စက္တင္ဘာလ ေနာက္ဆုံးပတ္မွာ Google Play ေပၚကို ေရာက္လာတဲ့ App ေတြထဲက ထူးထူးျခားျခား ျဖစ္ေနတဲ့ App အခ်ဳိ႕ကို ေဖာ္ျပေပးခ်င္ပါတယ္။ ဘယ္ေလာက္စိတ္ဝင္စားဖို႔ေကာင္းလဲ ဆုိတာေတာ့ ေအာက္မွာ ဆက္လက္ဖတ္ရႈၾကည့္ပါေတာ့။

Harvest Moon: Light of Hope

စုိက္ပ်ဳိးေရးဂိမ္းလို႔ ပေလးစေတရွင္ဝမ္းမွာ စသိခဲ့ၾကတဲ့ Harvest Moon ဂိမ္းစီးရီးထဲက ေနာက္ဆုံးထြက္ ဂိမ္းဟာ ပိုေသးတဲ့ Screen ေတြေပၚကိုလည္း ေရာက္လာခဲ့ပါတယ္။ Light of Hope က PS4 နဲ႔ Nintendo Switch ဂိမ္းစက္ေတြမွာေတာ့ ထြက္ႏွင့္ျပီးပါျပီ။ နာမည္နဲ႔လိုက္ေအာင္ ျမိဳ႕ေလးတစ္ျမိဳ႕ကို ျပန္လည္ထူေထာင္ဖို႔ ကူညီရင္း ရြာသားေတြရဲ႕ အခက္အခဲေတြကို လုိက္ေျဖရွင္းေပးျပီး အနီးက မီးျပတုိက္ကို ျပန္လည္ျပဳျပင္ေပးရမွာပါ။ ပုံမွန္ စုိက္ပ်ဳိးေမြးျမဴရတဲ့ Gameplay လည္း ပါတာေပါ့။ ဂိမ္းက အရြယ္ၾကီးမားျပီး လုပ္စရာေတြကလည္း မ်ားပါတယ္။ ထိန္းခ်ဳပ္ရတဲ့ ပုံကလည္း ကြန္ဆုိးဂိမ္းေတြမွာလိုမ်ဳိး အနီးစပ္ဆုံးျဖစ္မွာပါ။ ဒီဂိမ္းကေတာ့ အခမဲ့ မဟုတ္ပါဘူး။ ၁၅ ေဒၚလာနဲ႔ ဝယ္ေဆာ့ရမွာျဖစ္ေပမယ့္ တစ္ခါဝယ္ျပီးရင္ ဘာမွ ထပ္ဝယ္စရာမလုိဘဲ အစအဆုံး ေဆာ့ႏုိင္မွာျဖစ္ပါတယ္။

Google Play Link

Monster Hunter Stories

Monster Hunter ဟာလည္း နင္တန္းဒုိးရဲ႕ နာမည္ၾကီး ဂိမ္းစီးရီးတစ္ခုပါပဲ။ Android ပလက္ေဖာင္း ေပၚမွာလည္း Action-Adventure ဂိမ္းပီသစြာ မြန္းစတား သတၱဝါဆန္းေတြနဲ႔ တုိက္ခုိက္ရင္း ပုိကီမြန္စတုိင္လ္ ဖမ္းဆီးႏုိင္မွာလည္း ျဖစ္ပါတယ္။ ဂ်ပန္ Role-Playing ဂိမ္းပုံစံ (အတုိေကာက္ JRPG) လည္း ပါဝင္ျပီး Story Mode အလန္းစားတစ္ခု၊ မာလ္တီပေလယာအြန္လုိင္း ခ်ိတ္ဆက္ကစားႏုိင္စြမ္း စတာေတြ အမ်ားၾကီးပါ။ ခက္တာက ဒီ Monster Hunter ကလည္း အခမဲ့ မဟုတ္ပါဘူး။ ဒီဂိမ္းကို သင့္ဖုန္းေပၚမွာ ေဆာ့ႏုိင္လားလို႔ Demo ဗားရွင္း စမ္းေဆာ့ႏုိင္ေပမယ့္ အျပည့္အဝေဆာ့ဖို႔ကေတာ့ ေဒၚလာ ၂၀ ကုန္က်မွာ ျဖစ္ပါတယ္။ ဒါေပမယ့္ ဝယ္ျပီးရင္ေတာ့ အထဲမွာ In-App Purchase ေတြ၊ ေၾကာ္ျငာေတြ လုံးဝမပါဘဲ စိတ္ခ်လက္ခ် ကစားႏုိင္မွာ ျဖစ္ပါတယ္။ ဒါဟာ Monster Hunter ဂိမ္းအစစ္တစ္ခုျဖစ္ျပီး Android ေပၚမွာေတြ႕ရတဲ့ Capcom ကုမၸဏီထုတ္ ဂိမ္းေတြထဲက အေကာင္းဆုံးတစ္ခုပါ။

Google Play Link

Tapete

Tapete ကေတာ့ အသစ္ထြက္လာတဲ့ Wallpaper App ေကာင္းေကာင္းတစ္ခုပါ။ ဆုိက္ကေသးေပမယ့္ Resolution အျမင့္ Wallpaper လွလွေတြ စုစည္းေပးထားတယ္။ Nature နဲ႔ Abstract တုိ႔လို သက္ဆုိင္ရာ စတုိင္ေလးေတြနဲ႔ စီေပးထားပါတယ္။ ဒီ App မွာေတာ့ အမ်ားၾကီး ရႈပ္ေထြးတာ မရွိဘူး။ App ကိုဖြင့္ျပီး ကိုယ္ၾကိဳက္တာရွာ၊ Download လုပ္ျပီးရင္ ထြက္လုိက္ရုံပဲ။ ဒါဟာ သူ အသုံးဝင္သမွ် အကုန္ပဲလို႔ ဆုိႏုိင္ေပမယ့္ သူ႕ေနရာနဲ႔သူ တကယ္ေကာင္းတဲ့ App တစ္ခု ျဖစ္ပါတယ္။ လက္ရွိမွာ အခမဲ့ ရယူႏုိင္ျပီး ေၾကာ္ျငာေတြလည္း မရွိေသးပါဘူး။ အထဲက လက္ရာေတြဟာ Developer ေတြကိုယ္တုိင္ ဖန္တီးထားတာျဖစ္လုိ႔ ရာႏႈန္းျပည့္ Original လည္း ျဖစ္ပါတယ္။

Google Play Link

Dragalia Lost

Dragalia Lost ကေတာ့ Pokemon GO, Mario Run တုိ႔နဲ႔ မုိဘုိင္းကို ထိုးေဖာက္လာတဲ့ ဂိမ္းဆရာၾကီး နင္တန္းဒုိးရဲ႕ ေနာက္ဆုံးထြက္ မုိဘုိင္း RPG ပါ။ Action RPG ကစားပုံကို ဟီးရုိးေတြ မဲႏႈိက္ရတဲ့ Gacha စတုိင္နဲ႔ ေရာထားတယ္။ ဒါ့ေၾကာင့္ သူမ်ားေတြ မရေသးတဲ့ ကာရုိက္တာအသစ္ေတြ ရွိတဲ့သူက ပိုျပီးေရွ႕ေရာက္မယ့္ ပုံစံပါပဲ။ ဂိမ္းကို အခမဲ့ရယူႏိုင္ေပမယ့္ In-App Purchase ေတြပါတဲ့ Freemium ဂိမ္းအမ်ဳိးအစား ျဖစ္ပါတယ္။ နင္တန္းဒုိးရဲ႕ လက္ရာဆုိေတာ့ Story ေနာက္ခံဇာတ္လမ္းေတြ၊ ေနာက္ခံဂီတသံေတြနဲ႔ Gameplay ေတြက ဆြဲေဆာင္မႈရွိေနလိမ့္မယ္။ ဒါေပမယ့္ ဟီးရုိးအသစ္ေတြကို မဲႏႈိက္ရတဲ့ပုံစံ မၾကိဳက္သူေတြကေတာ့ ဒီဂိမ္းကို ၾကိဳက္မွာမဟုတ္ပါဘူး။

Google Play Link

Unicode

စက်တင်ဘာလ နောက်ဆုံးပတ်မှာ Google Play ပေါ်ကို ရောက်လာတဲ့ App တွေထဲက ထူးထူးခြားခြား ဖြစ်နေတဲ့ App အချို့ကို ဖော်ပြပေးချင်ပါတယ်။ ဘယ်လောက်စိတ်ဝင်စားဖို့ကောင်းလဲ ဆိုတာတော့ အောက်မှာ ဆက်လက်ဖတ်ရှုကြည့်ပါတော့။

Harvest Moon: Light of Hope

စိုက်ပျိုးရေးဂိမ်းလို့ ပလေးစတေရှင်ဝမ်းမှာ စသိခဲ့ကြတဲ့ Harvest Moon ဂိမ်းစီးရီးထဲက နောက်ဆုံးထွက် ဂိမ်းဟာ ပိုသေးတဲ့ Screen တွေပေါ်ကိုလည်း ရောက်လာခဲ့ပါတယ်။ Light of Hope က PS4 နဲ့ Nintendo Switch ဂိမ်းစက်တွေမှာတော့ ထွက်နှင့်ပြီးပါပြီ။ နာမည်နဲ့လိုက်အောင် မြို့လေးတစ်မြို့ကို ပြန်လည်ထူထောင်ဖို့ ကူညီရင်း ရွာသားတွေရဲ့ အခက်အခဲတွေကို လိုက်ဖြေရှင်းပေးပြီး အနီးက မီးပြတိုက်ကို ပြန်လည်ပြုပြင်ပေးရမှာပါ။ ပုံမှန် စိုက်ပျိုးမွေးမြူရတဲ့ Gameplay လည်း ပါတာပေါ့။ ဂိမ်းက အရွယ်ကြီးမားပြီး လုပ်စရာတွေကလည်း များပါတယ်။ ထိန်းချုပ်ရတဲ့ ပုံကလည်း ကွန်ဆိုးဂိမ်းတွေမှာလိုမျိုး အနီးစပ်ဆုံးဖြစ်မှာပါ။ ဒီဂိမ်းကတော့ အခမဲ့ မဟုတ်ပါဘူး။ ၁၅ ဒေါ်လာနဲ့ ဝယ်ဆော့ရမှာဖြစ်ပေမယ့် တစ်ခါဝယ်ပြီးရင် ဘာမှ ထပ်ဝယ်စရာမလိုဘဲ အစအဆုံး ဆော့နိုင်မှာဖြစ်ပါတယ်။

Google Play Link

Monster Hunter Stories

Monster Hunter ဟာလည်း နင်တန်းဒိုးရဲ့ နာမည်ကြီး ဂိမ်းစီးရီးတစ်ခုပါပဲ။ Android ပလက်ဖောင်း ပေါ်မှာလည်း Action-Adventure ဂိမ်းပီသစွာ မွန်းစတား သတ္တဝါဆန်းတွေနဲ့ တိုက်ခိုက်ရင်း ပိုကီမွန်စတိုင်လ် ဖမ်းဆီးနိုင်မှာလည်း ဖြစ်ပါတယ်။ ဂျပန် Role-Playing ဂိမ်းပုံစံ (အတိုကောက် JRPG) လည်း ပါဝင်ပြီး Story Mode အလန်းစားတစ်ခု၊ မာလ်တီပလေယာအွန်လိုင်း ချိတ်ဆက်ကစားနိုင်စွမ်း စတာတွေ အများကြီးပါ။ ခက်တာက ဒီ Monster Hunter ကလည်း အခမဲ့ မဟုတ်ပါဘူး။ ဒီဂိမ်းကို သင့်ဖုန်းပေါ်မှာ ဆော့နိုင်လားလို့ Demo ဗားရှင်း စမ်းဆော့နိုင်ပေမယ့် အပြည့်အဝဆော့ဖို့ကတော့ ဒေါ်လာ ၂၀ ကုန်ကျမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဝယ်ပြီးရင်တော့ အထဲမှာ In-App Purchase တွေ၊ ကြော်ငြာတွေ လုံးဝမပါဘဲ စိတ်ချလက်ချ ကစားနိုင်မှာ ဖြစ်ပါတယ်။ ဒါဟာ Monster Hunter ဂိမ်းအစစ်တစ်ခုဖြစ်ပြီး Android ပေါ်မှာတွေ့ရတဲ့ Capcom ကုမ္ပဏီထုတ် ဂိမ်းတွေထဲက အကောင်းဆုံးတစ်ခုပါ။

Google Play Link

Tapete

Tapete ကတော့ အသစ်ထွက်လာတဲ့ Wallpaper App ကောင်းကောင်းတစ်ခုပါ။ ဆိုက်ကသေးပေမယ့် Resolution အမြင့် Wallpaper လှလှတွေ စုစည်းပေးထားတယ်။ Nature နဲ့ Abstract တို့လို သက်ဆိုင်ရာ စတိုင်လေးတွေနဲ့ စီပေးထားပါတယ်။ ဒီ App မှာတော့ အများကြီး ရှုပ်ထွေးတာ မရှိဘူး။ App ကိုဖွင့်ပြီး ကိုယ်ကြိုက်တာရှာ၊ Download လုပ်ပြီးရင် ထွက်လိုက်ရုံပဲ။ ဒါဟာ သူ အသုံးဝင်သမျှ အကုန်ပဲလို့ ဆိုနိုင်ပေမယ့် သူ့နေရာနဲ့သူ တကယ်ကောင်းတဲ့ App တစ်ခု ဖြစ်ပါတယ်။ လက်ရှိမှာ အခမဲ့ ရယူနိုင်ပြီး ကြော်ငြာတွေလည်း မရှိသေးပါဘူး။ အထဲက လက်ရာတွေဟာ Developer တွေကိုယ်တိုင် ဖန်တီးထားတာဖြစ်လို့ ရာနှုန်းပြည့် Original လည်း ဖြစ်ပါတယ်။

Google Play Link

Dragalia Lost

Dragalia Lost ကတော့ Pokemon GO, Mario Run တို့နဲ့ မိုဘိုင်းကို ထိုးဖောက်လာတဲ့ ဂိမ်းဆရာကြီး နင်တန်းဒိုးရဲ့ နောက်ဆုံးထွက် မိုဘိုင်း RPG ပါ။ Action RPG ကစားပုံကို ဟီးရိုးတွေ မဲနှိုက်ရတဲ့ Gacha စတိုင်နဲ့ ရောထားတယ်။ ဒါ့ကြောင့် သူများတွေ မရသေးတဲ့ ကာရိုက်တာအသစ်တွေ ရှိတဲ့သူက ပိုပြီးရှေ့ရောက်မယ့် ပုံစံပါပဲ။ ဂိမ်းကို အခမဲ့ရယူနိုင်ပေမယ့် In-App Purchase တွေပါတဲ့ Freemium ဂိမ်းအမျိုးအစား ဖြစ်ပါတယ်။ နင်တန်းဒိုးရဲ့ လက်ရာဆိုတော့ Story နောက်ခံဇာတ်လမ်းတွေ၊ နောက်ခံဂီတသံတွေနဲ့ Gameplay တွေက ဆွဲဆောင်မှုရှိနေလိမ့်မယ်။ ဒါပေမယ့် ဟီးရိုးအသစ်တွေကို မဲနှိုက်ရတဲ့ပုံစံ မကြိုက်သူတွေကတော့ ဒီဂိမ်းကို ကြိုက်မှာမဟုတ်ပါဘူး။

Google Play Link