Angry Birds ဂိမ္းစီးရီးနဲ႔ လူသိမ်ားတဲ့ Rovio က မာလ္တီပေလယာ Battle Arena ပုံစံကို ကြဲျပားတဲ့ အေျဖရွာမႈမ်ဳိးနဲ႔ ခ်ဥ္းကပ္ထားတဲ့ ဂိမ္းတစ္ခု ျဖစ္ပါတယ္။ ကစားသူေတြဟာ တင့္ကားနဲ႔ ေရယာဥ္ ေပါင္းစပ္ထားတဲ့ စစ္သေဘၤာဆန္ဆန္ ယာဥ္ေလးေတြကို ကိုင္တြယ္ျပီး တစ္ဖက္ငါးေယာက္စီ တုိက္ခုိက္ရမွာပါ။

Gameplay

ကစားသမား တစ္ဖက္ငါးေယာက္စီ ပါတဲ့ အသင္းႏွစ္သင္းဟာ တစ္ဖက္အသင္းကို အျပတ္ရွင္းႏုိင္ဖို႔ ၾကိဳးစား၊ ဒါမွမဟုတ္ရင္ သတ္မွတ္ေပးထားတဲ့ ေနရာကို သိမ္းပိုက္ျပီး လုံေလာက္တဲ့အခ်ိန္ထိ ဆြဲထားႏုိင္ရင္ အႏုိင္ရပါတယ္။

ကစားသမားေတြဟာ ေရြးခ်ယ္စရာ သေဘာၤေလးမ်ဳိး ရွိျပီး လွ်င္ျမန္ေပမယ့္ လက္နက္သိပ္မတင္ႏုိင္တဲ့ Speeder, အနည္းငယ္ေႏွးေကြးေပမယ့္ လက္နက္မ်ားမ်ားတင္ႏုိင္တဲ့ Enforcer, ေလးလံေႏွးေကြးျပီး ေသြးအား (HP) မ်ားတဲ့ သတ္ဖို႔မလြယ္တဲ့ Defender (တနည္းအားျဖင့္ Tank), Support လို႔ဆုိႏုိင္တဲ့ လွ်င္ျမန္ျပီး အျခား သေဘာၤေတြကို ေသြးျပန္ျဖည့္ေပးႏုိင္တဲ့ Fixer တုိ႔ ျဖစ္ပါတယ္။

ထိန္းခ်ဳပ္မႈပုိင္းကေတာ့ ဘယ္ဘက္လက္က အေရွ႕အေနာက္ သြားလာတာကို ထိန္းခ်ဳပ္ေပးတဲ့ Directional pad အျဖစ္ အလုပ္လုပ္ရျပီး ညာဘက္ကေတာ့ ကိုယ့္သေဘၤာေပၚ တင္ထားတဲ့ လက္နက္ကို လုိက္ခ်ိန္ရတာပါ။ ညာဘက္ေထာင့္မွာပဲ လက္နက္ေတြရဲ႕ Icon ေလးေတြကို ပါျပီး ႏွိပ္လုိက္ရင္ သက္ဆုိင္ရာ လက္နက္ကုိ ခ်ိန္ထားတဲ့ ေနရာသုိ႔ ပစ္ခတ္ပါတယ္။ MOBA ဂိမ္းေတြလို ရန္သူဟီးရုိးကို Lock ခ်ျပီး အလိုအေလွ်ာက္ ခ်ိန္မေပးတဲ့အတြက္ ပုိခက္ပါတယ္။ Skill Shoot Style လို႔ ေခၚၾကတဲ့ ပုံစံမ်ဳိး ျဖစ္တယ္။ ပိုဆုိးတာက ေအာက္ေျခက ျငိမ္ေနတာ မဟုတ္ပါဘူး။ လႈိင္းေတြက တခ်ိန္လုံးေရြ႕လ်ားေနတဲ့အတြက္ တခါတရံ ပစ္လုိက္တဲ့ အေျမာက္က်ည္ဆန္က ေရထဲေရာက္သြားလို႔ Damage မထိတာမ်ဳိး ျဖစ္တတ္တယ္။ ဒါကပဲ ပိုေပ်ာ္စရာ ေကာင္းေနပါတယ္။

အႏုိင္ရရင္ ဆုအေနနဲ႔ လက္နက္ေတြ၊ သေဘၤာအစိတ္အပုိင္းေတြ ရရွိပါတယ္။ လက္နက္ေတြမွာ Rarity ပါဝင္ျပီး Rarity ပုိျမင့္ရင္ Upgrade ျမင့္ျမင့္တင္လုိ႔ရတယ္။ သေဘၤာေတြျဖစ္တဲ့အတြက္ Crew အဖြဲ႕သားေတြ ပါဝင္တယ္။ Crew ေတြကို Upgrade တင္လို႔ရျပီး သူတုိ႔မွာ ပါတဲ့ Talent ေတြက ကိုယ္အသုံးျပဳမယ့္ သေဘၤာကို လုိက္ျပီး ေရြးခ်ယ္ရယူႏုိင္ပါတယ္။

Graphic

ဂရပ္ဖစ္ ပံုထြက္ပုိင္းကေတာ့ Rovio လို ကုမၸဏီက ပိုက္ဆံရွိမွ ထထုတ္တဲ့ ဂိမ္းဆုိေတာ့ ေျပာစရာ မလိုပါဘူး။ ခ်စ္စရာေကာင္းတဲ့ ရုပ္ပုံေလးေတြကိုပဲ Rovio ဆန္စြာ သုံးစြဲထားတယ္။ အရမ္း Realistic မျဖစ္ေပမယ့္ ကာလာစုံလင္ျပီး လွပတဲ့ အျမင္ပုိင္း ပိုင္ဆုိင္ပါတယ္။ ျပီးေတာ့ အေရးၾကီးဆုံးအခ်က္က တုိက္ပြဲေတြမွာ ရွင္းလင္းစြာ ျမင္ရတယ္။ သေဘၤာတစ္ခုခ်င္းရဲ႕ အမ်ဳိးအစားနဲ႔ တပ္ဆင္ထားတဲ့ အစိတ္အပိုင္းေတြကို ျမင္ႏုိင္ပါတယ္။

Battle Bay ကေတာ့ World of Tank ဂိမ္းၾကီးရဲ႕ မုိဘုိင္းေရတပ္ဗားရွင္းလို႔ ေျပာရင္ေတာင္ ရမယ္ ထင္တယ္။ ကစားရတာ ပ်င္းစရာ မေကာင္းဘဲ ဆက္တုိက္ကစားႏုိင္ေအာင္လည္း ဖန္တီးေပးထားတယ္။ Mobile Legend, Vain Glory, AoV တုိ႔လို မိုဘုိင္း MOBA ဂိမ္းေတြ ၾကိဳက္ရင္ အပ်င္းေျပ စမ္းေဆာ့ၾကည့္သင့္တဲ့ ဂိမ္းေလးပါပဲ။

Unicode

Angry Birds ဂိမ်းစီးရီးနဲ့ လူသိများတဲ့ Rovio က မာလ်တီပလေယာ Battle Arena ပုံစံကို ကွဲပြားတဲ့ အဖြေရှာမှုမျိုးနဲ့ ချဉ်းကပ်ထားတဲ့ ဂိမ်းတစ်ခု ဖြစ်ပါတယ်။ ကစားသူတွေဟာ တင့်ကားနဲ့ ရေယာဉ် ပေါင်းစပ်ထားတဲ့ စစ်သင်္ဘောဆန်ဆန် ယာဉ်လေးတွေကို ကိုင်တွယ်ပြီး တစ်ဖက်ငါးယောက်စီ တိုက်ခိုက်ရမှာပါ။

Gameplay

ကစားသမား တစ်ဖက်ငါးယောက်စီ ပါတဲ့ အသင်းနှစ်သင်းဟာ တစ်ဖက်အသင်းကို အပြတ်ရှင်းနိုင်ဖို့ ကြိုးစား၊ ဒါမှမဟုတ်ရင် သတ်မှတ်ပေးထားတဲ့ နေရာကို သိမ်းပိုက်ပြီး လုံလောက်တဲ့အချိန်ထိ ဆွဲထားနိုင်ရင် အနိုင်ရပါတယ်။

ကစားသမားတွေဟာ ရွေးချယ်စရာ သဘောၤလေးမျိုး ရှိပြီး လျှင်မြန်ပေမယ့် လက်နက်သိပ်မတင်နိုင်တဲ့ Speeder, အနည်းငယ်နှေးကွေးပေမယ့် လက်နက်များများတင်နိုင်တဲ့ Enforcer, လေးလံနှေးကွေးပြီး သွေးအား (HP) များတဲ့ သတ်ဖို့မလွယ်တဲ့ Defender (တနည်းအားဖြင့် Tank), Support လို့ဆိုနိုင်တဲ့ လျှင်မြန်ပြီး အခြား သဘောၤတွေကို သွေးပြန်ဖြည့်ပေးနိုင်တဲ့ Fixer တို့ ဖြစ်ပါတယ်။

ထိန်းချုပ်မှုပိုင်းကတော့ ဘယ်ဘက်လက်က အရှေ့အနောက် သွားလာတာကို ထိန်းချုပ်ပေးတဲ့ Directional pad အဖြစ် အလုပ်လုပ်ရပြီး ညာဘက်ကတော့ ကိုယ့်သင်္ဘောပေါ် တင်ထားတဲ့ လက်နက်ကို လိုက်ချိန်ရတာပါ။ ညာဘက်ထောင့်မှာပဲ လက်နက်တွေရဲ့ Icon လေးတွေကို ပါပြီး နှိပ်လိုက်ရင် သက်ဆိုင်ရာ လက်နက်ကို ချိန်ထားတဲ့ နေရာသို့ ပစ်ခတ်ပါတယ်။ MOBA ဂိမ်းတွေလို ရန်သူဟီးရိုးကို Lock ချပြီး အလိုအလျှောက် ချိန်မပေးတဲ့အတွက် ပိုခက်ပါတယ်။ Skill Shoot Style လို့ ခေါ်ကြတဲ့ ပုံစံမျိုး ဖြစ်တယ်။ ပိုဆိုးတာက အောက်ခြေက ငြိမ်နေတာ မဟုတ်ပါဘူး။ လှိုင်းတွေက တချိန်လုံးရွေ့လျားနေတဲ့အတွက် တခါတရံ ပစ်လိုက်တဲ့ အမြောက်ကျည်ဆန်က ရေထဲရောက်သွားလို့ Damage မထိတာမျိုး ဖြစ်တတ်တယ်။ ဒါကပဲ ပိုပျော်စရာ ကောင်းနေပါတယ်။

အနိုင်ရရင် ဆုအနေနဲ့ လက်နက်တွေ၊ သင်္ဘောအစိတ်အပိုင်းတွေ ရရှိပါတယ်။ လက်နက်တွေမှာ Rarity ပါဝင်ပြီး Rarity ပိုမြင့်ရင် Upgrade မြင့်မြင့်တင်လို့ရတယ်။ သင်္ဘောတွေဖြစ်တဲ့အတွက် Crew အဖွဲ့သားတွေ ပါဝင်တယ်။ Crew တွေကို Upgrade တင်လို့ရပြီး သူတို့မှာ ပါတဲ့ Talent တွေက ကိုယ်အသုံးပြုမယ့် သင်္ဘောကို လိုက်ပြီး ရွေးချယ်ရယူနိုင်ပါတယ်။

Graphic

ဂရပ်ဖစ် ပုံထွက်ပိုင်းကတော့ Rovio လို ကုမ္ပဏီက ပိုက်ဆံရှိမှ ထထုတ်တဲ့ ဂိမ်းဆိုတော့ ပြောစရာ မလိုပါဘူး။ ချစ်စရာကောင်းတဲ့ ရုပ်ပုံလေးတွေကိုပဲ Rovio ဆန်စွာ သုံးစွဲထားတယ်။ အရမ်း Realistic မဖြစ်ပေမယ့် ကာလာစုံလင်ပြီး လှပတဲ့ အမြင်ပိုင်း ပိုင်ဆိုင်ပါတယ်။ ပြီးတော့ အရေးကြီးဆုံးအချက်က တိုက်ပွဲတွေမှာ ရှင်းလင်းစွာ မြင်ရတယ်။ သင်္ဘောတစ်ခုချင်းရဲ့ အမျိုးအစားနဲ့ တပ်ဆင်ထားတဲ့ အစိတ်အပိုင်းတွေကို မြင်နိုင်ပါတယ်။

Battle Bay ကတော့ World of Tank ဂိမ်းကြီးရဲ့ မိုဘိုင်းရေတပ်ဗားရှင်းလို့ ပြောရင်တောင် ရမယ် ထင်တယ်။ ကစားရတာ ပျင်းစရာ မကောင်းဘဲ ဆက်တိုက်ကစားနိုင်အောင်လည်း ဖန်တီးပေးထားတယ်။ Mobile Legend, Vain Glory, AoV တို့လို မိုဘိုင်း MOBA ဂိမ်းတွေ ကြိုက်ရင် အပျင်းပြေ စမ်းဆော့ကြည့်သင့်တဲ့ ဂိမ်းလေးပါပဲ။