Zawgyi

အေမရိကန္ စမတ္ဖုန္းကုမၸဏီ Motorola ဟာ အခုဆိုရင္ သူ႔ရဲ႕ ေနာက္ထပ္ Flagship ဖုန္းတစ္လံုးကို ထုတ္လုပ္ေနျပီလို႔ သတင္းေတြထြက္ေနျပီး ဖုန္းရဲ႕ Code Name ကို Odin လို႔ နာမည္ေပးထားပါတယ္။ Motorola ဟာ Lenovo က ပိုင္ဆိုင္တဲ့ ကုမၸဏီျဖစ္လာခဲ့ျပီးေနာက္မွာ ထူးျခားဆန္းသစ္တဲ့ အေျပာင္းအလဲေလးေတြ ေတြ႔လာရပါတယ္။ ထူးျခားခ်က္ကေတာ့ Motorola ရဲဲဲ႕ Flagship Z Series ဖုန္းေတြဟာ ထင္သေလာက္ လူၾက္ဳက္မ်ားျခင္းမရွိပဲ Moto X နဲ႔ Moto G Series ဖုန္းေတြကိုသာ လူၾကိဳက္မ်ားၾကျပီး ေရာင္းအားေကာင္းပါတယ္။ ေနာက္ဆံုးထြက္ခဲ့တဲ့ Moto Z3 ဟာဆိုရင္ ဒီဇိုင္းပိုင္းလွပျပီး အေကာင္းစား ဖုန္းတစ္လံုးပါ ။ Moto Mod လို႔ေခၚတဲ့ ဖုန္းနဲ႔ အတူခ်ိတ္ဆက္ တပ္ဆင္သံုးလို႔ရတဲ့ Speaker module ေတြ Projector ေတြ အစရွိတဲ့ပစၥည္းေလးေတြထပ္မံ ဝယ္ယူျပီးတပ္ဆင္လို႔ရပါတယ္။

ထူးျခားခ်က္က Moto Z3 အတြက္ 5G Support Module ပါဝယ္ယူလို႔ ရရွိႏိုင္တာပါ။ ဒါေပမယ့္လည္း Moto Z3 မွာ Qualcomm Mobile SoC အေဟာင္းျဖစ္တဲ့ Snapdragon 835 ကိုပဲ အသံုးျပဳထားတဲ့အတြက္ တစ္ျခားဖုန္းေတြနဲ႔ ယွဥ္ရင္ အမ်ားၾကီး ဒိတ္ေအာက္ေနပါတယ္။ အခုေတာ့ ေနာက္ထြက္လာမယ့္ Moto Z4 (ေခၚ) Moto Odin မွာ Qualcomm ရဲ႕ လံုးဝ ေနာက္လံုးထြက္ SoC ျဖစ္လာမယ့္ Snapdragon 8150 ကိုအသံုးျပဳေပးထားမယ္လို႔သိရပါတယ္။ In-display Fingerprint Sensor ထည့္သြင္းလာမယ္လို႔ ေမွ်ာ္လင့္ေနၾကေပမယ့္ အေသအခ်ာေတာ့မသိရေသးပါဘူး။ မ်က္ႏွာျပင္အရြယ္အစားကေတာ့ Flagship ဖုန္းေတြရဲ႕ စံအရြယ္အစားျဖစ္လာတဲ့ 6-inches အရြယ္ AMOLED Display သံုးႏိုင္မယ္လို႔ခန္႔မွန္းရပါတယ္။ Notch ပါမပါကလည္း တပ္အပ္ေျပာလို႔မရေသးပဲ Mi Mix 3 တို႕လို Slider တပ္ဆင္ေပးထားႏိုင္ပါတယ္။

Moto Odin ဟာ အခုလက္ရွိမွာ အေစာပိုင္း ထုတ္လုပ္အဆင့္ပဲ ရွိေနပါေသးတယ္။ Moto Odin ရဲ႕ အဓိက စြမ္းအားအထက္ဆံုးအရာကေတာ့ Snapdragon 8150 နဲ႔ 5G အေထာက္အပ့ံပါ။ 5G အေထာက္အပ့ံကို ဖုန္းထဲ တစ္ခါတည္း မထည့္ေပးပဲ Moto Mod တစ္ခုအျဖစါ သပ္သပ္ေရာင္းမွာကေတာ့ စီးပြားေရးဆန္လြန္းအားၾကီးပါတယ္။

Ref: XDA

Unicode

အမေရိကန် စမတ်ဖုန်းကုမ္ပဏီ Motorola ဟာ အခုဆိုရင် သူ့ရဲ့ နောက်ထပ် Flagship ဖုန်းတစ်လုံးကို ထုတ်လုပ်နေပြီလို့ သတင်းတွေထွက်နေပြီး ဖုန်းရဲ့ Code Name ကို Odin လို့ နာမည်ပေးထားပါတယ်။ Motorola ဟာ Lenovo က ပိုင်ဆိုင်တဲ့ ကုမ္ပဏီဖြစ်လာခဲ့ပြီးနောက်မှာ ထူးခြားဆန်းသစ်တဲ့ အပြောင်းအလဲလေးတွေ တွေ့လာရပါတယ်။ ထူးခြားချက်ကတော့ Motorola ရဲဲ့ Flagship Z Series ဖုန်းတွေဟာ ထင်သလောက် လူြက်ုက်များခြင်းမရှိပဲ Moto X နဲ့ Moto G Series ဖုန်းတွေကိုသာ လူကြိုက်များကြပြီး ရောင်းအားကောင်းပါတယ်။ နောက်ဆုံးထွက်ခဲ့တဲ့ Moto Z3 ဟာဆိုရင် ဒီဇိုင်းပိုင်းလှပပြီး အကောင်းစား ဖုန်းတစ်လုံးပါ ။ Moto Mod လို့ခေါ်တဲ့ ဖုန်းနဲ့ အတူချိတ်ဆက် တပ်ဆင်သုံးလို့ရတဲ့ Speaker module တွေ Projector တွေ အစရှိတဲ့ပစ္စည်းလေးတွေထပ်မံ ဝယ်ယူပြီးတပ်ဆင်လို့ရပါတယ်။

ထူးခြားချက်က Moto Z3 အတွက် 5G Support Module ပါဝယ်ယူလို့ ရရှိနိုင်တာပါ။ ဒါပေမယ့်လည်း Moto Z3 မှာ Qualcomm Mobile SoC အဟောင်းဖြစ်တဲ့ Snapdragon 835 ကိုပဲ အသုံးပြုထားတဲ့အတွက် တစ်ခြားဖုန်းတွေနဲ့ ယှဉ်ရင် အများကြီး ဒိတ်အောက်နေပါတယ်။ အခုတော့ နောက်ထွက်လာမယ့် Moto Z4 (ခေါ်) Moto Odin မှာ Qualcomm ရဲ့ လုံးဝ နောက်လုံးထွက် SoC ဖြစ်လာမယ့် Snapdragon 8150 ကိုအသုံးပြုပေးထားမယ်လို့သိရပါတယ်။ In-display Fingerprint Sensor ထည့်သွင်းလာမယ်လို့ မျှော်လင့်နေကြပေမယ့် အသေအချာတော့မသိရသေးပါဘူး။ မျက်နှာပြင်အရွယ်အစားကတော့ Flagship ဖုန်းတွေရဲ့ စံအရွယ်အစားဖြစ်လာတဲ့ 6-inches အရွယ် AMOLED Display သုံးနိုင်မယ်လို့ခန့်မှန်းရပါတယ်။ Notch ပါမပါကလည်း တပ်အပ်ပြောလို့မရသေးပဲ Mi Mix 3 တို့လို Slider တပ်ဆင်ပေးထားနိုင်ပါတယ်။

Moto Odin ဟာ အခုလက်ရှိမှာ အစောပိုင်း ထုတ်လုပ်အဆင့်ပဲ ရှိနေပါသေးတယ်။ Moto Odin ရဲ့ အဓိက စွမ်းအားအထက်ဆုံးအရာကတော့ Snapdragon 8150 နဲ့ 5G အထောက်အပံ့ပါ။ 5G အထောက်အပံ့ကို ဖုန်းထဲ တစ်ခါတည်း မထည့်ပေးပဲ Moto Mod တစ်ခုအဖြစါ သပ်သပ်ရောင်းမှာကတော့ စီးပွားရေးဆန်လွန်းအားကြီးပါတယ်။

Ref: XDA