[Zawgyi]

၂၀၁၉ ခုႏွစ္ ဖိလစ္ပုိင္ႏိုင္ငံမွာ က်င္းပသြားမယ့္ အေရွ႕ေတာင္အာရွႏုိင္ငံေတြရဲ႕ အားကစားျပိဳင္ပြဲ SEA Games ဆီးဂိမ္းျပိဳင္ပြဲၾကီးမွာ e-Sports ကို အားကစားျပိဳင္ပြဲတစ္ခုအေနနဲ႔ ထည့္သြင္းက်င္းပသြားမွာျဖစ္သလို ဆုတံဆိပ္ ခ်ီးျမွင့္သြားမွာ ျဖစ္ေၾကာင္း ဖိလစ္ပုိင္ႏုိင္ငံရဲ႕ ဆီးဂိမ္းစီမံခန္႔ခြဲေရးေကာ္မတီက အတည္ျပဳလုိက္ပါျပီ။

အီလက္ထေရာနစ္အားကစား သုိ႔မဟုတ္ e-Sports ကို စစ္တုရင္ကစားနည္းလို ဦးေႏွာက္၊ ခႏၶာကိုယ္ ၾကံ႕ခုိင္မႈနဲ႔ ကၽြမ္းက်င္သြက္လက္မႈ ေရာစပ္ထားတဲ့ အားကစားနည္းအျဖစ္ လက္ခံလာၾကတာ အရွိန္အဟုန္ ျမင့္လာခ်ိန္မွာ အေရွ႕ေတာင္အာရွရဲ႕ e-Sports အမ်ဳိးအစားေပါင္းစုံမွာ လက္ရွိ အေအာင္ျမင္ဆုံး ႏုိင္ငံတစ္ခုလို႔ ဆုိႏုိင္တဲ့ ဆီးဂိမ္းအိမ္ရွင္ ဖိလစ္ပိုင္ဟာ ေနာက္ထပ္ေျခလွမ္းတစ္ခုကို ရဲရဲဝ့ံဝံ့ ခ်မွတ္လိုက္တာပါ။

 

ဗုဒၶဟူးေန႔မွာ ဒီသတင္းကို ဖိလစ္ပိုင္ အေရွ႕ေတာင္အာရွအားကစားျပိဳင္ပြဲ ေကာ္မတီ (PhilSGOC) မွ ဂိမ္းနဲ႔ပတ္သက္တဲ့ Hardware ေတြ ထုတ္လုပ္တဲ့ ကုမၸဏီၾကီး Razer နဲ႔ ပူးတြဲပါတနာေတြအျဖစ္ ေၾကျငာ အတည္ျပဳလိုက္တာ ျဖစ္ပါတယ္။

လာမယ့္ ဆီးဂိမ္းမွာ e-Sports က႑အတြက္ ေရႊတံဆိပ္ေျခာက္ခုေတာင္ ေပးမွာျဖစ္လို႔ မနည္းလွတဲ့ ပမာဏလို႔ ဆုိႏုိင္ပါတယ္။ ခ်ီးျမင့္သြားမယ့္အမ်ဳိးအစားေတြက ကြန္ျပဴတာဂိမ္းႏွစ္မ်ဳိး၊ ကြန္ဆုိးဂိမ္းႏွစ္မ်ဳိးနဲ႔ မုိဘုိင္းဂိမ္း ႏွစ္မ်ဳိး တုိ႔ျဖစ္ပါတယ္။

လက္ရွိမွာေတာ့ မုိဘုိင္းဂိမ္းအမ်ဳိးအစား Mobile Legends: Bang Bang ကိုသာ အတည္ျပဳေသးျပီး က်န္တဲ့ ဂိမ္းအမ်ဳိးအစားေတြကို ဒီဇင္ဘာ ၁၅ ရက္ ေနာက္ဆုံးထား ေရြးခ်ယ္သြားမယ္လို႔ ဆုိပါတယ္။ ဒါေပမယ့္ ႏုိင္ငံတကာအုိလံပစ္ေကာ္မတီရဲ႕ ညႊန္ၾကားခ်က္ျဖစ္တဲ့ “အၾကမ္းဖက္မႈႏွင့္ ေလာင္းကစားဓေလ့ကို အားမေပးရ” ဆုိတဲ့ စည္းကမ္းအား လိုက္နာသြားမယ္လို႔ ေကာ္မတီက ေျပာခဲ့ပါတယ္။

ပါဝင္ယွဥ္ျပိဳင္မယ့္ သူေတြကို ေရြးခ်ယ္ေစလႊတ္ခြင့္ရမွာ မဟုတ္ဘဲ ႏုိင္ငံတစ္ခုခ်င္းစီက လက္ရည္စစ္ပြဲ (Qualifier) မ်ား က်င္းပျပီး ေအာင္ျမင္သူေတြကို ေစလႊတ္ေစမွာ ျဖစ္တယ္လို႔ ဆုိပါတယ္။ Mobile Legends ဟာ MOBA လို႔ေခၚတဲ့ Multiplayer Online Battle Arena အမ်ဳိးအစားျဖစ္တာေၾကာင့္ ဖိလစ္ပုိင္မွာ ကစားသူ မ်ားျပားသလို ေအာင္ျမင္မႈလည္း ၾကီးမားလွတဲ့ ကြန္ျပဴတာ MOBA အမ်ဳိးအစား Dota 2 ဂိမ္းလည္း ပါဝင္လာဖို႔ အခြင့္အလမ္းမ်ားေနပါတယ္။

ဆီးဂိမ္းမွာ က်င္းပသြားမယ့္ e-Sports ျပိဳင္ပြဲေတြကို အာရွ အီလက္ထေရာနစ္အားကစား ဖက္ဒေရးရွင္း ကလည္း ထည့္သြင္းအသိမွတ္ျပဳသြားမွာပါ။ “ဒီလုပ္ရပ္က အေရွ႕ေတာင္အာရွမွာရွိတဲ့ e-Sports အားကစားသမား ေတြကို ကမာၻ႕ဇာတ္ခုံေပၚသုိ႔ တက္လွမ္းႏုိင္ေစမယ္” လို႔ Razer ရဲ႕ CSO အရာရွိ Limeng Lee က ေျပာၾကားခဲ့ပါတယ္။ အခုလို သတ္မွတ္ရာမွာ Razer ရဲ႕ပူးတြဲတည္ေထာင္သူနဲ႔ အမႈေဆာင္အရာရွိခ်ဳပ္ Min-Liang Tan ရဲ႕ၾကိဳးပမ္းမႈလည္း ပါဝင္ျပီး PhilSGOC နဲ႔သြားေရာက္ေတြ႕ဆုံကာ တုိက္တြန္းေျပာၾကားခဲ့တာ ျဖစ္ေၾကာင္း သူ႕ရဲ႕ Facebook ပုိစ့္တစ္ခုအရ သိရပါတယ္။

တကယ္ေတာ့ e-Sports ျပိဳင္ပြဲေတြကို ၂၀၁၈ ဆီးဂိမ္းမွာလည္း ထည့္သြင္းခဲ့ေပမယ့္ ဆုတံဆိပ္ မေပးခဲ့တာပါ။ ဒါ့ေၾကာင့္ ျပိဳင္ပြဲအစစ္လို႔ မေခၚႏုိင္ခဲ့ပါဘူး။ ၂၀၁၈ ဆီးဂိမ္းကို လက္ခံက်င္းပခဲ့တဲ့ အင္ဒုိနီးရွား ႏုိင္ငံဟာလည္း Mobile Legends ဂိမ္းကို စြဲစြဲလမ္းလမ္း ေဆာ့ကစားတဲ့ ေဒသတစ္ခု ျဖစ္ပါတယ္။ ဖိလစ္ပိုင္ဟာ Dota 2 ဂိမ္းမွာလည္း ကမာၻ႕အဆင့္ထိ ေအာင္ျမင္သူ ကစားသမား အမ်ားအျပား ထြက္ရွိထားတာေၾကာင့္ ေရႊတံဆိပ္ ေမွ်ာ္လင့္ခ်က္နဲ႔ e-Sports ကိုထည့္သြင္းလာတယ္ဆုိတာ အျငင္းပြားစရာ မရွိပါဘူး။

Ref – Fox Sports Asia

[Unicode]

၂၀၁၉ ခုနှစ် ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပသွားမယ့် အရှေ့တောင်အာရှနိုင်ငံတွေရဲ့ အားကစားပြိုင်ပွဲ SEA Games ဆီးဂိမ်းပြိုင်ပွဲကြီးမှာ e-Sports ကို အားကစားပြိုင်ပွဲတစ်ခုအနေနဲ့ ထည့်သွင်းကျင်းပသွားမှာဖြစ်သလို ဆုတံဆိပ် ချီးမြှင့်သွားမှာ ဖြစ်ကြောင်း ဖိလစ်ပိုင်နိုင်ငံရဲ့ ဆီးဂိမ်းစီမံခန့်ခွဲရေးကော်မတီက အတည်ပြုလိုက်ပါပြီ။

အီလက်ထရောနစ်အားကစား သို့မဟုတ် e-Sports ကို စစ်တုရင်ကစားနည်းလို ဦးနှောက်၊ ခန္ဓာကိုယ် ကြံ့ခိုင်မှုနဲ့ ကျွမ်းကျင်သွက်လက်မှု ရောစပ်ထားတဲ့ အားကစားနည်းအဖြစ် လက်ခံလာကြတာ အရှိန်အဟုန် မြင့်လာချိန်မှာ အရှေ့တောင်အာရှရဲ့ e-Sports အမျိုးအစားပေါင်းစုံမှာ လက်ရှိ အအောင်မြင်ဆုံး နိုင်ငံတစ်ခုလို့ ဆိုနိုင်တဲ့ ဆီးဂိမ်းအိမ်ရှင် ဖိလစ်ပိုင်ဟာ နောက်ထပ်ခြေလှမ်းတစ်ခုကို ရဲရဲဝံ့ဝံ့ ချမှတ်လိုက်တာပါ။

 

ဗုဒ္ဓဟူးနေ့မှာ ဒီသတင်းကို ဖိလစ်ပိုင် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ကော်မတီ (PhilSGOC) မှ ဂိမ်းနဲ့ပတ်သက်တဲ့ Hardware တွေ ထုတ်လုပ်တဲ့ ကုမ္ပဏီကြီး Razer နဲ့ ပူးတွဲပါတနာတွေအဖြစ် ကြေငြာ အတည်ပြုလိုက်တာ ဖြစ်ပါတယ်။

လာမယ့် ဆီးဂိမ်းမှာ e-Sports ကဏ္ဍအတွက် ရွှေတံဆိပ်ခြောက်ခုတောင် ပေးမှာဖြစ်လို့ မနည်းလှတဲ့ ပမာဏလို့ ဆိုနိုင်ပါတယ်။ ချီးမြင့်သွားမယ့်အမျိုးအစားတွေက ကွန်ပြူတာဂိမ်းနှစ်မျိုး၊ ကွန်ဆိုးဂိမ်းနှစ်မျိုးနဲ့ မိုဘိုင်းဂိမ်း နှစ်မျိုး တို့ဖြစ်ပါတယ်။

လက်ရှိမှာတော့ မိုဘိုင်းဂိမ်းအမျိုးအစား Mobile Legends: Bang Bang ကိုသာ အတည်ပြုသေးပြီး ကျန်တဲ့ ဂိမ်းအမျိုးအစားတွေကို ဒီဇင်ဘာ ၁၅ ရက် နောက်ဆုံးထား ရွေးချယ်သွားမယ်လို့ ဆိုပါတယ်။ ဒါပေမယ့် နိုင်ငံတကာအိုလံပစ်ကော်မတီရဲ့ ညွှန်ကြားချက်ဖြစ်တဲ့ “အကြမ်းဖက်မှုနှင့် လောင်းကစားဓလေ့ကို အားမပေးရ” ဆိုတဲ့ စည်းကမ်းအား လိုက်နာသွားမယ်လို့ ကော်မတီက ပြောခဲ့ပါတယ်။

ပါဝင်ယှဉ်ပြိုင်မယ့် သူတွေကို ရွေးချယ်စေလွှတ်ခွင့်ရမှာ မဟုတ်ဘဲ နိုင်ငံတစ်ခုချင်းစီက လက်ရည်စစ်ပွဲ (Qualifier) များ ကျင်းပပြီး အောင်မြင်သူတွေကို စေလွှတ်စေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ Mobile Legends ဟာ MOBA လို့ခေါ်တဲ့ Multiplayer Online Battle Arena အမျိုးအစားဖြစ်တာကြောင့် ဖိလစ်ပိုင်မှာ ကစားသူ များပြားသလို အောင်မြင်မှုလည်း ကြီးမားလှတဲ့ ကွန်ပြူတာ MOBA အမျိုးအစား Dota 2 ဂိမ်းလည်း ပါဝင်လာဖို့ အခွင့်အလမ်းများနေပါတယ်။

ဆီးဂိမ်းမှာ ကျင်းပသွားမယ့် e-Sports ပြိုင်ပွဲတွေကို အာရှ အီလက်ထရောနစ်အားကစား ဖက်ဒရေးရှင်း ကလည်း ထည့်သွင်းအသိမှတ်ပြုသွားမှာပါ။ “ဒီလုပ်ရပ်က အရှေ့တောင်အာရှမှာရှိတဲ့ e-Sports အားကစားသမား တွေကို ကမ္ဘာ့ဇာတ်ခုံပေါ်သို့ တက်လှမ်းနိုင်စေမယ်” လို့ Razer ရဲ့ CSO အရာရှိ Limeng Lee က ပြောကြားခဲ့ပါတယ်။ အခုလို သတ်မှတ်ရာမှာ Razer ရဲ့ပူးတွဲတည်ထောင်သူနဲ့ အမှုဆောင်အရာရှိချုပ် Min-Liang Tan ရဲ့ကြိုးပမ်းမှုလည်း ပါဝင်ပြီး PhilSGOC နဲ့သွားရောက်တွေ့ဆုံကာ တိုက်တွန်းပြောကြားခဲ့တာ ဖြစ်ကြောင်း သူ့ရဲ့ Facebook ပိုစ့်တစ်ခုအရ သိရပါတယ်။

တကယ်တော့ e-Sports ပြိုင်ပွဲတွေကို ၂၀၁၈ ဆီးဂိမ်းမှာလည်း ထည့်သွင်းခဲ့ပေမယ့် ဆုတံဆိပ် မပေးခဲ့တာပါ။ ဒါ့ကြောင့် ပြိုင်ပွဲအစစ်လို့ မခေါ်နိုင်ခဲ့ပါဘူး။ ၂၀၁၈ ဆီးဂိမ်းကို လက်ခံကျင်းပခဲ့တဲ့ အင်ဒိုနီးရှား နိုင်ငံဟာလည်း Mobile Legends ဂိမ်းကို စွဲစွဲလမ်းလမ်း ဆော့ကစားတဲ့ ဒေသတစ်ခု ဖြစ်ပါတယ်။ ဖိလစ်ပိုင်ဟာ Dota 2 ဂိမ်းမှာလည်း ကမ္ဘာ့အဆင့်ထိ အောင်မြင်သူ ကစားသမား အများအပြား ထွက်ရှိထားတာကြောင့် ရွှေတံဆိပ် မျှော်လင့်ချက်နဲ့ e-Sports ကိုထည့်သွင်းလာတယ်ဆိုတာ အငြင်းပွားစရာ မရှိပါဘူး။

Ref – Fox Sports Asia