[Zawgyi]

Lenovo ကုမၸဏီက ပိုင္ဆုိင္ေနၿပီျဖစ္တဲ့ Motorola စမတ္ဖုန္းေတြဟာ လာမယ့္ ၂၀၁၉ ခုႏွစ္ ေဖေဖာ္ဝါရီလမွာ က်င္းပမယ့္ MWC နည္းပညာပြဲေတာ္ႀကီးမွာ သူတုိ႔ရဲ႕ ထုတ္ကုန္သစ္ Moto G7 စီးရီးကို ထုတ္ျပလာဖို႔ ေမွ်ာ္လင့္ရပါတယ္။ ထြက္ခဲ့တဲ့ သတင္းေတြအရဆုိရင္ Moto G7 မ်ဳိးဆက္ထဲမွာ Moto G7, G7 Plus, G7 Power နဲ႔ G7 Play ဆုိၿပီး ဟန္းဆက္ေလးမ်ဳိးေလးစား ပါဝင္လာမွာပါ။ ယေန႔မွာ Moto G7 စီးရီးရဲ႕ Render ေမာ္ဒယ္ပုံရိပ္ေတြဟာ အြန္လုိင္းေပၚမွာ ထြက္ေပၚလာပါၿပီ။

ထြက္ရွိလာဖို႔ လိုေသးေပမယ့္ Render ပုံရိပ္ေတြမွာေတာ့ ဖုန္းေလးမ်ဳိးလုံးရဲ႕ ပုံစံကို ျမင္ေတြ႕ရပါတယ္။ Moto G7 Power နဲ႔ Moto G7 Play ဖုန္းေတြမွာ Notch အႀကီးေတြနဲ႔ Display ႏွစ္ခုကို ျမင္ေတြ႕ရမွာပါ။ G7 Power ကေတာ့ ပိုေသးတဲ့ Notch တစ္ခုပါၿပီး G7 Play ရဲ႕ Notch က သိသိသာသာ ပိုႀကီးေနပါတယ္။ ဟန္းဆက္ ႏွစ္မ်ဳိးလုံးရဲ႕ ေက်ာဘက္မွာ ကင္မရာတစ္လုံးပဲ ပါမယ္လို႔ သိထားရၿပီး Motorola အမွတ္တံဆိပ္ ေနရာဟာ Fingerprint လည္းျဖစ္ပါတယ္။

Moto G7 နဲ႔ G7 Plus စမတ္ဖုန္းေတြကေတာ့ Waterdrop Notch တစ္ခုစီနဲ႔ Display ေတြ ပါဝင္တယ္။ ေက်ာဘက္မွာလည္း ကင္မရာႏွစ္လုံးဟာ ကန္႔လန္႔ျဖတ္ အေနအထားနဲ႔ ေတြ႕ရပါတယ္။ G7 နဲ႔ G7 Plus မွာလည္း Fingerprint ပါဝင္တဲ့ လိုဂုိနဲ႔ပါပဲ။ ဖုန္းေလးမ်ဳိးစလုံးရဲ႕ ေအာက္ေျခ Bezel ေဘာင္ေလးမွာ Motorola စာလုံးကို ထပ္ေတြ႕ရပါတယ္။

Ref – Playful Droid

[Unicode]

Lenovo ကုမ္ပဏီက ပိုင်ဆိုင်နေပြီဖြစ်တဲ့ Motorola စမတ်ဖုန်းတွေဟာ လာမယ့် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလမှာ ကျင်းပမယ့် MWC နည်းပညာပွဲတော်ကြီးမှာ သူတို့ရဲ့ ထုတ်ကုန်သစ် Moto G7 စီးရီးကို ထုတ်ပြလာဖို့ မျှော်လင့်ရပါတယ်။ ထွက်ခဲ့တဲ့ သတင်းတွေအရဆိုရင် Moto G7 မျိုးဆက်ထဲမှာ Moto G7, G7 Plus, G7 Power နဲ့ G7 Play ဆိုပြီး ဟန်းဆက်လေးမျိုးလေးစား ပါဝင်လာမှာပါ။ ယနေ့မှာ Moto G7 စီးရီးရဲ့ Render မော်ဒယ်ပုံရိပ်တွေဟာ အွန်လိုင်းပေါ်မှာ ထွက်ပေါ်လာပါပြီ။

ထွက်ရှိလာဖို့ လိုသေးပေမယ့် Render ပုံရိပ်တွေမှာတော့ ဖုန်းလေးမျိုးလုံးရဲ့ ပုံစံကို မြင်တွေ့ရပါတယ်။ Moto G7 Power နဲ့ Moto G7 Play ဖုန်းတွေမှာ Notch အကြီးတွေနဲ့ Display နှစ်ခုကို မြင်တွေ့ရမှာပါ။ G7 Power ကတော့ ပိုသေးတဲ့ Notch တစ်ခုပါပြီး G7 Play ရဲ့ Notch က သိသိသာသာ ပိုကြီးနေပါတယ်။ ဟန်းဆက် နှစ်မျိုးလုံးရဲ့ ကျောဘက်မှာ ကင်မရာတစ်လုံးပဲ ပါမယ်လို့ သိထားရပြီး Motorola အမှတ်တံဆိပ် နေရာဟာ Fingerprint လည်းဖြစ်ပါတယ်။

Moto G7 နဲ့ G7 Plus စမတ်ဖုန်းတွေကတော့ Waterdrop Notch တစ်ခုစီနဲ့ Display တွေ ပါဝင်တယ်။ ကျောဘက်မှာလည်း ကင်မရာနှစ်လုံးဟာ ကန့်လန့်ဖြတ် အနေအထားနဲ့ တွေ့ရပါတယ်။ G7 နဲ့ G7 Plus မှာလည်း Fingerprint ပါဝင်တဲ့ လိုဂိုနဲ့ပါပဲ။ ဖုန်းလေးမျိုးစလုံးရဲ့ အောက်ခြေ Bezel ဘောင်လေးမှာ Motorola စာလုံးကို ထပ်တွေ့ရပါတယ်။

Ref – Playful Droid