Smartphone တွေဟာ အရင်က ဖုန်းတွေထက် သာလွန်ကောင်းမွန်ပြီး Smart ဖြစ်တာ အားလုံးလည်းသိမှာပါ။ ပိုပြီးစိတ်ဝင်စားဖို့ ကောင်းတာက Smartphone တွေနဲ့အပြိုင် သူတို့ရဲ့ Phone Cover တွေ Smartphone Case တွေပါ Smart ဖြစ်လာကြတာပါပဲ။

 

Source: androidauthority.com

Philip Frenzel လို့ခေါ်တဲ့ ဂျာမန် အင်ဂျင်နီယာ ကျောင်းသားတစ်ဦးဟာ Mobile Airbag လို့ခေါ်လို့ရမယ့် Smartphone Case တစ်ခုကို တီထွင်လိုက်ပါတယ်။ Mobile Airbag လို့ခေါ်ရတဲ့ အကြောင်းကတော့ သင့်ရဲ့ဖုန်း မတော်တဆ လွတ်ကျတာ ပြုတ်ကျတာမျိုး ရှိလာရင် အလိုအလျောက် ကာကွယ်ပေးတဲ့ စနစ်ကြောင့်ပါ။ ဒီ Smartphone Case မှာ ရုတ်တရက် ဖုန်းပြုတ်ကျတာကို အာရုံခံနိုင်တဲ့ Sensor ပါရှိပြီး ပုံမှာမြင်ရတဲ့ သတ္တုချောင်းလေးတွေဟာ ဖုန်းပြုတ်ကျတာနဲ့ ချက်ချင်း အလိုအလျောက် ထွက်ရှိလာပြီး ကာကွယ်ပေးမှာ ဖြစ်ပါတယ်။ အဲ့ဒီ သတ္တုချောင်းတွေဟာ ဖုန်းကို ကောက်ပြီးတာနဲ့ ခေါက်ပြီး သိမ်းလိုက်လို့လည်း ရပါတယ်။

Source: digitaltrends.com

စိတ်မကောင်းစရာ တစ်ချက်ကတော့ ဒီ Mobile Airbag လို့ခေါ်တဲ့ Smartphone Case ဟာ နမူနာအဆင့်ပဲ ရှိသေးပြီး ဈေးကွက်ထဲ ရောက်ရှိဖို့တော့ မဖြစ်နိုင်သေးပါဘူး။ သူ့ရဲ့ ဒီဇိုင်းက ကြည့်ရဆိုးနေလို့လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် Philip Frenzel နဲ့အဖွဲ့ကတော့ လက်မလျှော့သေးပဲ ပိုကောင်းတဲ့ ဒီဇိုင်း ပိုကောင်းတဲ့ အရည်အသွေးနဲ့ ပြန်လာဖို့အတွက် ပြင်ဆင်နေပါတယ်။

https://www.youtube.com/watch?time_continue=1&v=mLoEcgAaRpI