Realme စီးရီးဟာ ဒီႏွစ္ပိုင္းထဲမွာ ေဖာက္ထြက္လာတဲ့ အမွတ္တံဆိပ္ျဖစ္ျပီး ခ်ဳိသာတဲ့ေစ်းႏႈန္းနဲ႔ စမတ္ဖုန္းေတြကို ေစ်းကြက္ထဲ ပို႔ေဆာင္လာသူပါ။ ဒီႏွစ္အတြင္းမွာ သူ႕ရဲ႕ထုတ္ကုန္သစ္အခ်ဳိ႕ကို ေတြ႕ခဲ့ရျပီး ျဖစ္ေပမယ့္ Oppo ရဲ႕ Sub-Brand ျဖစ္တဲ့ Realme ရဲ႕ အစီအစဥ္က မကုန္ေသးပါဘူး။

Realme ရဲ႕တရားဝင္တြစ္တာအေကာင့္မွာ အေမဇြန္အိႏၵိယ အြန္လိုင္းေရွာ့ပင္းနဲ႔ ေပါင္းျပီး Realme U1 စမတ္ဖုန္းသစ္ကို အရိပ္အျမြက္ စတင္ေဖာ္ျပလာခဲ့ပါျပီ။ ဒါ့ျပင္ Realme က သူတုိ႔ရဲ႕ ဖုန္းသစ္ဟာ MediaTek ရဲ႕ Helio P70 ခ်စ္ပ္ဆက္ကို အသုံးျပဳလာမယ့္ ပထမဆုံးဖုန္းလည္း ျဖစ္လာမယ္လို႔ ဆုိတယ္။

MediaTek ရဲ႕ေနာက္ဆုံးေပၚ ပရုိဆက္ဆာကေတာ့ ယခင္ Helio P60 ကို လုိအပ္တဲ့ အေသးစား Upgrade ေတြလုပ္လာျပီး အနည္းငယ္ပိုျမင့္တဲ့ CPU / GPU Clock Speed တုိးတက္မႈ ရွိလာတယ္။ Helio P60 ကိုယ္တုိင္ကကို Mid-range Chipset ေတြထဲမွာ AI Silicon ပါဝင္ျပီး စြမ္းေဆာင္ရည္ေကာင္းမြန္တဲ့ ပရုိဆက္ဆာ ျဖစ္တာေၾကာင့္ ထပ္ျပီးတုိးျမွင့္လာတာဟာ ေကာင္းတဲ့အရာပဲ ျဖစ္မွာပါ။

Realme U1 ရဲ႕ Teaser ပုံရိပ္မွာ Waterdrop Notch တစ္ခု ပါဝင္တာကိုလည္း ျမင္ေတြ႕ရျပီး “စြမ္းအား အေကာင္းဆုံး ဆယ္လ္ဖီကင္မရာ” လို႔ေၾကျငာလာတဲ့ ေရွ႕ဘက္ကင္မရာကို ေနရာခ်လာဖို႔ ျဖစ္ပါလိမ့္မယ္။ ဒါေပမယ့္ အေကာင္းဆုံးဆယ္လ္ဖီကင္မရာ ဆုိတာကေတာ့ ဘာကိုဆုိလိုတာလဲ မရွင္းလင္းေသးဘဲ၊ Resolution အျမင့္ဆုံးကို ယူေဆာင္လာေပးမွာလား၊ အေကာင္းဆုံး Selfie ပုံရိပ္ကို ေပးမွာလား မသိရေသးပါဘူး။ Realme ရဲ႕ မိခင္ကုမၸဏီ Oppo ဟာလည္း အခုႏွစ္မွာ 25MP AI ပါဝါသုံး ဆယ္လ္ဖီကင္မရာကို ထုတ္လုပ္ထားပါေသးတယ္။

စမတ္ဖုန္းအသစ္ရဲ႕ Specs ေတြကိုေတာ့ မသိရေသးေပမယ့္ ယခင္ထြက္ခဲ့တဲ့ Realme ဟန္းဆက္ေတြကို ျပန္ၾကည့္မယ္ဆုိရင္ အနည္းငယ္ေတာ့ ခန္႔မွန္းၾကည့္လုိ႔ရမွာပါ။ Realme 1 တုန္းက စြမ္းေဆာင္ရည္ျမင့္တဲ့ Spec နဲ႔ Full HD+ Screen တုိ႔ပါဝင္ခဲ့ေပမယ့္ Fingerprint ဖတ္စက္ေတာ့ မပါဝင္ခဲ့ပါဘူး။ Realme 2 မွာေတာ့ Fingerprint ပါဝင္လာေပမယ့္ Display ကေတာ့ 720p နဲ႔ ပိုအားနည္းတဲ့ Snapdragon 450 တုိ႔ျဖင့္သာ ပြဲထြက္လာခဲ့တယ္။

Realme U1 နဲ႔ပတ္သက္ျပီး အျပည့္အစုံသိရဖို႔ေတာ့ သိပ္မလိုေတာ့ပါဘူး။ Realme ဟာ လာမယ့္ ႏုိဝင္ဘာ ၂၈ ရက္ေန႔မွာ တရားဝင္မိတ္ဆက္ပြဲ ျပဳလုပ္လာမွာျဖစ္လုိ႔ အဲဒီအခ်ိန္က်ရင္ U1 ရဲ႕ ကင္မရာ အပါအဝင္ သိသင့္သိထုိက္တာေတြကို သိႏုိင္ေတာ့မွာပါ။

Ref – Android Authority

Unicode

Realme စီးရီးဟာ ဒီနှစ်ပိုင်းထဲမှာ ဖောက်ထွက်လာတဲ့ အမှတ်တံဆိပ်ဖြစ်ပြီး ချိုသာတဲ့ဈေးနှုန်းနဲ့ စမတ်ဖုန်းတွေကို ဈေးကွက်ထဲ ပို့ဆောင်လာသူပါ။ ဒီနှစ်အတွင်းမှာ သူ့ရဲ့ထုတ်ကုန်သစ်အချို့ကို တွေ့ခဲ့ရပြီး ဖြစ်ပေမယ့် Oppo ရဲ့ Sub-Brand ဖြစ်တဲ့ Realme ရဲ့ အစီအစဉ်က မကုန်သေးပါဘူး။

Realme ရဲ့တရားဝင်တွစ်တာအကောင့်မှာ အမေဇွန်အိန္ဒိယ အွန်လိုင်းရှော့ပင်းနဲ့ ပေါင်းပြီး Realme U1 စမတ်ဖုန်းသစ်ကို အရိပ်အမြွက် စတင်ဖော်ပြလာခဲ့ပါပြီ။ ဒါ့ပြင် Realme က သူတို့ရဲ့ ဖုန်းသစ်ဟာ MediaTek ရဲ့ Helio P70 ချစ်ပ်ဆက်ကို အသုံးပြုလာမယ့် ပထမဆုံးဖုန်းလည်း ဖြစ်လာမယ်လို့ ဆိုတယ်။

MediaTek ရဲ့နောက်ဆုံးပေါ် ပရိုဆက်ဆာကတော့ ယခင် Helio P60 ကို လိုအပ်တဲ့ အသေးစား Upgrade တွေလုပ်လာပြီး အနည်းငယ်ပိုမြင့်တဲ့ CPU / GPU Clock Speed တိုးတက်မှု ရှိလာတယ်။ Helio P60 ကိုယ်တိုင်ကကို Mid-range Chipset တွေထဲမှာ AI Silicon ပါဝင်ပြီး စွမ်းဆောင်ရည်ကောင်းမွန်တဲ့ ပရိုဆက်ဆာ ဖြစ်တာကြောင့် ထပ်ပြီးတိုးမြှင့်လာတာဟာ ကောင်းတဲ့အရာပဲ ဖြစ်မှာပါ။

Realme U1 ရဲ့ Teaser ပုံရိပ်မှာ Waterdrop Notch တစ်ခု ပါဝင်တာကိုလည်း မြင်တွေ့ရပြီး “စွမ်းအား အကောင်းဆုံး ဆယ်လ်ဖီကင်မရာ” လို့ကြေငြာလာတဲ့ ရှေ့ဘက်ကင်မရာကို နေရာချလာဖို့ ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် အကောင်းဆုံးဆယ်လ်ဖီကင်မရာ ဆိုတာကတော့ ဘာကိုဆိုလိုတာလဲ မရှင်းလင်းသေးဘဲ၊ Resolution အမြင့်ဆုံးကို ယူဆောင်လာပေးမှာလား၊ အကောင်းဆုံး Selfie ပုံရိပ်ကို ပေးမှာလား မသိရသေးပါဘူး။ Realme ရဲ့ မိခင်ကုမ္ပဏီ Oppo ဟာလည်း အခုနှစ်မှာ 25MP AI ပါဝါသုံး ဆယ်လ်ဖီကင်မရာကို ထုတ်လုပ်ထားပါသေးတယ်။

စမတ်ဖုန်းအသစ်ရဲ့ Specs တွေကိုတော့ မသိရသေးပေမယ့် ယခင်ထွက်ခဲ့တဲ့ Realme ဟန်းဆက်တွေကို ပြန်ကြည့်မယ်ဆိုရင် အနည်းငယ်တော့ ခန့်မှန်းကြည့်လို့ရမှာပါ။ Realme 1 တုန်းက စွမ်းဆောင်ရည်မြင့်တဲ့ Spec နဲ့ Full HD+ Screen တို့ပါဝင်ခဲ့ပေမယ့် Fingerprint ဖတ်စက်တော့ မပါဝင်ခဲ့ပါဘူး။ Realme 2 မှာတော့ Fingerprint ပါဝင်လာပေမယ့် Display ကတော့ 720p နဲ့ ပိုအားနည်းတဲ့ Snapdragon 450 တို့ဖြင့်သာ ပွဲထွက်လာခဲ့တယ်။

Realme U1 နဲ့ပတ်သက်ပြီး အပြည့်အစုံသိရဖို့တော့ သိပ်မလိုတော့ပါဘူး။ Realme ဟာ လာမယ့် နိုဝင်ဘာ ၂၈ ရက်နေ့မှာ တရားဝင်မိတ်ဆက်ပွဲ ပြုလုပ်လာမှာဖြစ်လို့ အဲဒီအချိန်ကျရင် U1 ရဲ့ ကင်မရာ အပါအဝင် သိသင့်သိထိုက်တာတွေကို သိနိုင်တော့မှာပါ။

Ref – Android Authority