Motorola ကနေ ထုတ်လုပ်တဲ့ စမတ်ဖုန်းအများစုက Google ရဲ့ စစ်မှန်တဲ့ Pure Android နီးပါး OS ကိုပဲ အသုံးပြုထားတဲ့အတွက် Specifications တူညီတဲ့ စမတ်ဖုန်းတွေနဲ့ ယှဉ်ရင် သိသိသာသာကိုပိုပြီး မြန်ဆန်နေတဲ့ဖုန်းတွေပဲဖြစ်ပါတယ်။ အဲ့ဒီအတွက် Motoroloa အနေနဲ့ Google ရဲ့ Android Go လိုမျိုး OS ကို Moto ဖုန်းတွေမှာ သုံးလာမယ်ဆိုတာက ယခင်တုန်းကအနေနဲ့ဆိုရင် တွေးကြည့်စရာတောင်မဟုတ်တဲ့ ကိစ္စတစ်ခုပါ။

ဒါပေမယ့် အခုအချိန်မှာတော့ Motorola ကနေ ပထမဆုံးအနေနဲ့ Budget ဖုန်းတွေအတွက် Google ကနေ ရည်ရွယ်ပြီး ထုတ်လုပ်ထားတဲ့ Moto E5 Play စမတ်ဖုန်းကို ထုတ်ပေးလိုက်ပြီးတော့ ဒေါ်လာ ၁၀၀ ဝန်းကျင် Budget ဖုန်းဈေးကွက်ထဲကို ဝင်ရောက်လာခဲ့ပါတယ်။ အခု Moto G5 Play က ဘယ်လိုမျိုး Features တွေပါဝင်မလဲဆိုတာကို လေ့လာကြည့်ရအောင်။

အရင်ဆုံးအရွယ်အစားအနေနဲ့ Moto E5 Play စမတ်ဖုန်းဟာ ကြီးမားတဲ့ 5.84″ Display ကို အသုံးပြုထားပေမယ့် Resolution အနေနဲ့ 480×854 Pixels ပဲရှိမှာဖြစ်ပါတယ်။ Processor ပိုင်းအနေနဲ့ကတော့ Qualcomm Snapdragon 425 Processor ကို အသုံးပြုထားပြီးတော့ RAM 1GB ၊ Storage 16GB ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။ Storage ထပ်တိုးချင်တယ်ဆိုရင်တော့ MicroSD Card ကနေ ထပ်တိုးရမှာပါ။

Camera ပိုင်းအနေနဲ့ကတော့ Back Camera 8MP နဲ့အတူ Front Selfie Camera ကို 5MP ပဲ တပ်ဆင်ထားတာဖြစ်ပါတယ်။ Fingerprint Scanner လည်း ဖုန်းနောက်ကျောမှာပါဝင်ဦးမှာဖြစ်သလို ကင်မရာ ၂ ခုစလုံးမှာလည်း LED Flash ပါဝင်တာကို တွေ့ရပါတယ်။

အခု Moto E5 Play စမတ်ဖုန်းကို ဈေးနှုန်းအနေနဲ့ကတော့ ဒေါ်လာ ၉၉ ဒေါ်လာနဲ့ ရောင်းချသွားမှာဖြစ်ပြီးတော့ ယခုလကုန်ဝန်းကျင်မှာ စတင်ရောင်းချသွားမယ်လို့ သိရပါတယ်။ ဘာပဲဖြစ်ဖြစ် Android Go Edition ဖုန်းတစ်ခုဖြစ်သလို Motorola ကနေ ထုတ်လုပ်တဲ့ဖုန်းတစ်ခုလည်းဖြစ်တဲ့အတွက် Android Update တွေကတော့ အမြဲရမယ်ဆိုတာ သေချာတဲ့ဖုန်းတစ်ခုပါ။