မြန်မာနိုင်ငံ၏ ခေတ်မီအဆန်းသစ်ဆုံးဖြစ်သော ဆက်သွယ်ရေးအော်ပရေတာ Mytel သည် eSIM အားမြန်မာနိုင်ငံ၏ ဆက်သွယ်ရေးအော်ပရေတာ ဈေးကွက်တွင် ပထမဦးဆုံးစတင်မိတ်ဆက် လိုက်ပြီဖြစ်သည်။ eSIM ဝန်ဆောင်မှုသည် သုံးစွဲသူများအား မိုဘိုင်း လုပ်ဆောင်ချက်နှင့် ဆက်သွယ်ရေးများ ပိုမိုအဆင်ပြေနိုင်မည်ဖြစ်သည်။

eSIM ဝန်ဆောင်မှုအား ထောက်ပံ့ပေးနိုင်သော မိုဘိုင်းလ်ဖုန်းအသုံးပြုလျက်ရှိသည့် Mytel သုံးစွဲသူများအားလုံး SIM ကဒ်အသုံးပြုရန်မလိုအပ်ပဲ ဆက်သွယ်ရေးဝန်ဆောင်မှုများ အသုံးပြုနိုင်မည်ဖြစ်သည်။ Mytel သုံးစွဲသူများအနေဖြင့် SIM ကဒ်ဝယ်ယူရန်မလိုအပ်သည့်အပြင် eSIM မှတစ်ဆင့် ဆက်သွယ်ရေးဝန်ဆောင်မှု အကြောင်းအရာများအား သုံးစွဲသူများ၏ မိုဘိုင်းဖုန်းများထဲသို့ ဖော်ပြပေးမည်ဖြစ်သည်။ Mytel eSIM ဝန်ဆောင်မှုအား အသုံးပြုရန် ဖော်ပြပါ နည်းလမ်းနှစ်ခုဖြင့် ရယူနိုင်မည်ဖြစ်သည်။

1) Mytel မှ ဝယ်ယူထားသော ပလပ်စတစ် ဘောင်ချာကဒ်တွင် ပါရှိသည့် QR ကုဒ်အား စကင်ဖက် ၍ Setting ထဲတွင်ချိန်၍ အသုံးပြုနိုင်မည်

2) MNO (Mobile Network Operator) အပ်ပလီကေးရှင်းအား ဒေါင်းလုပ်ဆွဲ၍ အကြောင်းအရာများအား Setting ထဲတွင်ချိန်၍ အသုံးပြုနိုင်မည်

“Mytel က အခုဆိုရင် ဦးဆောင် ဆက်သွယ်ရေးအော်ပရေတာ တစ်ခုအနေနဲ့ မြန်မာနိုင်ငံမှာ အမြန်ဆုံးအင်တာနက်၊ အကြီးမားဆုံး 4G ကွန်ရက်နဲ့ အကောင်းဆုံးပရိုမိုးရှင်းတွေကို ဝန်ဆောင်မှုပေးနိုင်တဲ့အတွက် အထူးဂုဏ်ယူဝမ်းမြောက်မိပါတယ်။ နောက်ပြီး Mytel သုံးစွဲသူတွေကို မြန်မာနိုင်ငံမှာ ပထမဦးဆုံးအနေနဲ့ eSIM ဝန်ဆောင်မှု မိတ်ဆက်ပေးနိုင်တဲ့အတွက်လည်း ဝမ်းသာပီတိ ဖြစ်မိပါတယ်။ ကျွန်တော်တို့အနေနဲ့ eSIM ဝန်ဆောင်မှုကို မိုဘိုင်းစက်ပစ္စည်းများစွာနဲ့ စမ်းသပ်မှုတွေ အောင်မြင်ခဲ့ပြီးတော့ အခုဆိုရင် eSIM ဝန်ဆောင်မှုကို ထောက်ပံ့တဲ့ မိုဘိုင်းလ်ဖုန်းအသုံးပြုနေတဲ့ Mytel သုံးစွဲသူတွေအားလုံး မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ အသုံးပြုနိုင်မှာဖြစ်ပါတယ်” ဟု Mytel မှ ပြင်ပဆက်ဆံရေးအမှုဆောင်အရာ ရှိချုပ် ဦးဇော်မင်းဦးမှပြောကြားသည်။