Apple က Smartwatch ဈေးကွက်ထဲကို Apple Watch နဲ့ စတင်ဝင်ရောက်လာတာအခုဆိုရင် Apple Watch Series 3 ကိုတောင် ရောက်ရှိနေပြီပဲဖြစ်ပါတယ်။ အခုအချိန်မှာတော့ Apple ဟာ Apple Watch တွေကို နောက်ထပ်အဆင့်မြှင့်တင်မှုပြုလုပ်နေဖို့ စီစဉ်နေပြီးတော့ ဒီတစ်ခါမှာတော့ ဒီဇိုင်းအကြီးအကျယ်ပြောင်းလဲလာတော့မှာဖြစ်ပါတယ်။

အခုတစ်ခါမှာတော့ Apple Watch တွေဟာ ထွက်ရှိလာထဲက ပါဝင်ခဲ့တဲ့ Crown Dial နဲ့ ခလုတ်တစ်ခုနေရာမှာ Physical Button တွေကို Touch Sensitive Button တွေနဲ့ပဲ အစားထိုးမယ်လို့ သိရပါတယ်။

Apple ဟာ အခုလိုမျိုး Physical Button တွေအစား Touch Sensitive Button တွေကို ပြောင်းလဲအသုံးပြုတာက အခုပထမဆုံးအကြီမ်မဟုတ်ပဲ ပြီးခဲ့တဲ့ iPhone 7 ဖုန်းမှာထဲက Home Key ကို Touch Sensitive Button နဲ့ ပြောင်းလဲခဲ့တာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် Apple ရဲ့ ဒီဇိုင်းအကြီးအကျယ်ပြောင်းလဲထားတဲ့ Apple Watch ကို ယခုနှစ်မကုန်ခင်မှာ တွေ့ရတော့မှာပါ။