Lenovo လက်အောက်ခံ ကုမ္ပဏီတစ်ခုဖြစ်တဲ့ Motorola ကုမ္ပဏီက မတ်လအကုန်ပိုင်းမှာ Moto G5 နဲ့ Moto G5 Plus တို့ကို မိတ်ဆက် စတင် ရောင်းချခဲ့ပါတယ်။

Moto G5 ဖုန်းဟာ ဗြိတိန်နိုင်ငံမှာ တန်ဖိုးသင့်တင့် ဖုန်းတွေထဲမှာဆိုရင် လူကြိုက်အများဆုံး ဖုန်းတစ်မျိုးလည်း ဖြစ်နေပါပြီ။

Motorola ကုမ္ပဏီက ပြီးခဲ့တဲ့ နှစ်ပိုင်းအတွင်း ပြောင်းလဲမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။ အရင် Google ကုမ္ပဏီရဲ့ ပိုင်ဆိုင်မှုကနေ Lenovo ကုမ္ပဏီက Motorola ကုမ္ပဏီကို ၀ယ်ယူခဲ့တာပါ။

အခုတော့ Motorola ကုမ္ပဏီက မျိုးဆက် ၅ ခုမြောက်ဖြစ်တဲ့ Moto G5 Plus ကို ထုတ်လုပ်ခဲ့ပါတယ်။ Ram 2 GB နဲ့ Storage 32 GB Moto G5 Plus ကိုတော့ အမေရိကန်ဒေါ်လာ ၂၃၀ နဲ့ ရောင်းချနေပြီး Ram 4 GB နဲ့ Storage 64 GB Moto G5 Plus ကိုတော့ ဒေါ်လာ ၃၀၀ နီးပါးနဲ့ ရောင်းချပါတယ်။

Processor

Moto G5 Plus မှာ 2GB ဒါမှမဟုတ် 4GB Ram ရှိပါတယ်။ Storage ကတော့ 32 GB နဲ့ 64 GB ရှိပြီး Snapdragon 625 ကို အသုံးပြုထားပါတယ်။ Android 7 ကို အသုံးပြုထားပါတယ်။ Snapdragon 625 အသုံးပြုထားတာကြောင့် ဂိမ်း ကြီးကြီးမားမား ဆော့လို့တော့ မကောင်းပါဘူး။

Display

Moto G5 Plus ရဲ့ စခရင်က ၅.၂ လက်မ ရှိပြီး Resolution 1080 p LCD ရှိပါတယ်။ ဘက်ထရီက 3000 mAh အသုံးပြုထားတာကြောင့် ဖုန်းကို ဆက်တိုက် ၄ နာရီလောက် အသုံးခံပါတယ်။ သာမန်အားဖြင့် သုံးရင် ၂၄ နာရီကနေ ၃၆ နာရီအကြား ဘက်ထရီ ခံပါတယ်။ အရင် G4 ဖုန်းထက်ပို ကျဉ်းပြီး ပိုပါးလွှာတာကြောင့် G5 Plus က ကိုင်လို့ ပိုကောင်းလာပါတယ်။

ကင်မရာ

အရှေ့ကင်မရာက 5 MP ရှိပြီး အနောက်ကင်မရာကတော့ 12 MP ရှိပြီး Aperture ကတော့ 1.7 ရှိတာကြောင့် ပုံထွက်ကောင်းတွေကို ရိုက်ကူးနိုင်ပါတယ်။ သူ့မှာ Low-Light ရိုက်တဲ့ စနစ်တော့ မပါသေးပါဘူး။

Fingerprint

ဒေါ်လာ ၃၀၀ ၀န်းကျင် တန်ဖိုးသင့်တင့်ဖုန်းတွေမှာ Fingerprint ပါတာနည်းပေမယ့် သူ့မှာတော့ Fingerprint ပါပါတယ်။ အဲ့ဒီအပြင် သူ့ Fingerprint က တခြား ဖုန်းတွေထက် ပိုမြန်ဆန်ပြီး တိကျပါတယ်။