မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးလောကထဲသို့ စတုတ္ထမြောက်ဆက်သွယ်ရေးအော်ပရေတာအနေနဲ့ ၀င်ရောက်လာခဲ့တဲ့ MYTEL ဟာ မြန်မာပြည်မှ မိုဘိုင်းသုံးစွဲသူများအား ဝန်ဆောင်မှုအမျိုးမျိုးနှင့် လူမှုအကျိုးပြုအစီအစဉ်တွေကို မြန်မာနိုင်ငံတစ်ဝှမ်းလုံး အတိုင်းအတာဖြင့် လုပ်ဆောင်ကာ လူနေမှုဘဝများကို မြှင့်တင်ပေးသွားမှာဖြစ်ပါတယ်။

မြန်မာ့ခေတ်အမီဆုံးအော်ပရေတာအနေနဲ့ ရပ်တည်သွားမည့် MYTEL သည် Fiber နည်းပညာကို အသုံးပြုသွားမှာဖြစ်သည့်အတွက် သုံးစွဲသူများကို ထိရောက်မြန်ဆန်သောအင်တာနက်၊ ကောင်းမွန်သောလိုင်းဆွဲအားတို့ကို ပေးစွမ်းကာ အကောင်းဆုံးအင်တာနက် သုံးစွဲမှုအတွေ့အကြုံကို ယူဆောင်လာပေးမှာဖြစ်ပါတယ်။ Fiber နည်းပညာသည် မြန်မာပြည်၏ ကွန်ယက်သိပ်သည်းဆအား လူ ၁ သန်းလျှင် ၁၅၀၀ ကီလိုမီတာအထိ မြင့်တင်ပေးနိုင်ပါတယ်။

ကြည်လင်ပြတ်သားသောအသံ နှင့် ဒေတာသုံးစွဲမှု အတွေ့အကြုံကောင်းကိုပါ တပြိုင်နက်ဖန်တီးပေးနိုင်သော နောက်ဆုံးပေါ် VOLTE နည်းပညာကို MYTEL မှ မြန်မာ့ဆက်သွယ်ရေးဈေးကွက်သို့ ပထမဦးဆုံး ယူဆောင်လာပေးသွားမှာပါ။ နောက်ဆုံးပေါ် ခေတ်မီဆန်းသစ်သော နည်းပညာများကို နားလည်ပိုင်ဆိုင်ထားသည့် MYTEL သည် သုံးစွဲသူများ၏လိုအပ်ချက်ကို အကောင်းဆုံးဖြည့်ဆည်းပေးပြီး အလုပ်ခွင်မှာသာမက လူနေမှုဘဝမှာပါ အဆင်ပြေချောမွေ့လွယ်ကူစေမည့် အရည်အသွေးမြင့်သောဝန်ဆောင်မှုများကို ပေးအပ်သွားဖို့စီစဉ်ထားပါတယ်။

“ဆက်သွယ်ရေးလုပ်ငန်းက မြန်မာနိုင်ငံအတွက်အရမ်းအခရာကျပါတယ်။ ဒီဈေးကွက်မှာအထူးလိုအပ်နေတဲ့ နေရာလွတ်တွေကို လည်းဖြည့်ရင်း တစ်နိုင်ငံလုံးအတွက် 4Gကွန်ယက် နဲ့ အကောင်းဆုံး ဒေတာဝန်ဆောင်မှု တွေကို ပေးအပ်သွားဖို့ ရည်ရွယ်ထားပါတယ်။ MYTEL ဟာ မြန်နှုန်းမြင့် 4G အင်တာနက်ကို အသင့်တော်ဆုံးဈေးနှုန်းနဲ့ အကောင်းဆုံးအသုံးပြုနိုင်အောင် လုပ်ဆောင်ပေးသွားမယ့် ပထမဦးဆုံး တစ်ခုတည်းသော အော်ပရေတာ ဖြစ်ပါတယ်” လို့ MYTEL ၏ Chief External Relations Officer ဖြစ်သူ ဦးဇော်မင်းဦးမှ ဆိုပါတယ်။

MYTEL သည် မြန်မာနိုင်ငံအတွက် အကောင်းဆုံးသော အင်တာနက်သုံးစွဲမှုအတွေ့အကြုံကို ယူဆောင်လာပေးမည့်အပြင် အင်တာနက်နည်းပညာ နှင့် ပညာရေးကဏ္ဍကို ချိတ်ဆက်ကာ ပိုမိုအဆင့်မြင့်လာစေရန် လုပ်ဆောင်ပေးသွားမှာပါ။ “နောင်အနာဂတ်မှာ ထွန်းတောက်ဖို့ ပညာရေးမှာ မြှပ်နှံစို့” ဆိုသည့်ဆောင်ပုဒ်နှင့်အညီ မြန်မာ့ပညာရေးမဏ္ဍိုင်ကြီးကို ဒစ်ဂျစ်တယ် လမ်းကြောင်းပေါ်သို့ ဆွဲတင်ပေးသွားနိုင်ရန် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ယခုကဲ့သို့ ကောင်းမွန်ခိုင်မာသော အစီအစဉ်များ ထောက်ပံ့ပေးပြီး နိုင်ငံ၏ လူငယ်မျိုးဆက်သစ်များကို နောက်ဆုံးပေါ်တီထွင်မှုနှင့် နည်းပညာဆိုင်ရာ အသိပညာများကို ရရှိသွားစေမှာဖြစ်ပြီး နိုင်ငံတကာအဆင့်ထိ ခေါ်ဆောင်ပေးသွားဖို့ ရည်ရွယ်ထားပါတယ်။

စတုတ္ထမြောက်ဆက်သွယ်ရေးအော်ပရေတာ MYTEL သည် မြန်မာနှင့် ဗီယက်နမ် နှစ်နိုင်ငံမှ ကုမ္ပဏီများ ပူးပေါင်းပြီးတည်ထောင်ထားသည့် အော်ပရေတာတစ်ခုဖြစ်သည့်အတွက် မြန်မာ့ဆက်သွယ်ရေးဈေးကွက်ဆိုင်ရာ အသိအမြင်များကို မြန်မာကုမ္ပဏီများဘက်မှတာဝန်ယူကာ ဗီယက်နမ်၏ ဆက်သွယ်ရေးကုမ္ပဏီ Viettle မှ နည်းပညာပိုင်း တာဝန်ယူဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ ယခုကဲ့သို့ နှစ်နိုင်ငံပူးပေါင်းလုပ်ဆောင်ခြင်းကြောင့် အင်တာနက်အသုံးပြုမှုအတွေ့အကြုံအား တစ်ခေတ်ဆန်းစေရန် အကောင်အထည်ဖော်လုပ်ဆောင်ရာတွင် ကြီးမားသောအင်အားတစ်ရပ်လည်း ဖြစ်စေပါတယ်။

MYTEL ကုမ္ဗဏီ

MYTEL ကုမ္ဗဏီသည် ၂၀၁၆ခုနှစ်တွင် တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံဆက်သွယ်ရေး ဈေးကွက်သို့ နောက်ဆုံးဝင်ရောက်လာသည့် ဆက်သွယ်ရေးဝန်ဆောင်မှုပေးအပ်သော ကုမ္မဏီဖြစ်သည်။ မြန်မာနိုင်ငံတွင် ဝန်ဆောင်မှုပေးနေသော ဆက်သွယ်ရေးအော်ပရေတာ ၁၁ ခု နှင့် ချိတ်ဆက်ပြီး ရှေ့ပြေးဈေးကွက်များတွင် ဆယ်စုနှစ်တစ်စုကျော်တိုင် အတွေ့အကြုံရှိသည့် Vietnam နိုင်ငံ Viettel ကုမ္ဗဏီနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ MYTEL သည် စီးပွားရေးလုပ်ငန်းခွဲ ၁၈ခုမှ တဆင့် မြန်မာနိုင်ငံ၏ တစ်ခုတည်းသော နှင့် ပထမဦးဆုံးသော နိုင်ငံတဝှမ်း 4G ကွန်ယက်ဝန်ဆောင်မှုပေးကာ သုံစွဲသူများအား ၄င်းတို့၏ ရည်မှန်းချက်မျာအားဖြည့်ဆည်းနိုင်ရုံ သာမက အနယ်နယ်အရပ်ရပ်ရှိ မိသားစုနှင့် မိတ်ဆွေအပေါင်းအသင်း များအား အလွယ်တကူဆက်သွယ်နိုင်မည်ဖြစ်သည်။