[Zawgyi]
[Unicode]
Mytel Shake Again အစီအစဉ်၏ ကံထူးရှင်များအား ဆုချီးမြှင့်⁩
ဇန်နဝါရီလ ၁၂ ရက်၊ ၂၀၁၉ခုနှစ်။ ရန်ကုန်၊ မြန်မာ – မြန်မာနိုင်ငံ၏ နောက်ဆုံးပေါ် ခေတ်မီဆန်းသစ်သည့် ဆက်သွယ်ရေးအော်ပရေတာ Mytel သည် ၁၂ ရက်နေ့တွင် Junction City ၌ Shake Again အစီအစဉ်၏ ကံထူးရှင်များ ဆုပေးပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။ ဤ ဆုပေးပွဲအခမ်းအနားတွင် ရွှေသားကံထူးရှင် ၆ ဦး အား လာရောက်ကြည့်ရှုသော ဧည့်ပရိတ်သတ်များ နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ ရှေ့မှောက်၌ ဆုချီးမြှင့်ခဲ့သည်။
ဒီဆုချီးမြှင့်ပွဲတွင် ဆုချီးမြှင်ခဲ့သော ကံထူးရှင် ၆ ဦး အား ၂၀၁၈ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့၌ Mytel ရုံးချုပ်တွင် Live ထုတ်လွှင့်တင်ဆက်ပြီး ကြေညာခဲ့ခြင်းဖြစ်သည်။ ယနေ့ဆုချီးမြှင့်ပွဲတွင် Mytel မှ ရွှေသား ၆၁ ကျပ်သား ကံထူးရှင်ဖြစ်သည့် ကိုအောင်ကျော်မင်းနှင့် ရွှေ ၄ကျပ်ခွဲသား ကံထူးရှင် ၅ ဦး ဖြစ်သော မသူဇာလင်း၊ မသီရိဝေအောင်၊ ကိုသက်ထွန်းဦး၊ ကိုကျော်ဇောလင်း နှင့် မအေးအေးသန်း တို့အား ဆုချီးမြှင့်ခဲ့သည်။
Mytel ၏ ပြင်ပဆက်ဆံရေးအမှုဆောင်အရာရှိချုပ်ဖြစ်သူ ဦးဇော်မင်းဦးမှ ဆုပေးပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်ခဲ့ပြီး အဖွင့်မိန့်ခွန်း ပြောကြားပေးခဲ့ရာ “ကျွန်တော်တို့အနေနဲ့ Shake အစီအစဉ်မှာပါဝင်တဲ့ သုံးစွဲသူတစ်ယောက်စီတိုင်းကို ကျေးဇူးတင်ပါတယ်။ သန်းနဲ့ချီတဲ့ shake အကြိမ်ရေကို နေ့တိုင်းနီးပါး လက်ခံရရှိပါတယ်။ နောက်ပြီး သုံးစွဲသူတွေကလည်း စိတ်ဝင်စားပြီး ပါဝင်ကြတဲ့အတွက် အရမ်းဝမ်းသာပါတယ်။” ဟု ဆိုသည်။
ဤအခမ်းအနားတွင် ကံထူးရှင်များအား ဆုချီးမြှင့်ပေးခဲ့ရုံသာမက ကြွရောက်လာသည့် ဧည့်ပရိတ်သတ်များအား အကအစီအစဉ်များဖြင့်လည်း ဖျော်ဖြေခဲ့သည်။ ကံထူးရှင်များအား ဆုပေးပြီးနောက် ပွဲစီစဉ်တင်ဆက်သူသည် ဧည့်ပရိတ်သတ်များနှင့် ပျော်ရွင်စရာဂိမ်းအစီအစဉ်များ အား ဆော့ကစားခဲ့ပြီး အခမ်းအနားအား ပြီးဆုံးခဲ့သည်။
Mytel သည် သုံးစွဲသူများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် အစဉ်တစိုက် လုပ်ကိုင်လျက်ရှိပြီး ဆန်းသစ်တီထွင်မှုနှင့် သုံးစွဲသူများကို အထူးဂရုပြုသော ဆက်သွယ်ရေးအော်ပရေတာဖြစ်သည်။ ထို့အပြင် သုံးစွဲသူများအတွက် ကောင်းမွန်သော အတွေ့အကြုံများ ဖန်တီးပေးနိုင်ရန် အနီးကပ်ချိတ်ဆက်ပြီး သုံးစွဲသူများ၏ စိတ်ကြိုက်အော်ပရေတာ ဖြစ်လာနိုင်ရန်လည်း ကြိုးပမ်းလျက်ရှိသည်။ Mytel အနေဖြင့် ခေတ်မှီဆန်းသစ်ပြီး စိတ်လှုပ်ရှားစရာကောင်းသော ဝန်ဆောင်မှု၊ အိမ်မက်အနာဂတ်များ တည်ဆောက်သွားနိုင်ရန် နည်းပညာများ မှတဆင့် မြန်မာနိုင်ငံရှိ သုံးစွဲသူများ၏ နေထိုင်မှုဘ၀ အဆင့်မြင့်တင်ပေးနိုင်ရန်လည်း ရည်မှန်းထားသည်။