[Zawgyi]

ပါဝါရိန္းဂ်ား (Power Rangers) ဟာ ၉၀ ဖြားေတြ ငယ္စဥ္ထဲက ႏွစ္သက္စြာ အားေပးခဲ့သလုိ အခုထိလည္း ႏွစ္စဥ္ထြက္ရွိေနစဥ္ Franchise ၾကီးတစ္ခုပါ။ မုိဘုိင္းဂိမ္းေတြ ေခတ္စားလာတဲ့အခါ အျခား Franchise ေတြလိုပဲ Power Rangers ဂိမ္းေတြလည္း ေပၚလာတတ္ေပမယ့္ အခုခ်ိန္ထိေတာ့ စိတ္ၾကိဳက္ မေတြ႕ေသးပါဘူး။ Power Rangers: All Stars ဟာ ပထမဆုံး ပါဝါရိန္းဂ်ား RPG ဂိမ္းျဖစ္ျပီး ၂၀၁၈ ႏုိဝင္ဘာ တတိယပတ္ထဲ ေရာက္မွ ထြက္လာခဲ့တာပါ။ ဒီဂိမ္းကို Pre-register အဆင့္မွာတည္းက ေတာ္ေတာ္ ရင္ခုန္ျပီး ေစာင့္ခဲ့ရေပမယ့္ ေစာင့္ရက်ဳိးနပ္လား မနပ္လားဆိုတာ ဆက္လက္ေဖာ္ျပသြားပါ့မယ္။

Plot

Power Rangers RPM စီးရီးထဲက အဓိက ဗီလိန္ျဖစ္တဲ့ Venjix ရဲ႕ လႈပ္ရွားမႈကို တားဆီးဖို႔အတြက္ Ranger Operator Red, Yellow နဲ႔ Blue တုိ႔ဟာ ပေရာ္ဖက္ဆာ Q ရဲ႕ ဓါတ္ခြဲခန္းဆီ ေရာက္လာခဲ့ပါတယ္။ ဒီအခါ ပေရာ္ဖက္ဆာ Q ဟာ ဒီဘက္ကမာၻက လူသားေတြကို ေဘးကင္းရာ အျခားစၾကာဝဠာေတြသုိ႔ ေျပာင္းလဲသြားေရာက္ႏုိင္ဖို႔ Portal တစ္ခုကို ဖြင့္လွစ္ထားတာ ေတြ႕ရေပမယ့္ အဲ့ဒီ Portal ရဲ႕တစ္ဖက္မွာလည္း အျခားအျခားေသာ Power Rangers စၾကာဝဠာေတြက ဗီလိန္ေတြ၊ မြန္းစတားေတြ ျပည့္ႏွက္ေနတာကို ေတြ႕လုိက္ရတဲ့အခါမွာေတာ့ Rangers Red, Yellow နဲ႔ Blue တုိ႔ဟာ အျခားစၾကာဝဠာက သူရဲေကာင္းေတြကိုပါ သတိေပးဖုိ႔၊ လူစုျပီး မိစာၦေကာင္ေတြကို ႏွိမ္နင္းဖို႔ ခရီးႏွင္လာၾကပါေတာ့တယ္။

Gameplay

ကစားပုံကေတာ့ ခပ္ညံ့ညံ့ မိုဘုိင္း RPG တစ္ခုလို႔ ဆုိရမွာပါ။ ကစားသူဟာ Chibi လို႔ေခၚတဲ့ ပါဝါရိန္းဂ်ား ဇာတ္ေကာင္ အေသးေလးေတြကို ငါးေယာက္ပါတဲ့ အသင္းတစ္သင္း စုစည္းျပီး အဆင့္တစ္ခုခ်င္းစီ ရွင္းလင္းသြားရမယ္။ အျခားကစားသူေတြနဲ႔ Alliances ဖြဲ႕ျပီး Raid ေတြ ကစားရမယ္၊ ေဘာနပ္စ္ေတြ ရမယ္။ အခ်င္းခ်င္း ယွဥ္ျပိဳင္ႏုိင္တဲ့ Arena လည္း ရွိမယ္ဆုိတဲ့ ပုံစံေဟာင္းပါပဲ။

ပါဝါရိန္းဂ်ားတို႔ရဲ႕ ထုံးစံအတုိင္း ဗီလိန္အၾကီးၾကီးေတြ ေပၚလာရင္ Megazord ၾကီးေတြ ေခၚခ်ႏုိင္တယ္။ အဖြဲ႕တူ ပါဝါရိန္းဂ်ား အကုန္ရွိမွ သက္ဆုိင္ရာ Megazord ကိုေခၚႏုိင္မွာပါ။ ဥပမာ – Mighty Morphin PR ရဲ႕ Megazord စက္ရုပ္ၾကီးကို ေခၚခ်င္ရင္ Mighty Morphin PR အနီ၊ အနက္၊ အျပာ၊ အဝါ၊ ပန္းေရာင္ ငါးေယာက္ အရင္စုရမယ္ ဆုိတဲ့ ပုံစံပါ။

ေရြးခ်ယ္စရာ ကာရုိက္တာေတြကေတာ့ ေတာ္ေတာ္မ်ားပါတယ္။ MMPR ေခတ္ကေန Samurai အထိ ပါဝါရိန္းဂ်ားေပါင္း ၅၀ ေက်ာ္ကို Recruit လုပ္ႏုိင္တယ္။ ဒါေပမယ့္ မုိဘုိင္း RPG ေတြရဲ႕ ထုံးစံအတုိင္းပဲ ကာရုိက္တာ တစ္ေကာင္ကိုရဖို႔ မဲႏႈိက္ရတာ၊ Mission ေတြေဆာ့ရတာ၊ ကုိယ္ၾကိဳက္တဲ့ အေကာင္ကို ျမန္ျမန္ လိုခ်င္ရင္ တကယ့္ပိုက္ဆံနဲ႔ ဝယ္ရတာ စတာေတြခ်ည္းပါပဲ။

ကစားရတာမွာ မၾကိဳက္ဆုံးက အစတည္းက Auto လႊတ္ထားေပးလို႔ ရတာပါပဲ။ ပါဝါရိန္းဂ်ားစီးရီးဟာ အစတည္းက ကေလးငယ္ေတြကို ရည္ရြယ္ထုတ္လုပ္တဲ့ ေဖ်ာ္ေျဖေရးစီးရီး ျဖစ္လို႔ အရြယ္ေရာက္ျပီးသား လူၾကီးေတြထက္ ကေလးေတြကိုပဲ ဦးတည္လာပုံရျပီး ကစားသူ လုပ္ေပးရမွာက ငါးေယာက္စုျပီး လႊတ္ေပးလိုက္ရုံပါပဲ။ သူတို႔ဘာသာပဲ Ability ေတြ သုံးျပီး ခ်သြားပါလိမ့္မယ္။ Megazord ကို Manual ေခၚေပးရတာက လြဲလို႔ က်န္တာက မုိဘိုင္း RPG အေနနဲ႔ေတာင္ ေတာ္ေတာ္ ပ်င္းဖို႔ ေကာင္းပါတယ္။

Graphic

Gameplay က သိပ္အားရစရာ မရွိဘူးဆုိေတာ့ ဂရပ္ဖစ္ကေရာ လုိ႔ ေမးစရာရွိတယ္။ ကၽြန္ေတာ္တို႔ PR စီးရီးေတြကို ၾကိဳက္တာ သူတုိ႔ရဲ႕ လွပတဲ့ ဝတ္စုံဒီဇုိင္းေတြ၊ ပါဝါစြမ္းအင္ေတြေၾကာင့္လည္း ပါတယ္ မဟုတ္လား။

ဒါေပမယ့္ PR: All Stars မွာေတာ့ ေရွ႕ႏွစ္ကထြက္ခဲ့တဲ့ PR: Legacy Wars ထဲကလိုေတာင္ လွလွပပ ဝတ္စုံဒီဇုိင္းေတြ ခ်တာေတြကို အျပည့္အဝ မျမင္ရပါဘူး။ Chibi စတုိင္လ္လို႔ ေခၚတဲ့ ပုံမွန္အခ်ဳိးထက္ ကိုယ္ထည္ ေသးငယ္ေအာင္ ဖန္တီးထားတဲ့ ခ်စ္စရာပုံစံေၾကာင့္ ပလတ္စတစ္ရုပ္ေလးေတြနဲ႔သာ တူေနပါတယ္။ Megazord ေတြကိုေခၚျပီး ခ်တာကအစ ဆြဲေဆာင္မႈ ရွိတယ္လို႔ ေျပာဖို႔ ခက္ပါတယ္။

အခ်ဳပ္ေျပာရရင္ေတာ့ Power Rangers: All Stars ဟာ အရြယ္ေရာက္ျပီးသား ပရိသတ္ေတြအတြက္ မဟုတ္ဘဲ ကေလးေတြအတြက္ အပ်င္းေျပထုတ္ေပးလိုက္တဲ့ ပုံစံေပါက္ေနပါတယ္။ အရြယ္ေရာက္ျပီးသား ပရိသတ္ေတြကေတာ့ စိတ္ပ်က္စရာေကာင္းႏုိင္ျပီး မႏွစ္က Legacy Wars ရဲ႕ တစ္ေယာက္တစ္ေယာက္ခ်င္း ခ်တဲ့ ပုံစံကို မၾကိဳက္တဲ့ သူေတြအတြက္ ေနာက္ထပ္အသစ္ထြက္လာမယ့္ ပါဝါရိန္းဂ်ားဂိမ္းကိုသာ ဆက္ေစာင့္ေမွ်ာ္ပါဦးလို႔ပဲ ေျပာခ်င္ပါတယ္။

[Unicode]

ပါဝါရိန်းဂျား (Power Rangers) ဟာ ၉၀ ဖွားတွေ ငယ်စဉ်ထဲက နှစ်သက်စွာ အားပေးခဲ့သလို အခုထိလည်း နှစ်စဉ်ထွက်ရှိနေစဉ် Franchise ကြီးတစ်ခုပါ။ မိုဘိုင်းဂိမ်းတွေ ခေတ်စားလာတဲ့အခါ အခြား Franchise တွေလိုပဲ Power Rangers ဂိမ်းတွေလည်း ပေါ်လာတတ်ပေမယ့် အခုချိန်ထိတော့ စိတ်ကြိုက် မတွေ့သေးပါဘူး။ Power Rangers: All Stars ဟာ ပထမဆုံး ပါဝါရိန်းဂျား RPG ဂိမ်းဖြစ်ပြီး ၂၀၁၈ နိုဝင်ဘာ တတိယပတ်ထဲ ရောက်မှ ထွက်လာခဲ့တာပါ။ ဒီဂိမ်းကို Pre-register အဆင့်မှာတည်းက တော်တော် ရင်ခုန်ပြီး စောင့်ခဲ့ရပေမယ့် စောင့်ရကျိုးနပ်လား မနပ်လားဆိုတာ ဆက်လက်ဖော်ပြသွားပါ့မယ်။

Plot

Power Rangers RPM စီးရီးထဲက အဓိက ဗီလိန်ဖြစ်တဲ့ Venjix ရဲ့ လှုပ်ရှားမှုကို တားဆီးဖို့အတွက် Ranger Operator Red, Yellow နဲ့ Blue တို့ဟာ ပရော်ဖက်ဆာ Q ရဲ့ ဓါတ်ခွဲခန်းဆီ ရောက်လာခဲ့ပါတယ်။ ဒီအခါ ပရော်ဖက်ဆာ Q ဟာ ဒီဘက်ကမ္ဘာက လူသားတွေကို ဘေးကင်းရာ အခြားစကြာဝဠာတွေသို့ ပြောင်းလဲသွားရောက်နိုင်ဖို့ Portal တစ်ခုကို ဖွင့်လှစ်ထားတာ တွေ့ရပေမယ့် အဲ့ဒီ Portal ရဲ့တစ်ဖက်မှာလည်း အခြားအခြားသော Power Rangers စကြာဝဠာတွေက ဗီလိန်တွေ၊ မွန်းစတားတွေ ပြည့်နှက်နေတာကို တွေ့လိုက်ရတဲ့အခါမှာတော့ Rangers Red, Yellow နဲ့ Blue တို့ဟာ အခြားစကြာဝဠာက သူရဲကောင်းတွေကိုပါ သတိပေးဖို့၊ လူစုပြီး မိစ္ဆာကောင်တွေကို နှိမ်နင်းဖို့ ခရီးနှင်လာကြပါတော့တယ်။

Gameplay

ကစားပုံကတော့ ခပ်ညံ့ညံ့ မိုဘိုင်း RPG တစ်ခုလို့ ဆိုရမှာပါ။ ကစားသူဟာ Chibi လို့ခေါ်တဲ့ ပါဝါရိန်းဂျား ဇာတ်ကောင် အသေးလေးတွေကို ငါးယောက်ပါတဲ့ အသင်းတစ်သင်း စုစည်းပြီး အဆင့်တစ်ခုချင်းစီ ရှင်းလင်းသွားရမယ်။ အခြားကစားသူတွေနဲ့ Alliances ဖွဲ့ပြီး Raid တွေ ကစားရမယ်၊ ဘောနပ်စ်တွေ ရမယ်။ အချင်းချင်း ယှဉ်ပြိုင်နိုင်တဲ့ Arena လည်း ရှိမယ်ဆိုတဲ့ ပုံစံဟောင်းပါပဲ။

ပါဝါရိန်းဂျားတို့ရဲ့ ထုံးစံအတိုင်း ဗီလိန်အကြီးကြီးတွေ ပေါ်လာရင် Megazord ကြီးတွေ ခေါ်ချနိုင်တယ်။ အဖွဲ့တူ ပါဝါရိန်းဂျား အကုန်ရှိမှ သက်ဆိုင်ရာ Megazord ကိုခေါ်နိုင်မှာပါ။ ဥပမာ – Mighty Morphin PR ရဲ့ Megazord စက်ရုပ်ကြီးကို ခေါ်ချင်ရင် Mighty Morphin PR အနီ၊ အနက်၊ အပြာ၊ အဝါ၊ ပန်းရောင် ငါးယောက် အရင်စုရမယ် ဆိုတဲ့ ပုံစံပါ။

ရွေးချယ်စရာ ကာရိုက်တာတွေကတော့ တော်တော်များပါတယ်။ MMPR ခေတ်ကနေ Samurai အထိ ပါဝါရိန်းဂျားပေါင်း ၅၀ ကျော်ကို Recruit လုပ်နိုင်တယ်။ ဒါပေမယ့် မိုဘိုင်း RPG တွေရဲ့ ထုံးစံအတိုင်းပဲ ကာရိုက်တာ တစ်ကောင်ကိုရဖို့ မဲနှိုက်ရတာ၊ Mission တွေဆော့ရတာ၊ ကိုယ်ကြိုက်တဲ့ အကောင်ကို မြန်မြန် လိုချင်ရင် တကယ့်ပိုက်ဆံနဲ့ ဝယ်ရတာ စတာတွေချည်းပါပဲ။

ကစားရတာမှာ မကြိုက်ဆုံးက အစတည်းက Auto လွှတ်ထားပေးလို့ ရတာပါပဲ။ ပါဝါရိန်းဂျားစီးရီးဟာ အစတည်းက ကလေးငယ်တွေကို ရည်ရွယ်ထုတ်လုပ်တဲ့ ဖျော်ဖြေရေးစီးရီး ဖြစ်လို့ အရွယ်ရောက်ပြီးသား လူကြီးတွေထက် ကလေးတွေကိုပဲ ဦးတည်လာပုံရပြီး ကစားသူ လုပ်ပေးရမှာက ငါးယောက်စုပြီး လွှတ်ပေးလိုက်ရုံပါပဲ။ သူတို့ဘာသာပဲ Ability တွေ သုံးပြီး ချသွားပါလိမ့်မယ်။ Megazord ကို Manual ခေါ်ပေးရတာက လွဲလို့ ကျန်တာက မိုဘိုင်း RPG အနေနဲ့တောင် တော်တော် ပျင်းဖို့ ကောင်းပါတယ်။

Graphic

Gameplay က သိပ်အားရစရာ မရှိဘူးဆိုတော့ ဂရပ်ဖစ်ကရော လို့ မေးစရာရှိတယ်။ ကျွန်တော်တို့ PR စီးရီးတွေကို ကြိုက်တာ သူတို့ရဲ့ လှပတဲ့ ဝတ်စုံဒီဇိုင်းတွေ၊ ပါဝါစွမ်းအင်တွေကြောင့်လည်း ပါတယ် မဟုတ်လား။

ဒါပေမယ့် PR: All Stars မှာတော့ ရှေ့နှစ်ကထွက်ခဲ့တဲ့ PR: Legacy Wars ထဲကလိုတောင် လှလှပပ ဝတ်စုံဒီဇိုင်းတွေ ချတာတွေကို အပြည့်အဝ မမြင်ရပါဘူး။ Chibi စတိုင်လ်လို့ ခေါ်တဲ့ ပုံမှန်အချိုးထက် ကိုယ်ထည် သေးငယ်အောင် ဖန်တီးထားတဲ့ ချစ်စရာပုံစံကြောင့် ပလတ်စတစ်ရုပ်လေးတွေနဲ့သာ တူနေပါတယ်။ Megazord တွေကိုခေါ်ပြီး ချတာကအစ ဆွဲဆောင်မှု ရှိတယ်လို့ ပြောဖို့ ခက်ပါတယ်။

အချုပ်ပြောရရင်တော့ Power Rangers: All Stars ဟာ အရွယ်ရောက်ပြီးသား ပရိသတ်တွေအတွက် မဟုတ်ဘဲ ကလေးတွေအတွက် အပျင်းပြေထုတ်ပေးလိုက်တဲ့ ပုံစံပေါက်နေပါတယ်။ အရွယ်ရောက်ပြီးသား ပရိသတ်တွေကတော့ စိတ်ပျက်စရာကောင်းနိုင်ပြီး မနှစ်က Legacy Wars ရဲ့ တစ်ယောက်တစ်ယောက်ချင်း ချတဲ့ ပုံစံကို မကြိုက်တဲ့ သူတွေအတွက် နောက်ထပ်အသစ်ထွက်လာမယ့် ပါဝါရိန်းဂျားဂိမ်းကိုသာ ဆက်စောင့်မျှော်ပါဦးလို့ပဲ ပြောချင်ပါတယ်။