ္ေနၾကတာ မဆန္းပါဘူး။ အခုဆိုရင္ေတာ့ Mi 8 နဲ႔ Redmi 5 (Redmi 5 Plus မဟုတ္ပါ) အသံုးျပဳသူေတြအတြက္ MIUI 10 ထြက္လာပါျပီ။

Mi 8 အတြက္ ထြက္လာတဲ့ Update ဟာ Android Pie အေျခခံထားတဲ့ Update ျဖစ္ျပီး Redmi 5 အတြက္ေတာ့ MIUI အဆင့္ျမင့္သြားေပမယ့္ Android ဗားရွင္းေတာ့ မျမင့္သြားပါဘူး။ Redmi 5 အတြက္ေတာ့ အခုထြက္လာတဲ့ MIUI 10 ဟာ Android Oreo ကိုပဲ အေျခခံထားတာပါ။ ဒါေပမယ့္လည္း Xiaomi ဖုန္း ထံုးစံအတိုင္း UI အသြင္အျပင္နဲ႔ အဓိက လုပ္ေဆာင္ခ်က္ေတြက Android ဗားရွင္းေပၚ မမွီခိုပဲ MIUI ဗားရွင္းေပၚပဲ မူတည္တာေၾကာင့္ အခု MIUI 10 မွာ လုပ္ေဆာင္ခ်က္ အသစ္ေတြနဲ႔ UI အေျပာင္းအလဲေတြ အမ်ားၾကီးျမင္ရမွာပါ။

အခုထြက္ရွိလာတဲ့ MIUI 10 ဟာ Global ဗားရွင္း Mi 8 နဲ႔ Redmi 5 အတြက္ျဖစ္ျပီး China ဗားရွင္း အသံုးျပဳသူေတြ အတြက္ကေတာ့ MIUI 10 ရရွိျပီးၾကပါျပီ။ Global ဗားရွင္း Mi 8 နဲ႔ Redmi 5 အသံုးျပဳသူေတြဆိုရင္ေတာ့ မိမိဖုန္းရဲ႕ “About Phone” ထဲဝင္ကာ “System Update” ကေန တစ္ဆင့္ OTA ရမရစစ္ႏိုင္ပါတယ္။ တစ္ကယ္လို႔ OTA မရေသးရင္လည္း ေအာက္က Link ေတြကေန Full ROM ေဒါင္းျပီး ဖုန္း Storage ထဲထည့္ကာ Local Update ကိုေရြးျပီး MIUI 10 ျမွင့္ႏိုင္ပါျပီ။

>>>MIUI 10 Global Stable for Mi 8<<<

>>>MIUI 10 Global Stable for Redmi 5<<<

Ref: XDA

Unicode

Xiaomi ဖုန်း အသုံးပြုသူတိုင်း ၂၀၁၈ မှာ မျှော်နေကြတဲ့ အရာ တစ်ခုက MIUI 10 Update ပါပဲ။ MIUI 10 ဟာ MIUI သမိုင်းမှာ UI ဒီဇိုင်း ပြောင်းလဲမှု အများဆုံး ဗားရှင်းပါပဲ။ Notification Icon ပုံစံအသစ်တွေနဲ့ Recent App ဒီဇိုင်းကစလို့ Volume Bar တွေအထိ ပြောင်းလဲ ပြုပြင်ထားပြီး အရင် MIUI 9 ထက် အများကြီး လျှင်မြန်တာကိုလည်းတွေ့ရပါတယ်။ Xiaomi အသုံးပြုနေကြတဲ့ သူတိုင်း MIUI 10 ကိုစောင့်မျှော်နေကြတာ မဆန်းပါဘူး။ အခုဆိုရင်တော့ Mi 8 နဲ့ Redmi 5 (Redmi 5 Plus မဟုတ်ပါ) အသုံးပြုသူတွေအတွက် MIUI 10 ထွက်လာပါပြီ။

Mi 8 အတွက် ထွက်လာတဲ့ Update ဟာ Android Pie အခြေခံထားတဲ့ Update ဖြစ်ပြီး Redmi 5 အတွက်တော့ MIUI အဆင့်မြင့်သွားပေမယ့် Android ဗားရှင်းတော့ မမြင့်သွားပါဘူး။ Redmi 5 အတွက်တော့ အခုထွက်လာတဲ့ MIUI 10 ဟာ Android Oreo ကိုပဲ အခြေခံထားတာပါ။ ဒါပေမယ့်လည်း Xiaomi ဖုန်း ထုံးစံအတိုင်း UI အသွင်အပြင်နဲ့ အဓိက လုပ်ဆောင်ချက်တွေက Android ဗားရှင်းပေါ် မမှီခိုပဲ MIUI ဗားရှင်းပေါ်ပဲ မူတည်တာကြောင့် အခု MIUI 10 မှာ လုပ်ဆောင်ချက် အသစ်တွေနဲ့ UI အပြောင်းအလဲတွေ အများကြီးမြင်ရမှာပါ။

အခုထွက်ရှိလာတဲ့ MIUI 10 ဟာ Global ဗားရှင်း Mi 8 နဲ့ Redmi 5 အတွက်ဖြစ်ပြီး China ဗားရှင်း အသုံးပြုသူတွေ အတွက်ကတော့ MIUI 10 ရရှိပြီးကြပါပြီ။ Global ဗားရှင်း Mi 8 နဲ့ Redmi 5 အသုံးပြုသူတွေဆိုရင်တော့ မိမိဖုန်းရဲ့ “About Phone” ထဲဝင်ကာ “System Update” ကနေ တစ်ဆင့် OTA ရမရစစ်နိုင်ပါတယ်။ တစ်ကယ်လို့ OTA မရသေးရင်လည်း အောက်က Link တွေကနေ Full ROM ဒေါင်းပြီး ဖုန်း Storage ထဲထည့်ကာ Local Update ကိုရွေးပြီး MIUI 10 မြှင့်နိုင်ပါပြီ။

>>>MIUI 10 Global Stable for Mi 8<<<

>>>MIUI 10 Global Stable for Redmi 5<<<

Ref: XDA