အားလုံးသိျပီးတဲ့အတုိင္း လက္ရွိအေရွ႕ေတာင္အာရွမွာ ေဆာ့ကစားသူအမ်ားဆုံး ဂိမ္းတစ္ခုျဖစ္တဲ့ Mobile Legends မုိဘုိင္းဂိမ္းထဲမွာ ျမန္မာႏုိင္ငံ ကိုယ္စားျပဳဟီးရုိးကို ျမင္ရဖုိ႔ အရမ္းနီးစပ္ေနပါျပီ။ မင္းစစ္သား (Minsitthar) လို႔ အမည္ေပးထားတဲ့ ျမန္မာကိုယ္စားျပဳ ဟီးရုိးအသစ္ဟာ ႏုိဝင္ဘာ ၂၀ ရက္ေန႔မွာ ထြက္မယ့္ Update အသစ္နဲ႔အတူ ပါဝင္လာမယ္လို႔ သိရပါတယ္။

ယေန႔မွာေတာ့ ML ရဲ႕တရားဝင္ Facebook စာမ်က္ႏွာမွာ ဒီဟီးရုိးရဲ႕ ေနာက္ေၾကာင္းမိတ္ဆက္ ဗီဒီယုိကို တင္လာခဲ့ပါျပီ။ ေနာက္ခံဇာတ္လမ္းအရေရာ၊ နာမည္အရပါ ေက်ာ္ၾကားထင္ရွားတဲ့ ပုဂံမင္းတစ္ပါးျဖစ္တဲ့ က်န္စစ္သားကို အေျခခံထားတာလို႔ ယူဆရပါတယ္။ ဗီဒီယုိကို ေအာက္မွာၾကည့္ႏုိင္ပါတယ္။

Minsitthar

အပယ္ခံျဖစ္ေနပါေသာ္လည္း သူသည္ တိုင္းျပည္သို႔ ျပန္လာၿပီး ကယ္တင္ခဲ့သည္။ ယခု ထိုရဲရင့္ေသာ စစ္သည္ေတာ္သည္ Land of Dawn သို႔ ေရာက္လာပါၿပီ။ အစမ္းျပဗီဒီယိုကို ၾကည့္ၿပီး ျပည္သူေတြအတြက္ သူ႔ရဲ႕ စိတ္ထက္သန္ ျပင္းျပမႈကို ခံစားလိုက္ပါ။ အပယ္ခံဘဝမွ ျပည္သူခ်စ္ မင္းတစ္ပါးအျဖစ္သို႔။ Hero သစ္ Minsitthar ႏိုဝင္ဘာလ ၂၀ရက္ေန႔မွာ ေရာက္လာေတာ့မွာပါ။#Mlbbnewhero ?Download:❤️ From official page?https://m.mobilelegends.com/mm/landingpage-fanpage/❤️ From Google play and App store?https://app.adjust.com/trco1ar_dn1emub#MLBBallstartour #MLBBnFriends

Posted by Mobile Legends: Bang Bang – MM on Friday, November 16, 2018

အမ်ဳိးအစားကေတာ့ Crowd Control / Initiator ျဖစ္ျပီး အျခားပုံမွန္ဟီးရုိးေတြလုိပဲ Ability ေလးခု ပါဝင္တယ္။ ၾကိဳျပီး အဆင့္ျမင့္ဆာဗာမွာ ေပါက္ၾကားထားတဲ့ ပုံအရဆုိရင္ေတာ့ သူ႕ရဲ႕ Passive Ability (ႏွိပ္သုံးစရာမလိုဘဲ အလိုအေလွ်ာက္ရတဲ့ ပါဝါ) က All United လို႔ေခၚျပီး ကိုယ့္အသင္းက လူတစ္ေယာက္ ရန္သူကို သတ္တုိင္း သူက 80 Gold ရေနမွာျဖစ္ကာ ကိုယ္က ရန္သူဟီးရိုးကို သတ္ရင္လည္း ကိုယ့္ဘက္က လူေတြအားလုံး 20 Gold ရမွာပါ။

အရိႏၵမာလွံလို႔ ယူဆရတဲ့ လွံကတစ္ဖက္၊ ေရႊေရာင္ဒိုင္းက တစ္ဖက္နဲ႔ Minsitthar မွာ Ability ေတြက ဒီလက္နက္ေတြကို အသုံးျပဳရတာေတြပါပဲ။ ပထမ Skill က Spear of Glory လုိ႔ေခၚျပီး ေရွ႕လိုင္းတေလွ်ာက္ လွံနဲ႔ထိုးကာ Range အဆုံးက ရန္သူကို ကိုယ့္ဆီဆြဲေခၚ Stun မွာျဖစ္တယ္။


ဒုတိယ Skill က Shield Assault လို႔ေခၚျပီး ဒိုင္းနဲ႔ အနီးက ရန္သူကို တုိက္တာျဖစ္ပါတယ္။ အတုိက္ခံရတဲ့ ရန္သူက Stun သြားျပီး တကယ္လို႔ သူ႕ေနာက္လမ္းေၾကာင္းမွာ ေနာက္ရန္သူတစ္ေယာက္ရွိေနရင္ သူ႕ကိုပါ တြန္းတုိက္လႊတ္လိုက္မွာ ျဖစ္တယ္။

ေနာက္ဆုံး Ultimate Skill ကိုေတာ့ King’s Calling လို႔ အမည္ေပးထားကာ ေဘးပတ္ပတ္လည္မွာ စစ္သည္ေတာ္ေလးေယာက္ ေပၚလာျပီး AoE (Area of Effect) ထဲက ရန္သူေတြကို ဝုိင္းခ်ေပးမွာ ျဖစ္ပါတယ္။

Mobile Legends ဟာထြက္ခါစမွာေတာ့ တရုတ္၊ ဘရာဇီး၊ ဂ်ပန္၊ ေတာင္ကုိရီးယား အစရွိ ႏုိင္ငံၾကီးေတြရဲ႕ ကိုယ္စားျပဳ ဟီးရုိးေတြကို စတင္သုံးစြဲခဲ့ေပမယ့္ ေနာက္ပုိင္း အေရွ႕အာရွ (SEA) ေဒသတြင္းမွာ လူၾကိဳက္မ်ားလာတဲ့အခါ အေရွ႕အာရွက အင္ဒုိ၊ ဖိလစ္ပုိင္ စတဲ့ ႏုိင္ငံေတြက ဟီးရုိးေတြကို ဂိမ္းထဲ ထည့္သြင္းခဲ့ျပီး ျဖစ္ပါတယ္။

အခုေတာ့ မၾကာခင္ ျမန္မာကိုယ္စားျပဳ ဟီးရုိးကိုပါ ျမင္ေတြ႕ရေတာ့မွာ ျဖစ္လုိ႔ ျမန္မာကစားသူေတြၾကားမွာ ဘယ္ေလာက္ေရပန္းစားလာမလဲ ဆုိတာ ေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။ အေပၚမွာ ေဖာ္ျပခဲ့တဲ့ Skill ေတြဟာ မထြက္ခင္ အစမ္းကာလမွာ ျမင္ခဲ့ရတာျဖစ္လုိ႔ တကယ္ထြက္လာတဲ့အခါ ေျပာင္းလဲမႈရွိႏုိင္ပါတယ္။

Unicode

အားလုံးသိပြီးတဲ့အတိုင်း လက်ရှိအရှေ့တောင်အာရှမှာ ဆော့ကစားသူအများဆုံး ဂိမ်းတစ်ခုဖြစ်တဲ့ Mobile Legends မိုဘိုင်းဂိမ်းထဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြုဟီးရိုးကို မြင်ရဖို့ အရမ်းနီးစပ်နေပါပြီ။ မင်းစစ်သား (Minsitthar) လို့ အမည်ပေးထားတဲ့ မြန်မာကိုယ်စားပြု ဟီးရိုးအသစ်ဟာ နိုဝင်ဘာ ၂၀ ရက်နေ့မှာ ထွက်မယ့် Update အသစ်နဲ့အတူ ပါဝင်လာမယ်လို့ သိရပါတယ်။

ယနေ့မှာတော့ ML ရဲ့တရားဝင် Facebook စာမျက်နှာမှာ ဒီဟီးရိုးရဲ့ နောက်ကြောင်းမိတ်ဆက် ဗီဒီယိုကို တင်လာခဲ့ပါပြီ။ နောက်ခံဇာတ်လမ်းအရရော၊ နာမည်အရပါ ကျော်ကြားထင်ရှားတဲ့ ပုဂံမင်းတစ်ပါးဖြစ်တဲ့ ကျန်စစ်သားကို အခြေခံထားတာလို့ ယူဆရပါတယ်။ ဗီဒီယိုကို အောက်မှာကြည့်နိုင်ပါတယ်။

Minsitthar

အပယ္ခံျဖစ္ေနပါေသာ္လည္း သူသည္ တိုင္းျပည္သို႔ ျပန္လာၿပီး ကယ္တင္ခဲ့သည္။ ယခု ထိုရဲရင့္ေသာ စစ္သည္ေတာ္သည္ Land of Dawn သို႔ ေရာက္လာပါၿပီ။ အစမ္းျပဗီဒီယိုကို ၾကည့္ၿပီး ျပည္သူေတြအတြက္ သူ႔ရဲ႕ စိတ္ထက္သန္ ျပင္းျပမႈကို ခံစားလိုက္ပါ။ အပယ္ခံဘဝမွ ျပည္သူခ်စ္ မင္းတစ္ပါးအျဖစ္သို႔။ Hero သစ္ Minsitthar ႏိုဝင္ဘာလ ၂၀ရက္ေန႔မွာ ေရာက္လာေတာ့မွာပါ။#Mlbbnewhero ?Download:❤️ From official page?https://m.mobilelegends.com/mm/landingpage-fanpage/❤️ From Google play and App store?https://app.adjust.com/trco1ar_dn1emub#MLBBallstartour #MLBBnFriends

Posted by Mobile Legends: Bang Bang – MM on Friday, November 16, 2018

အမျိုးအစားကတော့ Crowd Control / Initiator ဖြစ်ပြီး အခြားပုံမှန်ဟီးရိုးတွေလိုပဲ Ability လေးခု ပါဝင်တယ်။ ကြိုပြီး အဆင့်မြင့်ဆာဗာမှာ ပေါက်ကြားထားတဲ့ ပုံအရဆိုရင်တော့ သူ့ရဲ့ Passive Ability (နှိပ်သုံးစရာမလိုဘဲ အလိုအလျှောက်ရတဲ့ ပါဝါ) က All United လို့ခေါ်ပြီး ကိုယ့်အသင်းက လူတစ်ယောက် ရန်သူကို သတ်တိုင်း သူက 80 Gold ရနေမှာဖြစ်ကာ ကိုယ်က ရန်သူဟီးရိုးကို သတ်ရင်လည်း ကိုယ့်ဘက်က လူတွေအားလုံး 20 Gold ရမှာပါ။

အရိန္ဒမာလှံလို့ ယူဆရတဲ့ လှံကတစ်ဖက်၊ ရွှေရောင်ဒိုင်းက တစ်ဖက်နဲ့ Minsitthar မှာ Ability တွေက ဒီလက်နက်တွေကို အသုံးပြုရတာတွေပါပဲ။ ပထမ Skill က Spear of Glory လို့ခေါ်ပြီး ရှေ့လိုင်းတလျှောက် လှံနဲ့ထိုးကာ Range အဆုံးက ရန်သူကို ကိုယ့်ဆီဆွဲခေါ် Stun မှာဖြစ်တယ်။


ဒုတိယ Skill က Shield Assault လို့ခေါ်ပြီး ဒိုင်းနဲ့ အနီးက ရန်သူကို တိုက်တာဖြစ်ပါတယ်။ အတိုက်ခံရတဲ့ ရန်သူက Stun သွားပြီး တကယ်လို့ သူ့နောက်လမ်းကြောင်းမှာ နောက်ရန်သူတစ်ယောက်ရှိနေရင် သူ့ကိုပါ တွန်းတိုက်လွှတ်လိုက်မှာ ဖြစ်တယ်။

နောက်ဆုံး Ultimate Skill ကိုတော့ King’s Calling လို့ အမည်ပေးထားကာ ဘေးပတ်ပတ်လည်မှာ စစ်သည်တော်လေးယောက် ပေါ်လာပြီး AoE (Area of Effect) ထဲက ရန်သူတွေကို ဝိုင်းချပေးမှာ ဖြစ်ပါတယ်။

Mobile Legends ဟာထွက်ခါစမှာတော့ တရုတ်၊ ဘရာဇီး၊ ဂျပန်၊ တောင်ကိုရီးယား အစရှိ နိုင်ငံကြီးတွေရဲ့ ကိုယ်စားပြု ဟီးရိုးတွေကို စတင်သုံးစွဲခဲ့ပေမယ့် နောက်ပိုင်း အရှေ့အာရှ (SEA) ဒေသတွင်းမှာ လူကြိုက်များလာတဲ့အခါ အရှေ့အာရှက အင်ဒို၊ ဖိလစ်ပိုင် စတဲ့ နိုင်ငံတွေက ဟီးရိုးတွေကို ဂိမ်းထဲ ထည့်သွင်းခဲ့ပြီး ဖြစ်ပါတယ်။

အခုတော့ မကြာခင် မြန်မာကိုယ်စားပြု ဟီးရိုးကိုပါ မြင်တွေ့ရတော့မှာ ဖြစ်လို့ မြန်မာကစားသူတွေကြားမှာ ဘယ်လောက်ရေပန်းစားလာမလဲ ဆိုတာ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။ အပေါ်မှာ ဖော်ပြခဲ့တဲ့ Skill တွေဟာ မထွက်ခင် အစမ်းကာလမှာ မြင်ခဲ့ရတာဖြစ်လို့ တကယ်ထွက်လာတဲ့အခါ ပြောင်းလဲမှုရှိနိုင်ပါတယ်။