၂၂ မတ်လ၊ ၂၀၁၈၊ နေပြည်တော်။ ။ မြန်မာနိုင်ငံသို့နောက်ဆုံးဝင်ရောက်လာသည့် စတုတ္ထမြောက် ဆက်သွယ်ရေး ကုမ္မဏီ တစ်ခုဖြစ်သော MYTEL သည်မြန်မာနိုင်ငံတဝန်းရှိ ဒေသများတွင် SIM ကဒ်များစတင်ရောင်းချပြီး သုံးစွဲသူများအား ၄င်းတို့၏ 4G ကွန်ယက် ဝန်ဆောင်မှုများအား ပထမဦးဆုံးအနေဖြင့် ပေးအပ်ခဲ့သည်။

ဆက်သွယ်ရေးကွန်ယက်အဆင်သင့်ရှိသော နေရာဒေသများတွင် ဝန်ဆောင်မှုများစတင်၊ ကျေးလက်ဒေသများအား အာရုံစူးစိုက်နေကြောင်းသိရသည်။

MYTEL မှ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများကို ၂၀၁၈ခုနှစ် မတ်လ ၁၅ရက်နေ့မှ စတင်၍ နေပြည်တော်၊ ပဲခူးတိုင်း အရှေ့ပိုင်းနှင့် ကရင်ပြည်နယ်တို့တွင် စတင်ဝန်ဆောင်မှုပေးခဲ့သည်။ မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသ ၁၅ခုတွင် ကွန်ယက်ချဲ့ထွင်မည့် အစီအစဉ်အား အဆိုပါ ပြည်နယ်နှင့် တိုင်းဒေသများရှိ ကွန်ယက်များ အဆင်သင့်အသုံးပြုနိုင်ချိန် လာမည့်လတွင် အပြီးသတ်အကောင်ထည်ဖော်သွားမည် ဖြစ်သည်။

“ကျွန်တော့်တို့အနေနဲ့ MYTELရဲ့ ဝန်ဆောင်မှုကို စောင့်စားနေတဲ့ သုံးစွဲသူတွေရဲ့ လက်ထဲ အရောက်သယ်ဆောင်လာ ပေးရတာ အရမ်းကိုဝမ်းသာမိပါတယ်။” ဟု MYTEL မှ Chief External Relations Officer ဦးဇော်မင်းဦး မှပြောသည်။ “ကျွန်တော်တို့ ဝန်ဆောင်မှုရဲ့ အဓိကရည်ရွယ်ချက်တစ်ခုကတော့ ဝေးလံတဲ့ကျေးလက်ဒေသတွေရယ်၊ ရန်ကုန်နဲ့ မန္တလေးလိုမြို့ကြီးတွေနဲ့ အလှမ်းဝေးတဲ့ နေရာဒေသတွေမှာ ဆက်သွယ်ရေးဝန်ဆောင်မှုပေးနိုင်ဖို့ ရည်ရွယ်ပါတယ်။ ကျွန်တော်တို့ရဲ့ အဆင့်မြင့် နည်းပညာတွေ၊ 4G ကွန်ယက် နဲ့ မြန်မာနိုင်ငံက သုံးစွဲသူတွေအတွက် ထားရှိတဲ့ ကျွန်တော်တို့ရဲ့ အားသွန်ခွန်စိုက်မှုတွေကြောင့် အနာဂတ်ကာလရဲ့ဆက်သွယ်ရေးဈေးကွက်အတွက် စိတ်လှုပ်ရှားမိပါတယ်။”ဟု ထပ်မံပြောကြားခဲ့သည်။

MYTEL SIM ကဒ်တစ်ကဒ်အား ငွေကျပ် ၁၅၀၀ဖြင့်စတင်ရောင်းချမည်ဖြစ်ပြီး “Welcome Bonus” အနေဖြင့် MYLIFE အစီအစဉ်အောက်တွင် SIM ကဒ်အားစာရင်းသွင်းပြီး ရက် ၆၀အတွင်း ၇၅၀ MB + ၁၀၀ မိနစ် on-net (MYTEL လိုင်းအချင်းချင်း) ဖုန်းခေါ်ဆိုရန် အသုံးပြုနိုင်မည်ဖြစ်သည်။ သုံးစွဲသူများအနေဖြင့်လည်း မတ်လ ၁၅ရက် နေ့မှစ၍ ဖုန်းဘေဖြည့်သွင်းတိုင်း top-up bonus ၅၀% ရရှိမည်ဖြစ်သည်။ Top-up bonus များသည်လည်း ရရှိသည့်လအတွင်းအကုန်သုံးစွဲ၍မကုန်ပါက နောက်လများတွင်ဆက်လက်၍ အသုံးပြုနိုင်မည်ဖြစ်သည်။ MYTEL ၏အခြေခံ ခေါ်ဆိုခနှုန်းထားသည် on-net (MYTEL လိုင်းအချင်းချင်း) ၁မိနစ်လျင် ၁၀ကျပ်၊ off-net (MYTEL နှင့်အခြားဆက်သွယ်ရေးလိုင်းများ) ၁မိနစ်လျင် ၂၃ကျပ်နှင့် SMS စာတိုဝန်ဆောင်မှုများအတွက် on-net (သို့) off-net အတွက် ၁ဆောင်လျင် ၁၀ကျပ်နှုန်းသာ ကျသင့်မည်ဖြစ်သည်။

MYTEL အား ၂၀၁၈ခုနှစ် ဖေဖော်ဝါရီလ ၁၁ရက်နေ့တွင် နေပြည်တော်၌ ကျင်းပခဲ့သည့် “First Call” ပွဲ နှင့်အတူ စတင်မိတ်ဆက်ခဲ့သည်။

MYTEL က အစိုးရဆီကနေ ၂၀၁၆ ခုနှစ်မှာ လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ကို ရရှိခဲ့ပြီး မြန်မာနိုင်ငံအတွက် စတုတ္ထတရားဝင် ဆက်သွယ်ရေးကုမ္ပဏီအဖြစ် ဝင်ရောက်လာတာဖြစ်ပါတယ်။ ဒီလို ဝင်ရောက်လာခြင်းအားဖြင့် မြန်မာနိုင်ငံဆက်သွယ်ရေးကဏ္ဍဖွဲ့စည်းပုံ၊ Viettel ရဲ့ ကျွမ်းကျင်မှုတွေကို ပေါင်းစပ်ပြီး မြန်မာတစ်နိုင်ငံလုံးအတွက် ပထမဦးဆုံး 4G ကွန်ယက်ကို ယူဆောင်လာပေးမှာဖြစ်ပါတယ်။
မိခင်ကုမ္ပဏီများ စုပေါင်းပြီး အာဆီယံနိုင်ငံများမှာ public-private လက်တွဲပူးပေါင်းမှုနဲ့ လုပ်ဆောင်လျက်ရှိပြီးတော့ သုံးစွဲသူတွေကို ပိုမိုကောင်းမွန်တဲ့ ချိတ်ဆက်မှု၊ မြန်ဆန်တဲ့ ကွန်ယက်တွေ ပေးစွမ်းလိုတဲ့အတွက် MYTEL က မြန်မာနိုင်ငံကို ရောက်ရှိလာတာ ဖြစ်ပါတယ်။

MYTEL ကုမ္ဗဏီသည်၂၀၁၆ခုတွင်တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံ၏ နောက်ဆုံးပေါ် ဝင်ရောက်လာသည့် ဆက်သွယ်ရေး ဝန်ဆောင်မှုပေးအပ်သည့် ကုမ္မဏီဖြစ်သည်။ မြန်မာနိုင်ငံတွင် ဝန်ဆောင်မှုပေးနေသော ဆက်သွယ်ရေးအော်ပရေတာ ၁၁ ခု နှင့် ချိတ်ဆက်ပြီး ရှေ့ပြေးဈေးကွက်များတွင် ဆယ်စုနှစ်တစ်စုကျော်ကျော်တိုင် အတွေ့အကြုံရှိသည့် Vietnam နိုင်ငံ Viettel ကုမ္ဗဏီနှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ MYTEL သည် စီးပွားရေးလုပ်ငန်းခွဲ ၁၈ခုမှ တဆင့် မြန်မာနိုင်ငံ၏ တစ်ခုတည်းသော နှင့် ပထမဦးဆုံးသော နိုင်ငံတဝှမ်း 4G ကွန်ယက်ဝန်ဆောင်မှုပေးကာ သုံစွဲသူများအား ၄င်းတို့၏ ရည်မှန်းချက်မျာအားဖြည့်ဆည်းနိုင်ရုံ သာမက အနယ်နယ်အရပ်ရပ်ရှိ မိသားစုနှင့် မိတ်ဆွေအပေါင်းအသင်းများအား အလွယ်တကူဆက်သွယ်နိုင်မည်ဖြစ်သည်။