Zawgyi Font Version
Nickelodeon ရဲ႕ Animated Series ျဖစ္တဲ့ Avatar: The Last Air Bender ဟာ သမိုင္းတစ္ေလ်ာက္ အေကာင္းဆံုး TV Shows ေတြထဲက တစ္ခုျဖစ္ခဲ့ပါတယ္။ ဒါေပမယ့္ ဒါရိုက္တာ M. Night Shyamalan ကေန အဆိုပါ Series ကို Live-Action အျဖစ္ရိုက္ကူးခဲ့တဲ့အခါမွာေတာ့ ထင္သေလာက္ မေအာင္ျမင္ခဲ့ပါဘူး။ မေန႔ကပဲ အဆိုပါ Series ကို Netflix ကေနျပန္ရိုက္ဖို႔ ေျပာၾကားလိုက္ပါတယ္။ မူလ Avatar Series ရဲ႕ ဖန္တီးသူေတြျဖစ္တဲ့ Michael DiMartino နဲ႔ Bryan Konietzko ဟာလည္း အဆိုပါ Netflix ကေနျပန္လည္ရိုက္ကူးမယ့္ Avatar ရုပ္ရွင္ကို ကူညီရိုက္ကူးေပးမွာပါ။
အဆိုပါ မူလ Avatar ကာတြန္း စီးရီးကို (၂၀၀၅) ခုႏွစ္မွာ Nickelodeon ကေနစတင္ထုတ္လႊင့္ခဲ့တာျဖစ္ျပီး ဇာတ္လမ္းကေတာ့ “Aang” လို႔ေခၚတဲ့ ေကာင္ေလးတစ္ေယာက္ဟာ ဓာတ္ၾကီးေလးပါးကိုထိန္းခ်ဳပ္ျပီး ႏိုင္ငံေလးႏိုင္ငံက စစ္သည္ေတြနဲ႔ေပါင္းကာ ဗီလိန္ လူဆိုးၾကီးကိုႏွိမ္နင္းတဲ့ ဇာတ္လမ္းပါ။
ဒါရိုက္တာ Shyamalan ရိုက္ခဲ့တဲ့ Live Action ကိုေတာ့ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ေဝဖန္ေရးဆရာေတြရဲ႕ မေကာင္းေျပာတာခံခဲ့ရပါတယ္။ ေျပျပစ္မွုမရွိတဲ့ ေနာက္ခံစကားေျပာေတြ။ စိတ္ဝင္စားဖို႔မေကာင္းတဲ့ စကားလံုးေတြနဲ႔ အသက္မပါတဲ့ သရုပ္ေဆာင္ေတြေၾကာင့္ ထင္သေလာက္ခရီးမေပါက္ခဲ့ပါဘူး။ မူလဇာတ္လမ္းရဲ႕ အဓိက ဇာတ္ေကာင္ေတြဟာ အာရွလူမ်ိဳး သိုင္းသမားပံုစံေတြျဖစ္ျပီး Shamalan ရဲ႕ Live Action မွာေတာ့ သရုပ္ေဆာင္ေတြကို အေနာက္တိုင္းသားေတြကို အသံုးျပဳခဲ့တာေၾကာင့္ ၾကည့္ရတာ ေၾကာင္ေတာင္ေတာင္ျဖစ္ေနခဲ့ပါတယ္။
Netflix ကေတာ့ အဆိုပါ အားနည္းခ်က္ေတြကို ေသခ်ာျပန္ဆန္းစစ္ျပီး သူ႔နည္းသူ႔ဟန္နဲ႔ ေပါက္ေျမာက္ေအာင္ေသခ်ာျပန္ရိုက္ေတာ့မွာပါ။ (၂၀၁၉) မတိုင္ခင္ထိ အဆိုပါ ဇာတ္ကားကို စတင္ရိုက္ကူးမွာမဟုတ္ေသးပါဘူး။ ဒါေပမယ့္လည္း ဇာတ္လမ္းထဲမွာ Aang နဲ႔ သူ႔ရဲ႕ သူငယ္ခ်င္းေတြစီးနင္းတဲ့ ေျခေျခာက္ေခ်ာင္းနဲ႔ သတၱဝါၾကနဲ႔ ပံုကေတာ့ Concept Art အျဖစ္နဲ႔ ထြက္ရွိေနပါျပီ။
Ref: The Verge
Unicode Version
Nickelodeon ရဲ့ Animated Series ဖြစ်တဲ့ Avatar: The Last Air Bender ဟာ သမိုင်းတစ်လျောက် အကောင်းဆုံး TV Shows တွေထဲက တစ်ခုဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဒါရိုက်တာ M. Night Shyamalan ကနေ အဆိုပါ Series ကို Live-Action အဖြစ်ရိုက်ကူးခဲ့တဲ့အခါမှာတော့ ထင်သလောက် မအောင်မြင်ခဲ့ပါဘူး။ မနေ့ကပဲ အဆိုပါ Series ကို Netflix ကနေပြန်ရိုက်ဖို့ ပြောကြားလိုက်ပါတယ်။ မူလ Avatar Series ရဲ့ ဖန်တီးသူတွေဖြစ်တဲ့ Michael DiMartino နဲ့ Bryan Konietzko ဟာလည်း အဆိုပါ Netflix ကနေပြန်လည်ရိုက်ကူးမယ့် Avatar ရုပ်ရှင်ကို ကူညီရိုက်ကူးပေးမှာပါ။
အဆိုပါ မူလ Avatar ကာတွန်း စီးရီးကို (၂၀၀၅) ခုနှစ်မှာ Nickelodeon ကနေစတင်ထုတ်လွှင့်ခဲ့တာဖြစ်ပြီး ဇာတ်လမ်းကတော့ “Aang” လို့ခေါ်တဲ့ ကောင်လေးတစ်ယောက်ဟာ ဓာတ်ကြီးလေးပါးကိုထိန်းချုပ်ပြီး နိုင်ငံလေးနိုင်ငံက စစ်သည်တွေနဲ့ပေါင်းကာ ဗီလိန် လူဆိုးကြီးကိုနှိမ်နင်းတဲ့ ဇာတ်လမ်းပါ။
ဒါရိုက်တာ Shyamalan ရိုက်ခဲ့တဲ့ Live Action ကိုတော့ အကြောင်းအမျိုးမျိုးကြောင့် ဝေဖန်ရေးဆရာတွေရဲ့ မကောင်းပြောတာခံခဲ့ရပါတယ်။ ပြေပြစ်မှုမရှိတဲ့ နောက်ခံစကားပြောတွေ။ စိတ်ဝင်စားဖို့မကောင်းတဲ့ စကားလုံးတွေနဲ့ အသက်မပါတဲ့ သရုပ်ဆောင်တွေကြောင့် ထင်သလောက်ခရီးမပေါက်ခဲ့ပါဘူး။ မူလဇာတ်လမ်းရဲ့ အဓိက ဇာတ်ကောင်တွေဟာ အာရှလူမျိုး သိုင်းသမားပုံစံတွေဖြစ်ပြီး Shamalan ရဲ့ Live Action မှာတော့ သရုပ်ဆောင်တွေကို အနောက်တိုင်းသားတွေကို အသုံးပြုခဲ့တာကြောင့် ကြည့်ရတာ ကြောင်တောင်တောင်ဖြစ်နေခဲ့ပါတယ်။
Netflix ကတော့ အဆိုပါ အားနည်းချက်တွေကို သေချာပြန်ဆန်းစစ်ပြီး သူ့နည်းသူ့ဟန်နဲ့ ပေါက်မြောက်အောင်သေချာပြန်ရိုက်တော့မှာပါ။ (၂၀၁၉) မတိုင်ခင်ထိ အဆိုပါ ဇာတ်ကားကို စတင်ရိုက်ကူးမှာမဟုတ်သေးပါဘူး။ ဒါပေမယ့်လည်း ဇာတ်လမ်းထဲမှာ Aang နဲ့ သူ့ရဲ့ သူငယ်ချင်းတွေစီးနင်းတဲ့ ခြေခြောက်ချောင်းနဲ့ သတ္တဝါကြနဲ့ ပုံကတော့ Concept Art အဖြစ်နဲ့ ထွက်ရှိနေပါပြီ။
Ref: The Verge