ငယ္ငယ္က Family ဂိမ္းစက္မွာ စေဆာ့ခဲ့ရတဲ့ ရမ္ဘုိ Contra ဂိမ္းေလးဟာလည္း စမတ္ဖုန္းေပၚ ေရာက္လာခဲ့ပါျပီ။ မုိဘုိင္းဂိမ္းေတြရဲ႕ ထုံးစံအတုိင္း ဟီးရုိးေတြ၊ Weapon ေတြကို ဝယ္ယူႏုိင္ေပမယ့္ အခမဲ့လည္း ကစားႏုိင္တဲ့ ဂိမ္းေကာင္းတစ္ခုျဖစ္ပါတယ္။ ထူးျခားခ်က္ကေတာ့ မူရင္းဂိမ္းရဲ႕ ကစားဟန္ကို လုံးဝ မေျပာင္းလဲဘဲ ဟိုးအရင္ Family ဂိမ္းက စတုိင္မ်ဳိး ျပန္လုပ္ထားတာပါ။

Plot

သကၠရာဇ္ ၂၆၇၇ ခုႏွစ္မွာ ကမာၻေျမကို ျဂိဳဟ္သားေတြက ပထမဆုံး စတင္က်ဴးေက်ာ္လာပါတယ္။ ဒီအခါ လူသားေတြထဲက ကိုယ္က်ဳိးပဲၾကည့္တတ္တဲ့ သစၥာေဖာက္ေတြေၾကာင့္ေရာ ကမာၻေျမတစ္ခုလုံး ျပိဳလဲရေတာ့မယ့္ အခ်ိန္မွာ Contra လို႔ေခၚတဲ့ အဖြဲ႕အစည္းက ျပန္လည္ခုခံယူရတာပါ။ ဒီလုိ ခုခံရင္းနဲ႔ ျဂိဳဟ္သားေတြ၊ သစၥာေဖာက္အဖြဲ႕တပ္သားေတြသာမက ဇြန္ဘီေတြလို ရန္သူသစ္ေတြပါ ပါဝင္လာတာကို Story Mode ကစားရင္း စိတ္ဝင္စားစရာ ျဖတ္ေက်ာ္ရမွာပါ။

Gameplay

ကစားရတဲ့ပုံက Virtual Button နဲ႔ပါ။ ဘယ္ဘက္မွာ အေပၚေအာက္ဘယ္ညာ Directional Pad ပါျပီး ညာဘက္က ေသနတ္ပစ္တဲ့ Button ကလည္း ကိုယ္ပစ္ခ်င္တဲ့ဘက္ကို ဆြဲပစ္ႏုိင္တယ္။ ဟီးရုိးေတြမွာ တစ္ေယာက္နဲ႔တစ္ေယာက္ မတူညီတဲ့ ပါဝါေတြပါျပီး ေဆာ့ရတဲ့ အခန္းကို လိုက္ျပီးေတာ့ ဟီးရုိးေတြ၊ ေသနတ္ေတြ ေျပာင္းလဲ ေဆာ့ကစားရမွာပါ။
ဟီးရုိးပါဝါေတြနဲ႔ ေသနတ္ေတြကုိလည္း Upgrade တင္ရမွာ ျဖစ္သလို၊ ဟီးရုိးအသစ္ လက္နက္အသစ္ေတြ ရဖို႔ကိုေတာ့ ဝယ္ရင္ဝယ္၊ မဝယ္ရင္ Shard ေတြနဲ႔ စိတ္ရွည္လက္ရွည္ စုရမွာ ျဖစ္ပါတယ္။ Story Mode သာမကပဲ Player Vs Player နဲ႔ Multi-player Mode ေတြလည္း ပါဝင္လာတယ္။
အဓိက ၾကိဳက္ႏွစ္သက္တဲ့အခ်က္ကေတာ့ Family ဂိမ္း၊ နင္တန္းဒုိးဂိမ္းေတြမွာ ဟုိးအရင္ဆုံး စေဆာ့ခဲ့ရတဲ့ ပုံစံမ်ဳိး ေပါက္ေအာင္ ျပန္ဖန္တီးထားတာရယ္၊ စိတ္ဝင္စားစရာ ဇာတ္လမ္းသြားေပၚမွာ ဘာေၾကာင့္ တုိက္ခုိက္ေနရတယ္ ဆုိတာကို ရွင္းျပေနရင္း ငယ္ငယ္က ခ်ခဲ့ရတဲ့ ရန္သူ Boss ၾကီးေတြကို ျပန္ခ်ရတာရယ္ ပါပဲ။

Graphic Quality

ဂရပ္ဖစ္ပုံထြက္ကေတာ့ သူ႕ရဲ႕ 1GB နီးပါး ေဒတာဆုိက္နဲ႔ ယွဥ္ၾကည့္ရင္ ေကာင္းတယ္လို႔ ေျပာလို႔မရဘူး။ ဒါေပမယ့္ မူရင္း Contra ဂိမ္းပုံစံ ျဖစ္ေအာင္ ျပန္လုပ္ထားတာ ျဖစ္ပါတယ္။ PlayStation One ေပၚက Metal Slug ေသနတ္ပစ္ဂိမ္းနဲ႔ ပိုဆင္တူတယ္။ UI ကေတာ့ အမုိက္စားပါပဲ။ ေနာက္ခံဂီတသံေတြကလည္း မူရင္းဂိမ္းအရသာ ျပန္ရေအာင္ပဲ ဦးစားေပးထားပုံေပၚတယ္။

Contra: Return ကို မုိဘုိင္းေပၚ ပို႔ေဆာင္လာသူကေတာ့ Garena နဲ႔ မူရင္းပိုင္ရွင္ Konami ဂိမ္းကုမၸဏီ တုိ႔ပါ။ ဒီလို နာမည္ၾကီးဂိမ္းကုမၸဏီေတြက Retro အရသာ ျပန္ရေအာင္ ထုတ္ေပးတဲ့ဂိမ္းကို အလကား ေဆာ့လို႔ ရမယ္ဆုိတာကတင္ ေတာ္ေတာ္ ေက်နပ္စရာေကာင္းေနပါျပီ။ ဝမ္းသာစရာေကာင္းတာက ဒီဂိမ္းဟာ တကယ္လဲ Contra ပရိသတ္ေတြ ႏွစ္သက္မွာျဖစ္ျပီး ဘလူးတုသ္ဂိမ္းလက္ကုိင္နဲ႔ ခ်ိတ္ေဆာ့ရင္ေတာ့ Perfect ပါပဲ။

Unicode

ငယ်ငယ်က Family ဂိမ်းစက်မှာ စဆော့ခဲ့ရတဲ့ ရမ်ဘို Contra ဂိမ်းလေးဟာလည်း စမတ်ဖုန်းပေါ် ရောက်လာခဲ့ပါပြီ။ မိုဘိုင်းဂိမ်းတွေရဲ့ ထုံးစံအတိုင်း ဟီးရိုးတွေ၊ Weapon တွေကို ဝယ်ယူနိုင်ပေမယ့် အခမဲ့လည်း ကစားနိုင်တဲ့ ဂိမ်းကောင်းတစ်ခုဖြစ်ပါတယ်။ ထူးခြားချက်ကတော့ မူရင်းဂိမ်းရဲ့ ကစားဟန်ကို လုံးဝ မပြောင်းလဲဘဲ ဟိုးအရင် Family ဂိမ်းက စတိုင်မျိုး ပြန်လုပ်ထားတာပါ။

Plot

သက္ကရာဇ် ၂၆၇၇ ခုနှစ်မှာ ကမ္ဘာမြေကို ဂြိုဟ်သားတွေက ပထမဆုံး စတင်ကျူးကျော်လာပါတယ်။ ဒီအခါ လူသားတွေထဲက ကိုယ်ကျိုးပဲကြည့်တတ်တဲ့ သစ္စာဖောက်တွေကြောင့်ရော ကမ္ဘာမြေတစ်ခုလုံး ဗုံးဗုံးလဲရတော့မယ့် အချိန်မှာ Contra လို့ခေါ်တဲ့ အဖွဲ့အစည်းက ပြန်လည်ခုခံယူရတာပါ။ ဒီလို ခုခံရင်းနဲ့ ဂြိုဟ်သားတွေ၊ သစ္စာဖောက်အဖွဲ့တပ်သားတွေသာမက ဇွန်ဘီတွေလို ရန်သူသစ်တွေပါ ပါဝင်လာတာကို Story Mode ကစားရင်း စိတ်ဝင်စားစရာ ဖြတ်ကျော်ရမှာပါ။

Gameplay

ကစားရတဲ့ပုံက Virtual Button နဲ့ပါ။ ဘယ်ဘက်မှာ အပေါ်အောက်ဘယ်ညာ Directional Pad ပါပြီး ညာဘက်က သေနတ်ပစ်တဲ့ Button ကလည်း ကိုယ်ပစ်ချင်တဲ့ဘက်ကို ဆွဲပစ်နိုင်တယ်။ ဟီးရိုးတွေမှာ တစ်ယောက်နဲ့တစ်ယောက် မတူညီတဲ့ ပါဝါတွေပါပြီး ဆော့ရတဲ့ အခန်းကို လိုက်ပြီးတော့ ဟီးရိုးတွေ၊ သေနတ်တွေ ပြောင်းလဲ ဆော့ကစားရမှာပါ။
ဟီးရိုးပါဝါတွေနဲ့ သေနတ်တွေကိုလည်း Upgrade တင်ရမှာ ဖြစ်သလို၊ ဟီးရိုးအသစ် လက်နက်အသစ်တွေ ရဖို့ကိုတော့ ဝယ်ရင်ဝယ်၊ မဝယ်ရင် Shard တွေနဲ့ စိတ်ရှည်လက်ရှည် စုရမှာ ဖြစ်ပါတယ်။ Story Mode သာမကပဲ Player Vs Player နဲ့ Multi-player Mode တွေလည်း ပါဝင်လာတယ်။
အဓိက ကြိုက်နှစ်သက်တဲ့အချက်ကတော့ Family ဂိမ်း၊ နင်တန်းဒိုးဂိမ်းတွေမှာ ဟိုးအရင်ဆုံး စဆော့ခဲ့ရတဲ့ ပုံစံမျိုး ပေါက်အောင် ပြန်ဖန်တီးထားတာရယ်၊ စိတ်ဝင်စားစရာ ဇာတ်လမ်းသွားပေါ်မှာ ဘာကြောင့် တိုက်ခိုက်နေရတယ် ဆိုတာကို ရှင်းပြနေရင်း ငယ်ငယ်က ချခဲ့ရတဲ့ ရန်သူ Boss ကြီးတွေကို ပြန်ချရတာရယ် ပါပဲ။

Graphic Quality

ဂရပ်ဖစ်ပုံထွက်ကတော့ သူ့ရဲ့ 1GB နီးပါး ဒေတာဆိုက်နဲ့ ယှဉ်ကြည့်ရင် ကောင်းတယ်လို့ ပြောလို့မရဘူး။ ဒါပေမယ့် မူရင်း Contra ဂိမ်းပုံစံ ဖြစ်အောင် ပြန်လုပ်ထားတာ ဖြစ်ပါတယ်။ PlayStation One ပေါ်က Metal Slug သေနတ်ပစ်ဂိမ်းနဲ့ ပိုဆင်တူတယ်။ UI ကတော့ အမိုက်စားပါပဲ။ နောက်ခံဂီတသံတွေကလည်း မူရင်းဂိမ်းအရသာ ပြန်ရအောင်ပဲ ဦးစားပေးထားပုံပေါ်တယ်။

Contra: Return ကို မိုဘိုင်းပေါ် ပို့ဆောင်လာသူကတော့ Garena နဲ့ မူရင်းပိုင်ရှင် Konami ဂိမ်းကုမ္ပဏီ တို့ပါ။ ဒီလို နာမည်ကြီးဂိမ်းကုမ္ပဏီတွေက Retro အရသာ ပြန်ရအောင် ထုတ်ပေးတဲ့ဂိမ်းကို အလကား ဆော့လို့ ရမယ်ဆိုတာကတင် တော်တော် ကျေနပ်စရာကောင်းနေပါပြီ။ ဝမ်းသာစရာကောင်းတာက ဒီဂိမ်းဟာ တကယ်လဲ Contra ပရိသတ်တွေ နှစ်သက်မှာဖြစ်ပြီး ဘလူးတုသ်ဂိမ်းလက်ကိုင်နဲ့ ချိတ်ဆော့ရင်တော့ Perfect ပါပဲ။