[Zawgyi]
[Unicode]
Moto G Series ထဲမှာ 7th Generation တွေဖြစ်တဲ့ G7, Moto G7 Plus, G7 Play လို့ထွက်ခဲ့ရာ
ကနေ အခုတော့ စတုတ္ထမြောက် Model သစ်တစ်ခု ထွက်ပါတော့မယ်။
သူ့ကိုတော့ Moto G7 Power လို့နာမည်ပေးထားပြီး ထိုင်းနိုင်ငံနဲ့ အမေရိကန်နိုင်ငံတို့ကနေ ခွင့်ပြုချက် ရခဲ့ပြီဖြစ်ပါတယ်။ ထိုင်းနိုင်ငံကအသိအမှတ်ပြုခဲ့တဲ့ မော်ဒယ်လ်နံပါတ်ကတော့ XT1955-4 ဖြစ်ပြီး Moto G7 Power ဆိုတဲ့နာမည်နဲ့အတူ အသေးစိတ်ချက်လေးတွေကိုလည်း ဖော်ပြထားပါသေးတယ်။
FCC ကလည်း ခုနကမော်ဒယ်လ်နံပါတ်အပြင် နောက်ထပ် မော်ဒယ်လ်နံပါတ် ၃မျိုးနဲ့ ထွက်မယ့်နိုင်ငံတွေကိုလည်း ဖော်ပြထားပါတယ်။
XT1955-1 ကတော့ Dual-SIM ရပြီး ဘရာဇီးနိုင်ငံအတွက်ပါ။ Model XT1955-2 ကတော့ Single SIM, Dual-SIM ၂မျိုးလုံးထွက်ပြီး လက်တင်အမေရိကအတွက်ဖြစ်ပြီး XT1955-7 ကတော့ Single SIM, Dual-SIM ကိုမှ တစ်ကမ္ဘာလုံးအတွက်ထုတ်မယ့် မော်ဒယ်လ်တွေအတွက်ပါ။  ကွာတာကတော့ NFC ပါတာနဲ့ မပါတာပဲ ကွာမှာပါ။
ဖုန်းရဲ့အရှည်ကတော့ 159mm အကျယ်က 76mm နဲ့ ထောင့်ဖြတ်ကတော့ 167mm ရှိပါတယ်။ ဆိုဒ်ကတော့ Motorola One Power နဲ့ယှဉ်လိုက်ရင် Display Size နည်းနည်းပိုကြီးရင် ကြီးပါလိမ့်မယ်။  ကျောဘက်မှာတော့ ကင်မရာ၁လုံးတည်းနဲ့ဖြစ်ပြီး Android Pie , Battery 5000 mAh နဲ့ထွက်လာမှာပါ။
Model နံပါတ်နဲ့ တင်မယ့်နိုင်ငံတွေ Battery ပမာဏတွေရယ်က လွဲရင် ကျန်တာ ဘာမှမသိရသေးတော့ ထွက်မယ့်အချိန်ကိုပဲ စောင့်ရတော့မှာပါပဲ။ ဒီတစေ်ခါက်လည်း Motorola အနေနဲ့ User တွေအတွက် စိတ်ကျေနပ်မှု ပေးစွမ်းနိုင်ပါဦးမလား?
Ref: GizmoChina, GsmArena