Msi Brand ဟာ လက်ရှိလူငယ်တွေကြားမှာ ရေပန်းစားနေပြီးတော့ အဓိကအနေနဲ့ကတော့ Gaming Series အနေနဲ့ လူပိုသိနေကြတာပဲဖြစ်ပါတယ်။ လက်ရှိအချိန်မှာ Msi ကနေ CL Classic Series နဲ့ Gaming Series တွေကိုပဲရောင်းချနေတာဖြစ်ပြီးတော့ အခုအချိန်မှာတော့ Prestige Series ဆိုပြီး PL63 Laptop ကို စတင်ရောင်းချတော့မှာဖြစ်တယ်လို့ သိရပါတယ်။

အခု Msi ကနေ ရောင်းချသွားမယ့် PL62 Laptop ဟာ ဂိမ်းဆော့တဲ့သူတွေအတွက်သာမက အလုပ်ခွင်မှာပါ စတိုင်ကျကျနဲ့အလုပ်လုပ်ကိုင်ချင်သူတွေအတွက် အကောင်းဆုံးသောဒီဇိုင်းနဲ့ ပြုလုပ်ထားတယ်လို့ ပြောလို့ရပါတယ်။ အရောင်ကိုလည်း Msi Laptop ဆိုပြီး မြင်နေကြ အနက်ရောင်နဲ့ ထုတ်လုပ်ထားတာမျိုးမဟုတ်ပဲ အထူက ၂၂ မီလီမီတာနဲ့ အလေးချိန်ကလည်း ၂.၂ ကီလိုဂရမ်ပဲရှိတဲ့အတွက် အရွယ်အစားနဲ့ ယှဉ်ရင်ပေါ့ပါးတယ်လို့ ပြောလို့ရတဲ့ Laptop တစ်ခုလို့ ပြောလို့ရပါတယ်။

Msi PL62 Laptop ဟာ Business Laptop တစ်ခုတင်မဟုတ်တော့ပဲ Gaming Series Laptop တစ်ခုဆိုတာကို သက်သေခံနေတာကတော့ စွမ်းဆောင်ရည်ပဲဖြစ်မှာပါ။ Msi PL62 မှာ Intel ရဲ့ 7th Generation Processor တွေနဲ့အတူ ဂရပ်ဖစ်ပိုင်းအတွက်လည်း Nvidia ရဲ့ GeForce MX150 Graphic Card ကိုထည့်သွင်းပေးထားတဲ့အတွက် ယခင်ထက် ၆၃ ရာခိုင်နှုန်းပိုပြီးမြန်ဆန်တဲ့ ဂိမ်းစွမ်းဆောင်ရည်ကို တွေ့ရဦးမှာပါ။

Msi PL62 Laptop ဟာ Business Laptop ဆိုတာထက် ပိုသွားတဲ့အချက်တွေက Gaming Series Laptop တွေမှာပဲပါတဲ့ Msi ရဲ့ Dragon Control Center ၊ Msi ရဲ့ ကိုယ်ပိုင် SHIFT နည်းပညာ၊ DDR4 Memory တွေနဲ့ Keyboard က Keys တွေကိုလိုသလို Assign ပြုလုပ်နိုင်တဲ့ Msi Shortcut Manager တွေက သင့်ကို သာမန် Laptop တစ်ခုထက် အများကြီးပိုတဲ့အရာတွေကို ပေးသွားမှာဖြစ်ပါတယ်။

Msi PL62 ဟာ Video ကြည့်ရှုသူတွေအတွက်လည်း 4K ရုပ်ထွက်ကိုလည်း Support ပြုလုပ်နိုင်မှာဖြစ်ပြီး Display ၃ ခုအထိ ချိတ်ဆက်ပြီး ကြည့်ရှုလို့ရမှာဖြစ်ပါတယ်။ Audio ပိုင်းအတွက်လည်း Nahimic 2 Plus (Virtual Surround) နည်းပညာနဲ့ ကိုယ့်စိတ်ကြိုက်ပြောင်းလဲပြီး အသံထွက်ကို ချိန်ညှိနိုင်ဦးမှာဖြစ်ပါတယ်။

အဲ့ဒီအတွက် Msi PL62 Laptop ဟာ ဒီဇိုင်းလှပတဲ့အပြင် စွမ်းဆောင်ရည်ပိုင်းမြင့်မားပြီး Features တွေအလွန်စုံလင်တဲ့အတွက် မကြာခင်မှာ Msi ရဲ့ ရောင်းအားကောင်းမော်ဒယ်တစ်ခုဖြစ်လာမယ်ဆိုတာကိုခန့်မှန်းလို့ရနေပါပြီ။