[Zawgyi]

Motorola ရဲ႕ G Series ဖုန္းေတြဟာ ေပးလိုက္ရတဲ့ တန္ဖိုးနဲ႔ ျပန္ရလိုက္တဲ့ အရည္အေသြး ညီမွ်ေကာင္းမြန္လြန္းတယ္လို႔ နာမည္ရေနတဲ့ ဖုန္းေတြျဖစ္ပါတယ္။ ဒါေပမယ့္ သူတို႔မွာ အားနည္းခ်က္တစ္ခုရွိပါတယ္။ အဲဒါကေတာ့ ဘက္ထရီပမာဏပါပဲ။ အခုလည္း အသစ္ထြက္လာမယ့္ Moto G7 မွာ အရင္အတိုင္းပဲ ဘက္ထရီပိုင္းအားနည္းခ်က္ကို မျပဳျပင္ေသးဘူးလို႔ ယူဆရပါတယ္။

FCC ရဲ႕ ေဖာ္ထုတ္မႈအရ Moto G7 ဟာ သိပ္ၿပီးေတာ့ စိတ္ေက်နပ္မႈျဖစ္ေစမယ့္ ပမာဏမဟုတ္တဲ့ 2,820mAh နဲ႔ ထြက္လာမယ္လို႔ သိရပါတယ္။ Moto G7 ရဲ႕ မ်က္ႏွာျပင္ဟာ 6.4-inch ျဖစ္ဖြယ္ရွိေတာ့ ဒီမ်က္ႏွာျပင္ပမာဏရဲ႕ ေတာင္းဆိုမႈနဲ႔ ဒီဘက္ထရီပမာဏနဲ႔ဆို အေတာ္ေလးကို အံ့အားသင့္ဖြယ္ရာလို႔ ဆိုရမွာပါပဲ။

Moto G6 မွာေတာင္ 3,000mAh ဘက္ထရီ တပ္ဆင္ေပးထားတာေၾကာင့္ အခ်ိဳ႕ကလည္း FCC မွာေဖာ္ျပထားတဲ့ 2,820mAh အစား 3,000mAh နဲ႔ပဲ ထြက္လာဖြယ္ရွိတယ္လို႔ သုံးသပ္ၾကပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ 3,000mAh ဆိုတဲ့ပမာဏထက္ ပိုႀကီးတဲ့ ဘက္ထရီကို သုံးသင့္တာေတာ့ အမွန္ပါ။

ၿပီးခဲ့တဲ့ Moto G7 နဲ႔ပတ္သက္တဲ့ အခ်က္အလက္ ေပါက္ၾကားမႈမွာေတာ့ Snapdragon 660 chipset ကို အသုံးျပဳထားမွာျဖစ္ၿပီး RAM 4GB နဲ႔ 64GB Storage ျဖစ္မယ္လို႔ သိရပါတယ္။ တျခားေပါက္ၾကားမႈ တစ္ခုမွာေတာ့ အေနာက္ကင္မရာ ႏွစ္လုံးျဖစ္ၿပီး NFC connectivity ကို ေထာက္ပံ့ေပးလိမ့္မယ္လို႔ သိရပါတယ္။ အခု သိရတဲ့ အခ်က္အလက္ေတြက တရားဝင္ သိရတာမဟုတ္တဲ့အတြက္ ေစာင့္ၾကည့္ရဦးမွာပဲ ျဖစ္ပါတယ္။

Ref: GSMarena

[Unicode]

Motorola ရဲ့ G Series ဖုန်းတွေဟာ ပေးလိုက်ရတဲ့ တန်ဖိုးနဲ့ ပြန်ရလိုက်တဲ့ အရည်အသွေး ညီမျှကောင်းမွန်လွန်းတယ်လို့ နာမည်ရနေတဲ့ ဖုန်းတွေဖြစ်ပါတယ်။ ဒါပေမယ့် သူတို့မှာ အားနည်းချက်တစ်ခုရှိပါတယ်။ အဲဒါကတော့ ဘက်ထရီပမာဏပါပဲ။ အခုလည်း အသစ်ထွက်လာမယ့် Moto G7 မှာ အရင်အတိုင်းပဲ ဘက်ထရီပိုင်းအားနည်းချက်ကို မပြုပြင်သေးဘူးလို့ ယူဆရပါတယ်။

FCC ရဲ့ ဖော်ထုတ်မှုအရ Moto G7 ဟာ သိပ်ပြီးတော့ စိတ်ကျေနပ်မှုဖြစ်စေမယ့် ပမာဏမဟုတ်တဲ့ 2,820mAh နဲ့ ထွက်လာမယ်လို့ သိရပါတယ်။ Moto G7 ရဲ့ မျက်နှာပြင်ဟာ 6.4-inch ဖြစ်ဖွယ်ရှိတော့ ဒီမျက်နှာပြင်ပမာဏရဲ့ တောင်းဆိုမှုနဲ့ ဒီဘက်ထရီပမာဏနဲ့ဆို အတော်လေးကို အံ့အားသင့်ဖွယ်ရာလို့ ဆိုရမှာပါပဲ။

Moto G6 မှာတောင် 3,000mAh ဘက်ထရီ တပ်ဆင်ပေးထားတာကြောင့် အချို့ကလည်း FCC မှာဖော်ပြထားတဲ့ 2,820mAh အစား 3,000mAh နဲ့ပဲ ထွက်လာဖွယ်ရှိတယ်လို့ သုံးသပ်ကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် 3,000mAh ဆိုတဲ့ပမာဏထက် ပိုကြီးတဲ့ ဘက်ထရီကို သုံးသင့်တာတော့ အမှန်ပါ။

ပြီးခဲ့တဲ့ Moto G7 နဲ့ပတ်သက်တဲ့ အချက်အလက် ပေါက်ကြားမှုမှာတော့ Snapdragon 660 chipset ကို အသုံးပြုထားမှာဖြစ်ပြီး RAM 4GB နဲ့ 64GB Storage ဖြစ်မယ်လို့ သိရပါတယ်။ တခြားပေါက်ကြားမှု တစ်ခုမှာတော့ အနောက်ကင်မရာ နှစ်လုံးဖြစ်ပြီး NFC connectivity ကို ထောက်ပံ့ပေးလိမ့်မယ်လို့ သိရပါတယ်။ အခု သိရတဲ့ အချက်အလက်တွေက တရားဝင် သိရတာမဟုတ်တဲ့အတွက် စောင့်ကြည့်ရဦးမှာပဲ ဖြစ်ပါတယ်။

Ref: GSMarena