Science | Tips & Stories

ျဂိဳလ္သားေတြကို ရွာေဖြဖို႔ အာကာသၾကည့္ မွန္ေျပာင္းအသစ္လို

September 9, 2018

ျဂိဳလ္သားေတြကို ရွာေဖြဖို႔ အာကာသၾကည့္ မွန္ေျပာင္းအသစ္လို


Share this on:

Zawgyi Font Version

အာကာသစူးစမ္းေလ့လာေရး ေအဂ်င္စီ နာဆာအေနနဲ႔ ျဂိဳလ္သားေတြကိုရွာေဖြဖို႔ အာကသထဲကို အလြန္ၾကီးမားတဲ့ အာကာသၾကည့္မွန္ေျပာင္းတစ္ခု လႊတ္တင္ဖို႔လိုေၾကာင္း သိပၸံပညာရွင္ေတြက ေျပာၾကားခဲ့ပါတယ္။

အဆိုပါ မွန္ေျပာင္းဟာ ေနအဖြဲ႔အစည္း အျပင္ဘက္က ျဂိဳလ္ေတြကို တိုက္ရိုက္ၾကည့္ရွုႏိုင္စြမ္းရွိရပါမယ္။ အေမရိကရဲ႕ National Academies of Sciences, Engineering နဲ႔ Medicine စတဲ့ ပညာေရးအဖြဲ႔အစည္းက လူေတြပူးေပါင္းျပီး အဆိုတင္သြင္းတဲ့ အခ်က္ေတြထဲမွာ အဆိုပါ မွန္ေျပာင္းလြတ္တင္ေရးကိစၥက ထိပ္ဆံုးကပါပဲ။

ေနအဖြဲ႕အစည္းအျပင္ဘက္မွာရွိတဲ့ သက္ရွိေနထိုင္ႏိုင္ေျခရွိတဲ့ျဂိဳလ္ေတြကို စူးစမ္းေလ့လာတဲ့ေနရာမွာ လိုအပ္တဲ့ နည္းစနစ္ေတြရရွိဖို႔အတြက္ အဆိုပါ ပညာေရးအဖြဲ႔အစည္းက လူေတြကို အၾကံအဥာဏ္ေတာင္းတဲ့အခါ အဆိုပါ မွန္ေျပာင္း လႊတ္တင္ဖို႔ဆိုတဲ့ အၾကံဥာဏ္က ထိပ္ဆံုးကပါပဲ။

နာဆာက James Webb Space Telescope ေခၚ JWST ကို (၂၀၀၇) ခုႏွစ္ကတည္းက ၾကိဳးစားတည္ေဆာက္ေနျပီး အခုအခ်ိန္ထိ ေဒၚလာ (၁) သန္းကုန္က်ခဲ့ပါတယ္ အာကာသထဲလႊတ္တင္ျပီးတဲ့အထိ ကုန္က်မယ့္ အျပီးအစီးကုန္က်ေငြဟာ ေဒၚလာ (၉.၆၆) သန္း ျဖစ္ျပီး ဒီ ပေရာဂ်က္တစ္ခုလံုးဟာ (၂၀၂၁) ခုႏွစ္ အေစာပိုင္းမွပဲ ျပီးစီးႏိုင္မယ္လို႔သိရပါတယ္။

ေနအဖြဲ႔အစည္း အျပင္ဘက္က ျဂိဳလ္ေတြကို တိုက္ရိုက္စူးစမ္းေလ့လာႏိုင္ဖို႔ဆိုရင္ေတာ့ အာကာသထဲမွာ မစမ္းသပ္ဖူးေသးတဲ့ နည္းပညာအသစ္ေတြလိုအပ္လာမွာျဖစ္ျပီး မွန္ေျပာင္းကိုေဆာက္လုပ္တဲ့ေနရာမွာ ပိုရွုပ္ေထြးလာျပီး ကုန္က်စရိတ္လည္းပိုမ်ားမွာပါ။ ဒါေပမယ့္လည္း အၾကံဥာဏ္ေတြကို အဆိုတင္သြင္းတဲ့ေနရာမွာ ကုန္က်စရိတ္ေတြကိုထည့္မတြက္ခဲ့ၾကပါဘူး။

အဆိုပါ မွန္ေျပာင္းဟာ အာကာသ သိပၸံပညာရွင္ေတြ အသိခ်င္ၾကဆံုး အေျဖႏွစ္ခုကို ေပးစြမ္းႏိုင္ပါလိမ့္မယ္။ ပထမအခ်က္က ျဂိဳလ္ေတြဘယ္လိုစျဖစ္လာတယ္ဆိုတာပါ။ ဓာတ္ေငြ႔တိမ္တိုက္ေတြကေန ျဂိဳလ္ေတြစျဖစ္လာတယ္ဆိုတာကို သိပၸံပညာရွင္ေတြအၾကမ္းဖ်ဥ္းသိထားၾကပါတယ္။ ဒါေပမယ့္ ဓာတ္ေငြ႔ေတြကေန ကမၻာျဂိဳလ္လို အစိုင္အခဲျဂိဳလ္တစ္ခုဘယ္လိုျဖစ္လာလဲဆိုတာေတာ့ေသခ်ာမသိၾကေသးပါဘူး။ ကမၻာျဂိဳလ္လို ျဂိဳလ္ေတြဘယ္လိုစျဖစ္လာတယ္ဆိုတာကို စျဖစ္ခါက ျဂိဳလ္ေတြကိုေလ့လာျခင္းအားျဖင့္သိရွိလာႏိုင္ေစပါတယ္။

ဒုတိယ တစ္ခ်က္က လူတိုင္းသိခ်င္ေနၾကတဲ့အခ်က္ပါ တစ္ျခား ျဂိဳလ္ေတြမွာ သက္ရွိေတြေနႏိုင္လားဆိုတဲ့အခ်က္ပါ။ ျဂိဳလ္ေတြကို အနီးကပ္ၾကည့္လာႏိုင္လို႔ အဲ့ဒီျဂိဳလ္ရဲ႕ ပံုစံအရြယ္အစား၊ ေလထုအမ်ိဳးအစား စတဲ့အခ်က္​ေတြကိုေလ့လာၿပီး သက္​ရွိေနႏိုင္လား မေနႏိုင္လားဆိုတဲ့အခ်က္ကို သိရွိလာႏိုင္ပါတယ္။ တစ္ျခားျဂိဳလ္က ျဂိဳလ္သားေတြပဲ ကမၻာကိုလာမလား ကမၻာက လူေတြကပဲ တစ္ျခား ျဂိဳလ္သားေတြေနတဲ့ ျဂိဳလ္ေတြဆီသြားမလားဆိုတာကေတာ့ ေစာင့္ၾကည့္ရမွာပါ။

Unicode Version

အာကာသစူးစမ်းလေ့လာရေး အေဂျင်စီ နာဆာအနေနဲ့ ဂြိုလ်သားတွေကိုရှာဖွေဖို့ အာကသထဲကို အလွန်ကြီးမားတဲ့ အာကာသကြည့်မှန်ပြောင်းတစ်ခု လွှတ်တင်ဖို့လိုကြောင်း သိပ္ပံပညာရှင်တွေက ပြောကြားခဲ့ပါတယ်။

အဆိုပါ မှန်ပြောင်းဟာ နေအဖွဲ့အစည်း အပြင်ဘက်က ဂြိုလ်တွေကို တိုက်ရိုက်ကြည့်ရှုနိုင်စွမ်းရှိရပါမယ်။ အမေရိကရဲ့ National Academies of Sciences, Engineering နဲ့ Medicine စတဲ့ ပညာရေးအဖွဲ့အစည်းက လူတွေပူးပေါင်းပြီး အဆိုတင်သွင်းတဲ့ အချက်တွေထဲမှာ အဆိုပါ မှန်ပြောင်းလွတ်တင်ရေးကိစ္စက ထိပ်ဆုံးကပါပဲ။

နေအဖွဲ့အစည်းအပြင်ဘက်မှာရှိတဲ့ သက်ရှိနေထိုင်နိုင်ခြေရှိတဲ့ဂြိုလ်တွေကို စူးစမ်းလေ့လာတဲ့နေရာမှာ လိုအပ်တဲ့ နည်းစနစ်တွေရရှိဖို့အတွက် အဆိုပါ ပညာရေးအဖွဲ့အစည်းက လူတွေကို အကြံအဉာဏ်တောင်းတဲ့အခါ အဆိုပါ မှန်ပြောင်း လွှတ်တင်ဖို့ဆိုတဲ့ အကြံဉာဏ်က ထိပ်ဆုံးကပါပဲ။

နာဆာက James Webb Space Telescope ခေါ် JWST ကို (၂၀၀၇) ခုနှစ်ကတည်းက ကြိုးစားတည်ဆောက်နေပြီး အခုအချိန်ထိ ဒေါ်လာ (၁) သန်းကုန်ကျခဲ့ပါတယ် အာကာသထဲလွှတ်တင်ပြီးတဲ့အထိ ကုန်ကျမယ့် အပြီးအစီးကုန်ကျငွေဟာ ဒေါ်လာ (၉.၆၆) သန်း ဖြစ်ပြီး ဒီ ပရောဂျက်တစ်ခုလုံးဟာ (၂၀၂၁) ခုနှစ် အစောပိုင်းမှပဲ ပြီးစီးနိုင်မယ်လို့သိရပါတယ်။

နေအဖွဲ့အစည်း အပြင်ဘက်က ဂြိုလ်တွေကို တိုက်ရိုက်စူးစမ်းလေ့လာနိုင်ဖို့ဆိုရင်တော့ အာကာသထဲမှာ မစမ်းသပ်ဖူးသေးတဲ့ နည်းပညာအသစ်တွေလိုအပ်လာမှာဖြစ်ပြီး မှန်ပြောင်းကိုဆောက်လုပ်တဲ့နေရာမှာ ပိုရှုပ်ထွေးလာပြီး ကုန်ကျစရိတ်လည်းပိုများမှာပါ။ ဒါပေမယ့်လည်း အကြံဉာဏ်တွေကို အဆိုတင်သွင်းတဲ့နေရာမှာ ကုန်ကျစရိတ်တွေကိုထည့်မတွက်ခဲ့ကြပါဘူး။

အဆိုပါ မှန်ပြောင်းဟာ အာကာသ သိပ္ပံပညာရှင်တွေ အသိချင်ကြဆုံး အဖြေနှစ်ခုကို ပေးစွမ်းနိုင်ပါလိမ့်မယ်။ ပထမအချက်က ဂြိုလ်တွေဘယ်လိုစဖြစ်လာတယ်ဆိုတာပါ။ ဓာတ်ငွေ့တိမ်တိုက်တွေကနေ ဂြိုလ်တွေစဖြစ်လာတယ်ဆိုတာကို သိပ္ပံပညာရှင်တွေအကြမ်းဖျဉ်းသိထားကြပါတယ်။ ဒါပေမယ့် ဓာတ်ငွေ့တွေကနေ ကမ္ဘာဂြိုလ်လို အစိုင်အခဲဂြိုလ်တစ်ခုဘယ်လိုဖြစ်လာလဲဆိုတာတော့သေချာမသိကြသေးပါဘူး။ ကမ္ဘာဂြိုလ်လို ဂြိုလ်တွေဘယ်လိုစဖြစ်လာတယ်ဆိုတာကို စဖြစ်ခါက ဂြိုလ်တွေကိုလေ့လာခြင်းအားဖြင့်သိရှိလာနိုင်စေပါတယ်။

ဒုတိယ တစ်ချက်က လူတိုင်းသိချင်နေကြတဲ့အချက်ပါ တစ်ခြား ဂြိုလ်တွေမှာ သက်ရှိတွေနေနိုင်လားဆိုတဲ့အချက်ပါ။ ဂြိုလ်တွေကို အနီးကပ်ကြည့်လာနိုင်လို့ အဲ့ဒီဂြိုလ်ရဲ့ ပုံစံအရွယ်အစား၊ လေထုအမျိုးအစား စတဲ့အချက်တွေကိုလေ့လာပြီး သက်ရှိနေနိုင်လား မနေနိုင်လားဆိုတဲ့အချက်ကို သိရှိလာနိုင်ပါတယ်။ တစ်ခြားဂြိုလ်က ဂြိုလ်သားတွေပဲ ကမ္ဘာကိုလာမလား ကမ္ဘာက လူတွေကပဲ တစ်ခြား ဂြိုလ်သားတွေနေတဲ့ ဂြိုလ်တွေဆီသွားမလားဆိုတာကတော့ စောင့်ကြည့်ရမှာပါ။

Review

User Rating

0 (0 Votes)
error: Alert: Copyright © 2018. MyTech Myanmar