[Zawgyi]

၂၀၁၉ ခုႏွစ္ MWC Barcelona အခမ္းအနားႀကီးသို႔ တက္ေရာက္သြားမည့္ Mytel ျမန္မာႏိုင္ငံအတြင္း လုပ္ေဆာင္လ်က္ရွိသည့္ ေအာင္ျမင္ေသာရင္းႏွီးျမဳပ္ႏွံမႈျဖစ္စဥ္အား ကမာၻကသိေအာင္ မွ်ေဝသြားမည္

ေဖေဖၚဝါရီလ ၂၁ ရက္ေန႔၊ ၂၀၁၉ ခုႏွစ္ – ရန္ကုန္၊ ျမန္မာ – ျမန္မာႏိုင္ငံ၏ ေခတ္မီအဆန္းသစ္ဆုံး ဆက္သြယ္ေရးေအာ္ပေရတာ Mytel သည္ ယခင္က Mobile World Congress အျဖစ္ အမ်ားသိထားၾကသည့္ MWC Barcelona အခမ္းအနားႀကီးကို တက္ေရာက္သြားမည္ျဖစ္သည္။ MWC 2019 ကို ေဖေဖၚဝါရီလ ၂၅ ရက္ေန႔မွ ၂၈ ရက္ေန႔အထိ က်င္းပျပဳလုပ္သြားမည္ျဖစ္ၿပီး တစ္ႏွစ္တစ္ခါ စည္ကားသိုက္ၿမိဳက္စြာ က်င္းပေသာ အဆိုပါပြဲအခမ္းအနားတြင္ ကမာၻတစ္ဝန္းလုံးရွိ မိုဘိုင္းလ္ေလာကမွ ေနာက္ဆုံးေပၚတီထြင္မႈမ်ား ႏွင့္ သစ္လြင္ဆန္းသစ္ေသာ နည္းပညာရပ္မ်ားကို တစ္ေနရာတည္းတြင္ စုေပါင္းကာ မိတ္ဆက္တင္ျပျခင္းမ်ားျပဳလုပ္ၾကသည္။

ယခုႏွစ္ MWC 2019 ပြဲအခမ္းအနားအား ‘Intelligent Connectivity’ ေခါင္းစဥ္ျဖင့္ ေဆြးေႏြးတင္ဆက္ သြားမည္ျဖစ္ရာ Mytel အေနျဖင့္လည္း ျမန္မာႏိုင္ငံတြင္ 4G အေျခခံအေဆာက္အဦးမ်ား တည္ေဆာက္ကာ အဆင့္ျမင့္နည္းပညာမ်ားယူေဆာင္လာျခင္းျဖင့္ ဒစ္ဂ်စ္တယ္ႏိုင္ငံ ျဖစ္ေပၚလာရန္ လုပ္ေဆာင္ခ်က္မ်ားကို မွ်ေဝေပးသြားရန္ ရည္႐ြယ္ထားသည္။ ျမန္မာႏိုင္ငံဆက္သြယ္ေရးေဈးကြက္ကို ေနာက္ဆုံးမွ ဝင္ေရာက္လာေသာ ေအာ္ပေရတာျဖစ္ေသာ္လည္း Mytel သည္ တစ္ႏိုင္ငံလုံးအတိုင္းအတာႏွင့္ 4G ကြန္ရက္ အား ေထာက္ပံ့ေပးႏိုင္ခဲ့ကာ ဖိုင္ဘာေကဘယ္လ္ ကီလိုမီတာေပါင္း ၃၀,၀၀၀ တပ္ဆင္သြယ္တန္း ႏိုင္ခဲ့သည္။ အဆိုပါရလဒ္သည္ ျမန္မာႏိုင္ငံတစ္ခုလုံး၏ ဖိုင္ဘာေကဘယ္လ္သြယ္တန္းမႈေပါင္း၏ ၅၀ ရာခိုင္ႏႈန္းျဖစ္ၿပီး လုပ္ငန္းစတင္ေသာအခ်ိန္မွစ၍ တစ္ႏိုင္ငံလုံးအတြက္ 4G ကြန္ရက္ ပံ့ပိုးေပးႏိုင္ေသာ တစ္ဦးတည္းေသာ ေအာ္ပေရတာလည္းျဖစ္သည္။

Mytel သည္ ႏိုင္ငံတြင္းရွိ ၎၏ pre-launch ျဖန႔္ခ်ိမႈစနစ္အား Mytel အေရာင္းဆိုင္ေပါင္း ၅၀၊ အျခားအေရာင္းဆိုင္ငယ္ေပါင္း ၁၀၀,၀၀၀ ျဖင့္ စတင္ခ်ဲ႕ထြင္ခဲ့ၿပီး ေက်းလက္ေဒသမ်ားတြင္ ၇၀ ရာခိုင္ႏႈန္း အထိ ေရာက္ရွိေနၿပီျဖစ္သည္။ Mytel သည္ အျခားေသာ ေအာ္ပေရတာမ်ားကဲ့သို႔ ဖုန္းေခၚဆိုမႈအတြက္ ၁၅ စကၠန႔္ သို႔မဟုတ္ ၂၀ စကၠန႔္စနစ္ျဖင့္မဟုတ္ပဲ (1s=1s) ၁ စကၠန႔္လွ်င္ ၁ စကၠန႔္သာ ေကာက္ခံသည့္ တစ္ခုတည္းေသာ ဆက္သြယ္ေရးေအာ္ပေရတာလည္းျဖစ္သည္။ ထို႔အျပင္ Mytel သည္ တီထြင္ဆန္းသစ္မႈ ရွိၿပီး သုံးစြဲသူမ်ားအေနျဖင့္ အျပန္အလွန္ပါဝင္လုပ္ေဆာင္ႏိုင္ေသာ အစီအစဥ္မ်ားကို ဆင္းကဒ္တစ္ခုတည္း အသုံးျပဳ၍ ရရွိခံစားေစၿပီး ကြန္ရက္သုံးစြဲမႈအေတြ႕အႀကဳံကို ျမင့္တင္ေပးႏိုင္ရန္လည္း လုပ္ေဆာင္လ်က္ ရွိသည္။

ေကာင္းမြန္ေျပာင္ေျမာက္ေသာ 4G အေျခခံအေဆာက္အဦးမ်ား၊ က်ယ္ျပန႔္ေသာျဖန႔္ခ်ိေရးစနစ္၊ လူအမ်ား သေဘာက်ႏွစ္သက္သည့္ အစီအစဥ္မ်ား ႏွင့္ ေဈးႏႈန္းသင့္တင့္မႈရွိေသာ ေဒတာအစီအစဥ္မ်ားေၾကာင့္ Mytel အေနျဖင့္ အံ့အားသင့္စရာ တိုးတက္ေအာင္ျမင္မႈႏႈန္းထား တစ္ခုရရွိခဲ့ၿပီး လုပ္ငန္းစတင္ၿပီး ၇ လ အၾကာတြင္ပင္ အၿမဲတမ္းသုံးစြဲသူေပါင္း ၅ သန္းေက်ာ္ ႏွင့္ ေဈးကြက္ရွယ္ယာ ၁၀ ရာခိုင္ႏႈန္းအထိ ပိုင္ဆိုင္ႏိုင္ခဲ့သည္။ MWC 2019 အခမ္းအနားတြင္ Mytel မွ သုံးစြဲသူအေရအတြက္ အလ်င္ျမန္ဆုံး တိုးပြားလာသည့္ ေအာင္ျမင္မႈသမိုင္းအား မွ်ေဝေပးႏိုင္ရန္လည္း ေမွ်ာ္လင့္ထားသည္။ အဆိုပါ ေအာင္ျမင္မႈသည္ Mytel ၏ မိခင္ကုမၸဏီျဖစ္ေသာ Viettel အဖြဲ႕အစည္းႀကီး လုပ္ေဆာင္လ်က္ရွိေသာ ႏိုင္ငံေပါင္း ၁၁ ႏိုင္ငံတြင္ ေတြ႕ႀကဳံခဲ့ေသာ ေအာင္ျမင္မႈမ်ားထဲမွ တစ္ခုလည္းျဖစ္သည္။

ထို႔အျပင္ MWC 2019 သို႔တက္ေရာက္လာေသာ ႏိုင္ငံတကာမွ ဧည့္ပရိတ္သတ္မ်ားအား ဒစ္ဂ်စ္တယ္ႏိုင္ငံ တစ္ခု အေကာင္အထည္ေဖာ္ေဆာင္ရာတြင္ အထူးအေရးပါေသာ ခိုင္မာတည္တံ့မႈရွိသည့္ 4G အေျခခံ အေဆာက္အဦးမ်ား တည္ေဆာက္ႏိုင္ျခင္း၏ အေတြ႕အႀကဳံကို မွ်ေဝေပးသြားရန္လည္း ရည္မွန္းထားသည္။ Mytel အေနျဖင့္ ဆက္သြယ္ေရးေလာက၏ ေျပာင္းလဲဆန္းသစ္ေနမႈမ်ား၊ လုပ္ငန္းစဥ္တစ္ေလွ်ာက္လုံးတြင္ ပါဝင္ေဆာင္႐ြက္ေပးေနၾကေသာ အဖြဲ႕အစည္းမ်ား၊ လိုအပ္ေသာစက္ပစၥည္းမ်ား၊ ဆက္သြယ္ေရး အေျခခံ အေဆာက္အဦးမ်ားဆိုင္ရာ ကြန္ရက္အေကာင္းမြန္ဆုံးျဖစ္ေစရန္ လုပ္ေဆာင္ေသာစနစ္မ်ား ႏွင့္ ျမန္မာႏိုင္ငံ ဆက္သြယ္ေရးေဈးကြက္ အဆင္သင့္ျဖစ္လာေသာအခ်ိန္တြင္ 5G စနစ္ကို စတင္အေကာင္အထည္ေဖာ္သြား ရန္ စသည့္အခ်က္မ်ားကိုလည္း ထည့္သြင္းေျပာၾကားသြားရန္ ေမွ်ာ္မွန္းထားသည္။

Mytel အေနျဖင့္ ၂၀၁၉ ခုႏွစ္အကုန္တြင္ အၿမဲတမ္းသုံးစြဲသူေပါင္း ၁၀ သန္းခန႔္အထိ ရရွိႏိုင္ရန္ ဆက္လက္ ႀကိဳးပမ္းသြားမည္ျဖစ္သည္။ Mytel သည္ ျမန္မာႏိုင္ငံဆက္သြယ္ေရးက႑တြင္ မိုဘိုင္းလ္ဝန္ေဆာင္မႈမ်ား အပါအဝင္ fixed services မ်ား၊ transmission ဝန္ေဆာင္မႈမ်ား ႏွင့္ IT ဝန္ေဆာင္မႈမ်ားစသျဖင့္ အျပည့္အဝဝန္ေဆာင္မႈေပးေနေသာ တစ္ခုတည္းေသာ ေအာ္ပေရျဖစ္ၿပီး သိပ္မၾကာေတာ့မည့္ ကာလတြင္ ျမန္မာႏိုင္ငံေဈးကြက္အတြင္း e-wallets အစီအစဥ္ကိုလည္း မိတ္ဆက္ေပးသြားေတာ့မည္ျဖစ္သည္။

[Unicode]

၂၀၁၉ ခုနှစ် MWC Barcelona အခမ်းအနားကြီးသို့ တက်ရောက်သွားမည့် Mytel မြန်မာနိုင်ငံအတွင်း လုပ်ဆောင်လျက်ရှိသည့် အောင်မြင်သောရင်းနှီးမြုပ်နှံမှုဖြစ်စဉ်အား ကမ္ဘာကသိအောင် မျှဝေသွားမည်

ဖေဖေါ်ဝါရီလ ၂၁ ရက်နေ့၊ ၂၀၁၉ ခုနှစ် – ရန်ကုန်၊ မြန်မာ – မြန်မာနိုင်ငံ၏ ခေတ်မီအဆန်းသစ်ဆုံး ဆက်သွယ်ရေးအော်ပရေတာ Mytel သည် ယခင်က Mobile World Congress အဖြစ် အများသိထားကြသည့် MWC Barcelona အခမ်းအနားကြီးကို တက်ရောက်သွားမည်ဖြစ်သည်။ MWC 2019 ကို ဖေဖေါ်ဝါရီလ ၂၅ ရက်နေ့မှ ၂၈ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး တစ်နှစ်တစ်ခါ စည်ကားသိုက်မြိုက်စွာ ကျင်းပသော အဆိုပါပွဲအခမ်းအနားတွင် ကမ္ဘာတစ်ဝန်းလုံးရှိ မိုဘိုင်းလ်လောကမှ နောက်ဆုံးပေါ်တီထွင်မှုများ နှင့် သစ်လွင်ဆန်းသစ်သော နည်းပညာရပ်များကို တစ်နေရာတည်းတွင် စုပေါင်းကာ မိတ်ဆက်တင်ပြခြင်းများပြုလုပ်ကြသည်။

ယခုနှစ် MWC 2019 ပွဲအခမ်းအနားအား ‘Intelligent Connectivity’ ခေါင်းစဉ်ဖြင့် ဆွေးနွေးတင်ဆက် သွားမည်ဖြစ်ရာ Mytel အနေဖြင့်လည်း မြန်မာနိုင်ငံတွင် 4G အခြေခံအဆောက်အဦးများ တည်ဆောက်ကာ အဆင့်မြင့်နည်းပညာများယူဆောင်လာခြင်းဖြင့် ဒစ်ဂျစ်တယ်နိုင်ငံ ဖြစ်ပေါ်လာရန် လုပ်ဆောင်ချက်များကို မျှဝေပေးသွားရန် ရည်ရွယ်ထားသည်။ မြန်မာနိုင်ငံဆက်သွယ်ရေးဈေးကွက်ကို နောက်ဆုံးမှ ဝင်ရောက်လာသော အော်ပရေတာဖြစ်သော်လည်း Mytel သည် တစ်နိုင်ငံလုံးအတိုင်းအတာနှင့် 4G ကွန်ရက် အား ထောက်ပံ့ပေးနိုင်ခဲ့ကာ ဖိုင်ဘာကေဘယ်လ် ကီလိုမီတာပေါင်း ၃၀,၀၀၀ တပ်ဆင်သွယ်တန်း နိုင်ခဲ့သည်။ အဆိုပါရလဒ်သည် မြန်မာနိုင်ငံတစ်ခုလုံး၏ ဖိုင်ဘာကေဘယ်လ်သွယ်တန်းမှုပေါင်း၏ ၅၀ ရာခိုင်နှုန်းဖြစ်ပြီး လုပ်ငန်းစတင်သောအချိန်မှစ၍ တစ်နိုင်ငံလုံးအတွက် 4G ကွန်ရက် ပံ့ပိုးပေးနိုင်သော တစ်ဦးတည်းသော အော်ပရေတာလည်းဖြစ်သည်။

Mytel သည် နိုင်ငံတွင်းရှိ ၎င်း၏ pre-launch ဖြန့်ချိမှုစနစ်အား Mytel အရောင်းဆိုင်ပေါင်း ၅၀၊ အခြားအရောင်းဆိုင်ငယ်ပေါင်း ၁၀၀,၀၀၀ ဖြင့် စတင်ချဲ့ထွင်ခဲ့ပြီး ကျေးလက်ဒေသများတွင် ၇၀ ရာခိုင်နှုန်း အထိ ရောက်ရှိနေပြီဖြစ်သည်။ Mytel သည် အခြားသော အော်ပရေတာများကဲ့သို့ ဖုန်းခေါ်ဆိုမှုအတွက် ၁၅ စက္ကန့် သို့မဟုတ် ၂၀ စက္ကန့်စနစ်ဖြင့်မဟုတ်ပဲ (1s=1s) ၁ စက္ကန့်လျှင် ၁ စက္ကန့်သာ ကောက်ခံသည့် တစ်ခုတည်းသော ဆက်သွယ်ရေးအော်ပရေတာလည်းဖြစ်သည်။ ထို့အပြင် Mytel သည် တီထွင်ဆန်းသစ်မှု ရှိပြီး သုံးစွဲသူများအနေဖြင့် အပြန်အလှန်ပါဝင်လုပ်ဆောင်နိုင်သော အစီအစဉ်များကို ဆင်းကဒ်တစ်ခုတည်း အသုံးပြု၍ ရရှိခံစားစေပြီး ကွန်ရက်သုံးစွဲမှုအတွေ့အကြုံကို မြင့်တင်ပေးနိုင်ရန်လည်း လုပ်ဆောင်လျက် ရှိသည်။

ကောင်းမွန်ပြောင်မြောက်သော 4G အခြေခံအဆောက်အဦးများ၊ ကျယ်ပြန့်သောဖြန့်ချိရေးစနစ်၊ လူအများ သဘောကျနှစ်သက်သည့် အစီအစဉ်များ နှင့် ဈေးနှုန်းသင့်တင့်မှုရှိသော ဒေတာအစီအစဉ်များကြောင့် Mytel အနေဖြင့် အံ့အားသင့်စရာ တိုးတက်အောင်မြင်မှုနှုန်းထား တစ်ခုရရှိခဲ့ပြီး လုပ်ငန်းစတင်ပြီး ၇ လ အကြာတွင်ပင် အမြဲတမ်းသုံးစွဲသူပေါင်း ၅ သန်းကျော် နှင့် ဈေးကွက်ရှယ်ယာ ၁၀ ရာခိုင်နှုန်းအထိ ပိုင်ဆိုင်နိုင်ခဲ့သည်။ MWC 2019 အခမ်းအနားတွင် Mytel မှ သုံးစွဲသူအရေအတွက် အလျင်မြန်ဆုံး တိုးပွားလာသည့် အောင်မြင်မှုသမိုင်းအား မျှဝေပေးနိုင်ရန်လည်း မျှော်လင့်ထားသည်။ အဆိုပါ အောင်မြင်မှုသည် Mytel ၏ မိခင်ကုမ္ပဏီဖြစ်သော Viettel အဖွဲ့အစည်းကြီး လုပ်ဆောင်လျက်ရှိသော နိုင်ငံပေါင်း ၁၁ နိုင်ငံတွင် တွေ့ကြုံခဲ့သော အောင်မြင်မှုများထဲမှ တစ်ခုလည်းဖြစ်သည်။

ထို့အပြင် MWC 2019 သို့တက်ရောက်လာသော နိုင်ငံတကာမှ ဧည့်ပရိတ်သတ်များအား ဒစ်ဂျစ်တယ်နိုင်ငံ တစ်ခု အကောင်အထည်ဖော်ဆောင်ရာတွင် အထူးအရေးပါသော ခိုင်မာတည်တံ့မှုရှိသည့် 4G အခြေခံ အဆောက်အဦးများ တည်ဆောက်နိုင်ခြင်း၏ အတွေ့အကြုံကို မျှဝေပေးသွားရန်လည်း ရည်မှန်းထားသည်။ Mytel အနေဖြင့် ဆက်သွယ်ရေးလောက၏ ပြောင်းလဲဆန်းသစ်နေမှုများ၊ လုပ်ငန်းစဉ်တစ်လျှောက်လုံးတွင် ပါဝင်ဆောင်ရွက်ပေးနေကြသော အဖွဲ့အစည်းများ၊ လိုအပ်သောစက်ပစ္စည်းများ၊ ဆက်သွယ်ရေး အခြေခံ အဆောက်အဦးများဆိုင်ရာ ကွန်ရက်အကောင်းမွန်ဆုံးဖြစ်စေရန် လုပ်ဆောင်သောစနစ်များ နှင့် မြန်မာနိုင်ငံ ဆက်သွယ်ရေးဈေးကွက် အဆင်သင့်ဖြစ်လာသောအချိန်တွင် 5G စနစ်ကို စတင်အကောင်အထည်ဖော်သွား ရန် စသည့်အချက်များကိုလည်း ထည့်သွင်းပြောကြားသွားရန် မျှော်မှန်းထားသည်။

Mytel အနေဖြင့် ၂၀၁၉ ခုနှစ်အကုန်တွင် အမြဲတမ်းသုံးစွဲသူပေါင်း ၁၀ သန်းခန့်အထိ ရရှိနိုင်ရန် ဆက်လက် ကြိုးပမ်းသွားမည်ဖြစ်သည်။ Mytel သည် မြန်မာနိုင်ငံဆက်သွယ်ရေးကဏ္ဍတွင် မိုဘိုင်းလ်ဝန်ဆောင်မှုများ အပါအဝင် fixed services များ၊ transmission ဝန်ဆောင်မှုများ နှင့် IT ဝန်ဆောင်မှုများစသဖြင့် အပြည့်အဝဝန်ဆောင်မှုပေးနေသော တစ်ခုတည်းသော အော်ပရေဖြစ်ပြီး သိပ်မကြာတော့မည့် ကာလတွင် မြန်မာနိုင်ငံဈေးကွက်အတွင်း e-wallets အစီအစဉ်ကိုလည်း မိတ်ဆက်ပေးသွားတော့မည်ဖြစ်သည်။