Zawgyi

ျမန္မာႏိုင္ငံ၏ ေခတ္မီဆန္းသစ္သည့္ ဆက္သြယ္ေရးေအာ္ပေရတာ Mytel သည္ ရန္ကုန္ၿမိဳ႕ေန မိသားစုမ်ား၊ အေသးစားအလတ္စား စီးပြားေရးလုပ္ငန္းမ်ားအတြက္ Fiber-to-the-home (FTTH) အင္တာနက္ဝန္ေဆာင္မႈအား စတင္မိတ္ဆက္လိုက္သည္။ သုံးစြဲသူမ်ားအေနျဖင့္ လႈိင္းအားတည္ၿငိမ္ၿပီး လ်င္ျမန္ေသာ အင္တာနက္ျမန္ႏႈန္းရွိ Mytel FTTH အင္တာနက္ ဝန္ေဆာင္မႈအား သင့္တင့္ေသာေစ်းႏႈန္းျဖင့္ အသုံးျပဳႏိုင္မည္ျဖစ္သည္။

ပ႐ိုမိုးရွင္းကာလ ၂၀၁၈ခုႏွစ္၊ ဇူလိုင္လ ၂၂ရက္ေန႔မွ စက္တင္ဘာလ ၉ရက္ေန႔အထိ ဝန္ေဆာင္မႈ ၃မ်ိဴးျဖစ္ေသာ MyNet 5Mbps + 2Mbps အား လစဥ္ေၾကး ၄၉၀၀၀ က်ပ္၊ MyNet 10Mbps + 4Mbps အား ၈၉၀၀၀က်ပ္ႏွင့္ MyNet 15Mbps + 6Mbps အား ၁၂၂၀၀၀ က်ပ္ စသျဖင့္ ေ႐ြးခ်ယ္အသုံးျပဳႏိုင္မည္ျဖစ္သည္။ ယခုကဲ့သို႔ ဝန္ေဆာင္မႈအစီအစဥ္အမ်ိဴးမ်ိဴး ထားရွိေပးထားျခင္းေၾကာင့္ အေသးစားႏွင့္ အလတ္စား စီးပြားေရးလုပ္ငန္းမ်ား အေနျဖင့္ online မွတဆင့္ သုံးစြဲသူမ်ားႏွင့္ ပို၍အခ်ိတ္အဆက္မိေသာ ပူးေပါင္းေဆာင္႐ြက္ျခင္းမ်ားျပဳလုပ္ကာ လုပ္ငန္းႀကီးထြားေအာင္ျမင္ေရးတြင္ ကူညီေပးႏိုင္မည့္အျပင္ မိသားစုမ်ား၏ အင္တာနက္သုံးစြဲျခင္း အေတြ႕အႀကဳံကို ဆင့္ကဲေကာင္းမြန္ေစရန္ ဖန္တီးေပးႏိုင္မည္ဟုလည္း Mytel မွ ယုံၾကည္ထားသည္။

“ျမန္မာႏိုင္ငံရဲ႕ ေခတ္မီဆန္းသစ္တဲ့ ေအာ္ပေရတာတစ္ခုအေနနဲ႔ သုံးစြဲသူေတြကို အဆင့္ျမႇင့္ အင္တာနက္သုံးစြဲမႈ အေတြ႕အႀကဳံေတြ ပံ့ပိုးေပးႏိုင္ဖို႔အတြက္ ဖိုင္ဘာတပ္ဆင္ေျပးဆြဲျခင္း လုပ္ငန္းပိုင္းမွာလည္း အားသြန္ခြန္စိုက္ ေဆာင္႐ြက္လ်က္ရွိပါတယ္။ သုံးစြဲသူေတြရဲ႕ ဒစ္ဂ်စ္တယ္ အသုံးျပဳမႈေတြျဖစ္တဲ့ web browsing၊ online streaming၊ ဂိမ္းကစားတာစတဲ့ မတူညီတဲ့ သုံးစြဲမႈေတြအားလုံးအတြက္ အေကာင္းဆုံးအေထာက္အပံ့ေပးႏိုင္မယ့္ ေစ်းႏႈန္းသင့္တင့္ၿပီ လႈိင္းအားတည္ၿငိမ္ျမန္ဆန္တဲ့ Mytel FTTH အင္တာနက္ ဝန္ေဆာင္မႈကို မိတ္ဆက္ေပးႏိုင္ၿပီျဖစ္တဲ့အတြက္လည္း Mytel အေနနဲ႔ ေက်နပ္ဝမ္းသာမိပါတယ္”ဟု Mytel ၏ ျပင္ပဆက္ဆံေရး အမႈေဆာင္အရာရွိခ်ဴပ္ ဦးေဇာ္မင္းဦးမွ ေျပာၾကားသည္။

Mytel FTTH ဝန္ေဆာင္မႈ၏ အပိုထပ္ေဆာင္းအားသာခ်က္မ်ားမွာ ႏွစ္စဥ္ေၾကးႏွင့္ ျပဳျပင္ထိန္းသိမ္းစရိတ္အား ေပးေဆာင္ရန္မလိုအပ္ေသာေၾကာင့္ သင့္တင့္ေသာေစ်းႏႈန္းျဖင့္ ေကာင္းမြန္ေသာ ဝန္ေဆာင္မႈကို ရရွိႏိုင္မည္ျဖစ္သည္။ အင္တာနက္တပ္ဆင္မႈၾကာခ်ိန္မွာလည္း လက္ရွိေစ်းကြက္ထဲရွိ ပုံမွန္ၾကာျမင့္ေသာ အခ်ိန္တစ္ပတ္အစား ၃ရက္ျဖင့္ အၿပီးတပ္ဆင္ေပးမည္ျဖစ္ေသာေၾကာင့္ သုံးစြဲသူမ်ား၏ အခ်ိန္ႏွင့္ ေငြအား သက္သာထိေရာက္ေစမည္ ျဖစ္သည္။ ထို႔အျပင္ ေျခာက္လစာႀကိဳတင္ေငြေပးသြင္ထားေသာ သုံးစြဲသူမ်ားအေနျဖင့္ တပ္ဆင္ခေပးေဆာင္ရန္ မလိုအပ္သည့္အျပင္ တစ္ႏွစ္စာႀကိဳတင္ေပးသြင္းပါက Mytel FTTH ဝန္ေဆာင္မႈအား တစ္လအပို အခမဲ့သုံးစြဲႏိုင္မည္ ျဖစ္သည္။

သုံးစြဲသူမ်ား၏ ေမွ်ာ္လင့္ခ်က္မ်ားကို အစဥ္အၿမဲ ျဖည့္ဆည္းေပးရန္ ရည္႐ြက္လ်က္ရွိေသာ Mytel သည္ FTTH ဝန္ေဆာင္မႈနဲ႔ ပတ္သတ္၍ လိုအပ္လာမည္မ်ားကို ပံ့ပိုးေျဖရွင္းေပးရန္ ၂၄နာရီ ဝန္ေဆာင္မႈကိုလည္း ထားရွိေပးထားသည္။ ထို႔ေၾကာင့္ Mytel FTTH သုံးစြဲသူမ်ားအေနျဖင့္ ေန႔တစ္ေန႔၏ မည္သည့္အခ်ိန္မဆို Mytel ၏ အကူအညီ၊ အေထာက္အပံ့၊ ဝန္ေဆာင္မႈမ်ား ရရွိမည္ျဖစ္ေသာေၾကာင့္ Mytel ႏွင့္ သုံးစြဲသူမ်ားအၾကား ပိုမိုရင္းႏွီးေသာ ခ်ိတ္ဆက္မႈမ်ားလည္း ရွိလာႏိုင္မည္ ျဖစ္သည္။

နည္းပညာျပည့္စုံႂကြယ္ဝေသာအခ်ိန္တြင္ ေပၚထြန္းလာေသာ Mytel အေနျဖင့္ သုံးစြဲသူမ်ားႏွင့္ အနီးကပ္ခ်ိတ္ဆက္ႏိုင္ျခင္း၊ ဝန္ေဆာင္မႈအေတြ႕အႀကဳံေကာင္းမ်ား ဖန္တီးေပးႏိုင္ျခင္း၊ ဆန္းသစ္တီထြင္မႈမ်ားအတြက္ ေထာက္ပံ့အားထုတ္မႈမ်ားရွိျခင္းသည္ စီးပြားေရးတစ္ခု ေအာင္ျမင္ေရးအတြက္ အေရးႀကီးေသာ အခ်က္မ်ားဟု ယုံၾကည္ထားသည္။ လက္ရွိတြင္ ရန္ကုန္ၿမိဳ႕တြင္းသာ ရရွိႏိုင္ေသးေသာ Mytel ၏ FTTH အင္တာနက္ဝန္ေဆာင္မႈအား ျမန္မာႏိုင္ငံရွိ အျခားေသာေဒသမ်ားဆီသို႔ အနာဂါတ္တြင္ ဆက္လက္ခ်ဲ႕ထြင္ႏိုင္ရန္လည္း Mytel မွ စီစဥ္ေဆာင္႐ြက္လ်က္ရွိသည္။

Unicode

Mytel မှ စျေးနှုန်းသင့်တင့်ပြီး မြန်ဆန်ကောင်းမွန်သော FTTH (Fiber-to-the-Home) အင်တာနက်ဝန်ဆောင်မှုအား မိသားစု၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများဆီသို့ မိတ်ဆက်

မြန်မာနိုင်ငံ၏ ခေတ်မီဆန်းသစ်သည့် ဆက်သွယ်ရေးအော်ပရေတာ Mytel သည် ရန်ကုန်မြို့နေ မိသားစုများ၊ အသေးစားအလတ်စား စီးပွားရေးလုပ်ငန်းများအတွက် Fiber-to-the-home (FTTH) အင်တာနက်ဝန်ဆောင်မှုအား စတင်မိတ်ဆက်လိုက်သည်။ သုံးစွဲသူများအနေဖြင့် လှိုင်းအားတည်ငြိမ်ပြီး လျင်မြန်သော အင်တာနက်မြန်နှုန်းရှိ Mytel FTTH အင်တာနက် ဝန်ဆောင်မှုအား သင့်တင့်သောစျေးနှုန်းဖြင့် အသုံးပြုနိုင်မည်ဖြစ်သည်။

ပရိုမိုးရှင်းကာလ ၂၀၁၈ခုနှစ်၊ ဇူလိုင်လ ၂၂ရက်နေ့မှ စက်တင်ဘာလ ၉ရက်နေ့အထိ ဝန်ဆောင်မှု ၃မျိူးဖြစ်သော MyNet 5Mbps + 2Mbps အား လစဥ်ကြေး ၄၉၀၀၀ ကျပ်၊ MyNet 10Mbps + 4Mbps အား ၈၉၀၀၀ကျပ်နှင့် MyNet 15Mbps + 6Mbps အား ၁၂၂၀၀၀ ကျပ် စသဖြင့် ရွေးချယ်အသုံးပြုနိုင်မည်ဖြစ်သည်။ ယခုကဲ့သို့ ဝန်ဆောင်မှုအစီအစဥ်အမျိူးမျိူး ထားရှိပေးထားခြင်းကြောင့် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ အနေဖြင့် online မှတဆင့် သုံးစွဲသူများနှင့် ပို၍အချိတ်အဆက်မိသော ပူးပေါင်းဆောင်ရွက်ခြင်းများပြုလုပ်ကာ လုပ်ငန်းကြီးထွားအောင်မြင်ရေးတွင် ကူညီပေးနိုင်မည့်အပြင် မိသားစုများ၏ အင်တာနက်သုံးစွဲခြင်း အတွေ့အကြုံကို ဆင့်ကဲကောင်းမွန်စေရန် ဖန်တီးပေးနိုင်မည်ဟုလည်း Mytel မှ ယုံကြည်ထားသည်။

“မြန်မာနိုင်ငံရဲ့ ခေတ်မီဆန်းသစ်တဲ့ အော်ပရေတာတစ်ခုအနေနဲ့ သုံးစွဲသူတွေကို အဆင့်မြှင့် အင်တာနက်သုံးစွဲမှု အတွေ့အကြုံတွေ ပံ့ပိုးပေးနိုင်ဖို့အတွက် ဖိုင်ဘာတပ်ဆင်ပြေးဆွဲခြင်း လုပ်ငန်းပိုင်းမှာလည်း အားသွန်ခွန်စိုက် ဆောင်ရွက်လျက်ရှိပါတယ်။ သုံးစွဲသူတွေရဲ့ ဒစ်ဂျစ်တယ် အသုံးပြုမှုတွေဖြစ်တဲ့ web browsing၊ online streaming၊ ဂိမ်းကစားတာစတဲ့ မတူညီတဲ့ သုံးစွဲမှုတွေအားလုံးအတွက် အကောင်းဆုံးအထောက်အပံ့ပေးနိုင်မယ့် စျေးနှုန်းသင့်တင့်ပြီ လှိုင်းအားတည်ငြိမ်မြန်ဆန်တဲ့ Mytel FTTH အင်တာနက် ဝန်ဆောင်မှုကို မိတ်ဆက်ပေးနိုင်ပြီဖြစ်တဲ့အတွက်လည်း Mytel အနေနဲ့ ကျေနပ်ဝမ်းသာမိပါတယ်”ဟု Mytel ၏ ပြင်ပဆက်ဆံရေး အမှုဆောင်အရာရှိချူပ် ဦးဇော်မင်းဦးမှ ပြောကြားသည်။

Mytel FTTH ဝန်ဆောင်မှု၏ အပိုထပ်ဆောင်းအားသာချက်များမှာ နှစ်စဥ်ကြေးနှင့် ပြုပြင်ထိန်းသိမ်းစရိတ်အား ပေးဆောင်ရန်မလိုအပ်သောကြောင့် သင့်တင့်သောစျေးနှုန်းဖြင့် ကောင်းမွန်သော ဝန်ဆောင်မှုကို ရရှိနိုင်မည်ဖြစ်သည်။ အင်တာနက်တပ်ဆင်မှုကြာချိန်မှာလည်း လက်ရှိစျေးကွက်ထဲရှိ ပုံမှန်ကြာမြင့်သော အချိန်တစ်ပတ်အစား ၃ရက်ဖြင့် အပြီးတပ်ဆင်ပေးမည်ဖြစ်သောကြောင့် သုံးစွဲသူများ၏ အချိန်နှင့် ငွေအား သက်သာထိရောက်စေမည် ဖြစ်သည်။ ထို့အပြင် ခြောက်လစာကြိုတင်ငွေပေးသွင်ထားသော သုံးစွဲသူများအနေဖြင့် တပ်ဆင်ခပေးဆောင်ရန် မလိုအပ်သည့်အပြင် တစ်နှစ်စာကြိုတင်ပေးသွင်းပါက Mytel FTTH ဝန်ဆောင်မှုအား တစ်လအပို အခမဲ့သုံးစွဲနိုင်မည် ဖြစ်သည်။

သုံးစွဲသူများ၏ မျှော်လင့်ချက်များကို အစဥ်အမြဲ ဖြည့်ဆည်းပေးရန် ရည်ရွက်လျက်ရှိသော Mytel သည် FTTH ဝန်ဆောင်မှုနဲ့ ပတ်သတ်၍ လိုအပ်လာမည်များကို ပံ့ပိုးဖြေရှင်းပေးရန် ၂၄နာရီ ဝန်ဆောင်မှုကိုလည်း ထားရှိပေးထားသည်။ ထို့ကြောင့် Mytel FTTH သုံးစွဲသူများအနေဖြင့် နေ့တစ်နေ့၏ မည်သည့်အချိန်မဆို Mytel ၏ အကူအညီ၊ အထောက်အပံ့၊ ဝန်ဆောင်မှုများ ရရှိမည်ဖြစ်သောကြောင့် Mytel နှင့် သုံးစွဲသူများအကြား ပိုမိုရင်းနှီးသော ချိတ်ဆက်မှုများလည်း ရှိလာနိုင်မည် ဖြစ်သည်။

နည်းပညာပြည့်စုံကြွယ်ဝသောအချိန်တွင် ပေါ်ထွန်းလာသော Mytel အနေဖြင့် သုံးစွဲသူများနှင့် အနီးကပ်ချိတ်ဆက်နိုင်ခြင်း၊ ဝန်ဆောင်မှုအတွေ့အကြုံကောင်းများ ဖန်တီးပေးနိုင်ခြင်း၊ ဆန်းသစ်တီထွင်မှုများအတွက် ထောက်ပံ့အားထုတ်မှုများရှိခြင်းသည် စီးပွားရေးတစ်ခု အောင်မြင်ရေးအတွက် အရေးကြီးသော အချက်များဟု ယုံကြည်ထားသည်။ လက်ရှိတွင် ရန်ကုန်မြို့တွင်းသာ ရရှိနိုင်သေးသော Mytel ၏ FTTH အင်တာနက်ဝန်ဆောင်မှုအား မြန်မာနိုင်ငံရှိ အခြားသောဒေသများဆီသို့ အနာဂါတ်တွင် ဆက်လက်ချဲ့ထွင်နိုင်ရန်လည်း Mytel မှ စီစဥ်ဆောင်ရွက်လျက်ရှိသည်။