(နေပြည်တော်၊ မြန်မာ၊ ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်) “အနာဂတ်ဒီဂျစ်တယ်ကမ္ဘာနှင့် မြန်မာနိုင်ငံကို ချိတ်ဆက်ပေးမည့် 5G နည်းပညာ” ခေါင်းစဉ်ဖြင့် မြန်မာ5Gဆွေးနွေးပွဲ ၂၀၁၈ ကို Huawei နှင့် မြန်မာဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနတို့ ပူးပေါင်းကာ နေပြည်တော်ရှိ Hilton ဟိုတယ်တွင် ဒီဇင်ဘာလ ၁၉ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။ အစိုးရအဖွဲ့ဝင်များ တက်ရောက်လာကြသည့် အဆိုပါဆွေးနွေးပွဲတွင် သတင်းအချက် အလက်နှင့် ဆက်သွယ်ရေး နည်းပညာနယ်ပယ်မှ ကျွမ်းကျင်သူများ၊ အဖွဲ့အစည်းများနှင့် Huaweiတို့က 5G နည်းပညာ၊ 5G နည်းပညာ တိုးတက်လာမှုများ နှင့် မြန်မာနိုင်ငံအပေါ် သက်ရောက်နိုင်ခြေရှိသည့် အချက်များကို အဆိုပါနည်းပညာ အသုံးပြုပုံများနှင့်တကွ ပြသခဲ့ကြသည်။

အဆိုပါပွဲသို့ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန်ဖြစ်သူ ဦးချစ်ဝေ၊ ITU မှ အာဆီယံဒေသဆိုင် ရာအကြီးအကဲ Dr Ismail Shah၊ Huawei Global Carrier စီးပွားရေးလုပ်ငန်းစု၏ ဒုဥက္ကဌဖြစ်သူ Mr. Zhou Jianjun၊ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာန၏ ညွှန်ကြားရေးမှုးချုပ် ဦးစိုးသိန်းအပါအဝင် အခြားသော နိုင်ငံ တကာအဖွဲ့အစည်းများ၊ မိတ်ဖက်စီးပွားရေးလုပ်ငန်းများ နှင့် မီဒီယာမှ ဂုဏ်သရေရှိ ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ ကြသည်။

ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန်ဖြစ်သူ ဦးချစ်ဝေက အဖွင့်အမှာ စကားပြောကြား ကာဖွင့်လှစ်ပေးခဲ့သည့် အဆိုပါဆွေးနွေးပွဲ၏ ရည်ရွယ်ချက်များမှာ မြန်မာနိုင်ငံအတွင်းရှိ 4G/5G တို့၏ အနာဂတ် ဈေးကွက်အခြေအနေများကို ဆွေးနွေးရန်၊ 4G/4.5G နည်းပညာ မှတဆင့် 5G နည်းပညာကို အောင်မြင်စွာ အစားထိုး လဲလှယ် အသုံးပြုနိုင်ရန်အတွက် ပြင်ဆင်ထားသည့် Myanmar National Broadband White Paper 2019 နှင့် အသစ်ပြင်ဆင်ထားသော spectrum roadmap 2019၊ ဒီဂျစ်တယ် မြန်မာနိုင်ငံဖြစ်လာ စေရေးအတွက်တွန်းအားပေးရန် နှင့် ဖြန့်ကျက်မှုလမ်းကြောင်း၊ အခြေခံ အဆောက်အအုံ၊ စက်ပစ္စည်း၊ ဖိုက်ဘာ နှင့် နိုင်ငံသားများ၊ အိမ်ထောင်စုများနှင့် နယ်ပယ်ကဏ္ဍများစွာအတွက် ဘရော့ဘန်း ပံ့ပိုးမှု မူဝါဒများ ပါဝင်သည့် မြန်မာ 5G ဂေဟစနစ်တည်ဆောက် ရေးအတွက် လိုအပ်သည်များကို ကြိုတင်ပြင်ဆင်ထားရန်တို့ ဖြစ်ကြသည်။ APT700MHz၊ TDD 2.6GHz၊ 2.3GHz နှင့် C band 3.5GHz တို့ကို 4G နှင့် လာမည့် ၂ နှစ်အတွင်း အကောင်အထည် ဖော်ဆောင်တော့မည့် 5G ကွန်ရက်အတွက် အဓိကကျသည့် ကြိမ်နှုန်းများအဖြစ် သတ်မှတ် ဆောင်ရွက်နေသည်။ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၏ စီးပွားရေးအသွင်ပြောင်းမှုဖြစ်စဉ်အတွက် လိုအပ်ချက်ဖြစ်သည့်အပြင် နိုင်ငံတွင်းလုပ်ဆောင် ချက်များအတွက် 5G မှ ဆောင်ယူလာပေးမည့် သိသာထင်ရှားသည့် ပြောင်းလဲမှုများကို ပြသသည့်အနေဖြင့် mobile broadband တွင်သာမက fixed wireless access နှင့် Internet of Things တို့တွင် အသုံးပြုနိုင်မည့် 5G နည်းပညာအသုံးချမှုများကို ဆွေးနွေးသွားကြမည် ဖြစ်သည်။

5G နည်းပညာသည် 4G နည်းပညာ၏ သဘာဝအတိုင်းတိုးတက်ပြောင်းလဲမှု ဖြစ်စဉ်တစ်ခု ဖြစ်ပြီး 5G နည်းပညာကို အသုံးပြုခြင်းခြင့် အချိန်တိုအတွင်း ဒေတာအမြောက်အများ ရယူအသုံးပြုနိုင်မှု၊ များစွာယုံကြည်စိတ်ချရခြင်း၊ လုပ်ဆောင်ချက်နှောင့်နှေးမှုများကို လျော့ချပေးနိုင်ခြင်း၊ စွမ်းအင် အသုံးပြုမှုသက်သာခြင်း၊ ကုန်ကျ စရိတ်နည်းပါးခြင်း၊ စွမ်းဆောင်ရည် ပိုမိုမြင့်မားခြင်း နှင့် တစ်ချိန်တည်းတွင်စက်ပစ္စည်းများပိုမို များပြားစွာ ချိတ်ဆက်နိုင်ခြင်း အကျိုးကျေးဇူးများကို ရရှိမည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ကဏ္ဍကို ယခုထက်ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေး အတွက် အထောက်အပံ့ ဖြစ်လာနိုင်စေ မည်လည်းဖြစ်သည်။ ကွန်ရက်မြန်နှုန်း၊ အသုံးပြုသူများ၏ အတွေ့အကြုံများ နှင့် ကွန်ရက်လုံခြုံရေးတို့ကို ထည့်သွင်းမစဉ်းစားလျင်ပင် 5G ရရှိအသုံးပြု လာနိုင်မှုကြောင့် ရရှိလာနိုင်မည့် ပိုမိုကြီးမားသည့် အနာဂတ်ပန်းတိုင်လမ်းကြောင်းများအတွက် 4G နည်းပညာတွင် ဖြစ်နိုင်သမျှ အဆင့်မြှင့်တင်မှုများမြန်မာနိုင်ငံတွင် ဆောင်ရွက်ရန် လိုအပ်သည်။

မြန်မာနိုင်ငံအား ဒီဂျစ်တယ်စနစ်ဖြင့်ချိတ်ဆက်ထားသည့်နိုင်ငံတစ်ခုဖြစ်လာစေရေးဟူသော အစိုးရအဖွဲ့၏ ရည်မှန်းချက်ကို အကောင်အထည်ဖော်ဆောင်ရာတွင်လည်း နည်းပညာသည် မရှိမဖြစ်ပါဝင်နေသည်။ အဆိုပါရည်မှန်းချက်သည် တစ်ခုနှင့်တစ်ခု ဆက်နွယ်နေသော အရေးပါသည့်အကြောင်းအရာ (၃) ခုအပေါ် အခြေခံထားသည်။ ၎င်းအကြောင်းအရာများမှာ (၁) နိုင်ငံတွင်း ဘရော့ဘန်း အခြေခံအဆောက်အအုံများ ဆောက်လုပ်နေစဉ်အတွင်း နောင်လာမည့် ၅ နှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် ဦးဆောင်လှုပ်ရှားမှုအချို့နှင့် မူဝါဒတိုင်းတာချက်များမှတစ်ဆင့် မြန်မာနိုင်ငံသားများကို နည်းပညာနှင့် ချိတ်ဆက်ပေး ခြင်း၊ (၂) နယ်ပယ်ကဏ္ဍများစွာ၏ ဒီဂျစ်တယ်အသွင်ကူးပြောင်းခြင်းနှင့် ဆန်းသစ်တီထွင်မှုများဖြင့် စီးပွားရေး ဖွံ့ဖြိုးမှုကို အထောက်အပံ့ပေးနိုင်ပြီး နိုင်ငံသားအားလုံးက မြန်နှုန်းမြင့်အင်တာနက်ကို အသုံးပြုနိုင် စေရန် ကူညီပေးမည့် အခြေခံအဆောက်အအုံများ တည်ဆောက်နေခြင်း (၃) e-Government လုပ်ငန်းများကို အကူအညီဖြစ်စေရန် မြန်နှုန်းမြင့်ချိတ်ဆက်ခြင်းများနှင့် ဒီဂျစ်တယ်နည်းပညာ များကို အဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်ခြင်းဖြင့် အများပြည်သူအတွက် ဝန်ဆောင်မှုနှင့် အချက်အလက်များ ပိုမိုအဆင်ပြေချောမွေ့စွာ ပေးအပ်နိုင်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ပြည်နယ်အစိုးရအဖွဲ့များ၏ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုထိ ရောက်အကျိုးရှိစေမည်လည်း ဖြစ်သည်။

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ ဒုတိယညွှန်ကြားရေးမှုးဖြစ်သူ ဦးမျိုးဆွေက “ပထမဆုံးနေနဲ့ ပြောချင်တာကတော့ ကျွန်တော်တို့ အသစ်ပြင်ဆင်ထားတဲ့ sprectrum roadmap ကို ဆက်သွယ်ရေးညွှန်ကြားမှုဦးစီး ဌာန က စစ်ဆေးကြည့်ရှုပြီးရင် ၂၀၁၉ ခုနှစ် ရဲ့ ပထမသုံးလပတ်မှာ တရားဝင်ထုတ်ပြန်မှာပါ။ ဒီနေ့ပွဲတက် ရောက်လာတဲ့ သူတွေရဲ့ အကြံပေးချက်တွေ၊ ထင်မြင်ချက်တွေကိုလည်း လေးလေးနက်နက်ထည့်သွင်းစဉ်း စားပေးသွားမှာပါ။ ဒုတိယ အချက်အနေနဲ့ Myanmar National Broadband Whitepaper 2019 ကိုလည်း မိတ်ဖက်အဖွဲ့အစည်းတွေရဲ့အကူအညီနဲ့ ထုတ်ပြန်ဦးမှာပါ။ 4G နဲ့ 5G အခြေခံထားတဲ့ fixed wireless access တို့ရဲ့ စုပေါင်းစွမ်းရည်က နိုင်ငံတွင်း broadband ဖွံ့ဖြိုးမှုမှာ အဓိကကျတဲ့ နေရာကနေ တွန်းအားပေးလိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်” ဟု ယခုကျင်းပသည့်ပွဲ၏ ရည်ရွယ်ချက်များကို နှုတ်ခွန်းဆက်စကားတွင် ထည့်သွင်း ပြောကြားခဲ့သည်။

မျိုးဆက်သစ် 5G ကွန်ရက်အား ကမ္ဘာအနှံ့အပြားရှိ နိုင်ငံများနှင့် နည်းပညာအဖွဲ့အစည်းများ အားလုံးက အသုံးပြုနိုင်ရန် ကြိုးပမ်းနေကြခြင်းကြောင့် 5G နည်းပညာဖြန့်ကျက်မှုတွင် အဆင်မပြေမှုများ ရှိနေဆဲပင် ဖြစ်သည်။ သို့သော်လည်း အဆိုပါအခက်အခဲများသည် ကမ္ဘာနေရာနှံ့အပြားသို့ 5G မရောက်မီ အဆင့်မြင့် ဈေးကွက်များတွင် 5G နည်းပညာ ဖွံ့ဖြိုးမှု အရှိန်အဟုန်မြင့်လာသည်နှင့်အမျှ ဖြေရှင်းပြီးဖြစ်သွားမည် ဖြစ်သည်။ အဆိုပါ မျိုးဆက်သစ်ကြိုးမဲ့ ဆက်သွယ်ရေးနည်းပညာ၏ အဆင့်မြှင့်တင်မှုများဖြစ်ကြသည့် တစ်စက္ကန့်လျှင် ၁၀၀ မီဂါဘိုက်အထိ ရရှိနိုင်သော မြန်နှုန်းမြင့်အင်တာနက်၊ fixed wireless access၊ မှတ်ဉာဏ်တုနည်းပညာ (AI)၊ virtual reality (VR)၊ Internet of Things (IoT)၊ smart cities နှင့် အခြားသောနည်းပညာများ ဆောင်ရွက်နိုင်မှုများသည် လူမှုဝန်းကျင်နှင့် စီးပွားရေးလုပ်ငန်းများ၏ နေ့စဉ်လုပ်ငန်း ဆောင်ရွက်မှု များအပေါ်တွင် ကောင်းသော အကျိုး သက်ရောက်မှု ရှိနိုင်မည်ဟု မျှော်လင့်သည်။

Huawei Global Carrier စီးပွားရေးလုပ်ငန်းစု ၏ ဒုတိယဥက္ကဌဖြစ်သူ Mr. Zhou Jianjun က “Myanmar 5G Forum 2018 ပွဲဖြစ်မြောက်ရေးအတွက် ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဌာနနဲ့အတူ ပူးပေါင်းဆောင်ရွက်ခွင့်ရတာကို Huawei က တကယ်ပဲ ဝမ်းမြောက် ဂုဏ်ယူမိပါတယ်။ ဒီဆွေးနွေးပွဲကနေတစ်ဆင့် 5G နည်းပညာရဲ့အရေးပါ တဲ့ကဏ္ဍတွေ၊ 4G ကို ခေတ်နဲ့အညီ မဟာဗျူဟာကျကျ ဖြန့်ကျက်နိုင်ခြင်းက နိုင်ငံတကာ အိုင်စီတီကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးလမ်းကြောင်းကို ဘယ်လိုအားပေးတယ်ဆိုတာတွေနဲ့ အနာဂတ်ဒီဂျစ်တယ် ပတ်ဝန်းကျင်နဲ့ စီးပွား ရေးအတွက် 5G နည်းပညာက အခြေခံအုတ်မြစ် ဖြစ်လာမယ်ဆိုတာ တွေကို မီးမောင်းထိုးပြနိုင်ဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ 4G ကနေ 5G ကူးပြောင်းတဲ့အချိန်မှာ “Air Fiber” WTTX၊ Cloud plus 5G plus Smart Device based Cloud X စတဲ့ ဈေးကွက်တိုးချဲ့မှုတွေအတွက် 5G ကို အမှန်တကယ် လိုအပ်လာပါလိမ့်မယ်။ 5Gနည်းပညာအတွက် အသင့်ပြင်ဆင်ဖို့အဓိကကျတဲ့ ပင်မထောက်တိုင်ကြီး(၄)ခုဖြစ်တဲ့ ထောက်ပံ့ရေးမူဝါဒ၊ လုံလောက်တဲ့spectrum၊ နေရာရင်းမြစ်အများအပြား၊ နဲ့ ဖိုက်ဘာ ဆက်စပ်ကိစ္စ ရပ်တွေအပေါ်မှာ အပြုသဘောဆောင်တဲ့ဆွေးနွေးချက်တွေကို တက်တက်ကြွကြွဆောင်ရွက်ဖို့ ဒီဆွေးနွေးပွဲကနေ တိုက်တွန်းချင်ပါတယ်။ ဒါက မူဝါဒသတ်မှတ်ရေး သက်မွေးဝမ်းကျောင်း တက္ကသိုလ်တွေ၊ စည်းကမ်းထိန်းသိမ်းရေးဌာနတွေ၊ ဆက်သွယ်ရေးကဏ္ဍနဲ့ ပညာရေး ဘက်က အကြီးတန်းစီမံခန့်ခွဲမှုအရာရှိတွေကို မြန်မာနိုင်ငံမှာဖြစ်လာမယ့် 5G အနေအထားကို ထုတ်ဖော်ပြသနိုင်မှာပါ’” ဟု ပြောကြားခဲ့သည်။

မြန်မာ 5G ဖိုရမ် ၂၀၁၈ တွင် ထိပ်တန်းအဖွဲ့အစည်းများဖြစ်ကြသည့် ITU၊ GSA၊ Huawei၊ Ovum၊ Telco-economics နှင့် Quectel တို့မှ ဈေးကွက်ဦးဆောင်ကျွမ်းကျင် ဒေတာ၊ သုတေသနနှင့် အတိုင်ပင်ခံများက ဒီဂျစ်တယ်ဝန်ဆောင်မှုထောက်ပံ့သူများနှင့် ၎င်းတို့၏ မိတ်ဖက်အဖွဲ့အစည်း များကို အပြန်အလှန်ချိတ်ဆက်နေသည့် ဒီဂျစ်တယ်စီးပွားရေးနယ်ပယ်အတွင်း ဆက်လက်ရှင်သန် နိုင်စေရေးကို အဓိကထားကူညီဆွေးနွေး အကြံပေးခဲ့ကြသည်။

5G နည်းပညာနှင့် ၎င်း၏ အသုံးပြုမှုများအကြောင်း ပိုမိုပြည့်စုံစွာသိရှိလိုပါက https://www.huawei.com/en /industry-insights/outlook/mobile-broadband/5g တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။