Zawgyi

Motorola ကုမၸဏီကေနၿပီး သူ႕ရဲ႕ ေခတ္ေဟာင္း ေခါက္ဖုန္း RAZR ကို ျပန္လည္ ဆန္းသစ္ထားတဲ့ ေခါက္ဖုန္း ျပန္လည္ပြဲထုတ္ေတာ့မွာပါ။ ဒီတစ္ခါမွာေတာ့ အရင္ေခတ္ကလို ဒီဇိုင္းေဟာင္း ကီးပတ္ဖုန္းႀကီး မဟုတ္ပဲ ေခါက္ေကြးလို႔ရတဲ့ မ်က္ႏွာျပင္နဲ႕ ထုတ္ေတာ့မွာပါ။

ေခါက္ဖုန္းေတြေခတ္စားခဲ့တဲ့ အခ်ိန္တုန္းက Motorola ရဲ႕ RAZR ေခါက္ဖုန္းဟာ နာမည္ႀကီး Nokia 3310 နဲ႕ အဓိက ၿပိဳင္ဘက္ျဖစ္ခဲ့ၿပီး မိုဘိုင္းဖုန္းေလာကကို အေတာ္ေလး လႊမ္းမိုးမႈရွိခဲ့ပါတယ္။ Nokia ေခါက္ဖုန္းေတြက ပိုမိုထူလာၿပီး အၾကမ္းခံတဲ့ ဒီဇိုင္းဘက္ေရာက္သြားေပမယ့္ Motorola ရဲ႕ RAZR ဖုန္းေတြကေတာ့ ပါးလႊာေခတ္ဆန္တဲ့ ဒီဇိုင္းနဲ႕ လူအမ်ားရဲ႕ စိတ္ဝင္စားမႈကိုရယူခဲ့ပါတယ္။ RAZR ေခါက္ဖုန္း Series ရဲ႕ ေလးႏွစ္တာ သက္တမ္းအတြင္းမွာ ဖုန္းအလုံးေရ သန္း ၁၃၀ ေရာင္းခ်ခဲ့ရပါတယ္။ အဲ့လို နာမည္အရမ္းႀကီးခဲ့တဲ့ RAZR ေခါက္ဖုန္းကို Motorola ကေန နည္းပညာအသစ္ေတြနဲ႕ အားျဖည့္ၿပီး ျပန္လည္ ဆန္းသစ္ ထုတ္လုပ္ထားတယ္ဆိုေတာ့ စိတ္ဝင္စားစရာပါပဲ။

အခုျပန္လည္ ဆန္းသစ္ထားတဲ့ ေခါက္ဖုန္းဟာ အရင္ေခတ္ကလို ကီးပတ္နဲ႕ မဟုတ္ေတာ့ပဲ ေခါက္ေကြးလို႔ရတဲ့ မ်က္ႏွာျပင္နဲ႕လာမွာပါ။ သတင္းအခ်က္အလက္ေတြအရေတာ့ Motorola ဟာ အဆိုပါ RAZR ေခါက္ဖုန္းကို ေဖေဖာ္ဝါရီလအတြင္း အေမရိကားမွာ စတင္ေရာင္းခ်မွာျဖစ္ပါတယ္။  ေစ်းႏႈန္းကေတာ့ $1500 ျဖစ္လို႔ ျမန္မာေငြ သိန္းႏွစ္ဆယ္ေက်ာ္ပါတယ္။

Ref: XDA

Unicode

မကြာခင်မြင်တွေ့ရတော့မယ့် Motorola ရဲ့ RAZR ခေါက်ဖုန်းအသစ်

Motorola ကုမ္ပဏီကနေပြီး သူ့ရဲ့ ခေတ်ဟောင်း ခေါက်ဖုန်း RAZR ကို ပြန်လည် ဆန်းသစ်ထားတဲ့ ခေါက်ဖုန်း ပြန်လည်ပွဲထုတ်တော့မှာပါ။ ဒီတစ်ခါမှာတော့ အရင်ခေတ်ကလို ဒီဇိုင်းဟောင်း ကီးပတ်ဖုန်းကြီး မဟုတ်ပဲ ခေါက်ကွေးလို့ရတဲ့ မျက်နှာပြင်နဲ့ ထုတ်တော့မှာပါ။

ခေါက်ဖုန်းတွေခေတ်စားခဲ့တဲ့ အချိန်တုန်းက Motorola ရဲ့ RAZR ခေါက်ဖုန်းဟာ နာမည်ကြီး Nokia 3310 နဲ့ အဓိက ပြိုင်ဘက်ဖြစ်ခဲ့ပြီး မိုဘိုင်းဖုန်းလောကကို အတော်လေး လွှမ်းမိုးမှုရှိခဲ့ပါတယ်။ Nokia ခေါက်ဖုန်းတွေက ပိုမိုထူလာပြီး အကြမ်းခံတဲ့ ဒီဇိုင်းဘက်ရောက်သွားပေမယ့် Motorola ရဲ့ RAZR ဖုန်းတွေကတော့ ပါးလွှာခေတ်ဆန်တဲ့ ဒီဇိုင်းနဲ့ လူအများရဲ့ စိတ်ဝင်စားမှုကိုရယူခဲ့ပါတယ်။ RAZR ခေါက်ဖုန်း Series ရဲ့ လေးနှစ်တာ သက်တမ်းအတွင်းမှာ ဖုန်းအလုံးရေ သန်း ၁၃၀ ရောင်းချခဲ့ရပါတယ်။ အဲ့လို နာမည်အရမ်းကြီးခဲ့တဲ့ RAZR ခေါက်ဖုန်းကို Motorola ကနေ နည်းပညာအသစ်တွေနဲ့ အားဖြည့်ပြီး ပြန်လည် ဆန်းသစ် ထုတ်လုပ်ထားတယ်ဆိုတော့ စိတ်ဝင်စားစရာပါပဲ။

အခုပြန်လည် ဆန်းသစ်ထားတဲ့ ခေါက်ဖုန်းဟာ အရင်ခေတ်ကလို ကီးပတ်နဲ့ မဟုတ်တော့ပဲ ခေါက်ကွေးလို့ရတဲ့ မျက်နှာပြင်နဲ့လာမှာပါ။ သတင်းအချက်အလက်တွေအရတော့ Motorola ဟာ အဆိုပါ RAZR ခေါက်ဖုန်းကို ဖေဖော်ဝါရီလအတွင်း အမေရိကားမှာ စတင်ရောင်းချမှာဖြစ်ပါတယ်။  စျေးနှုန်းကတော့ $1500 ဖြစ်လို့ မြန်မာငွေ သိန်းနှစ်ဆယ်ကျော်ပါတယ်။

Ref: XDA