Zawgyi Font Version
Underwater Mode
AI Cinema
AI Zoom
Video Bokeh
Ref: XDA
Unicode Version
(၂၀၁၈) နှစ်ကုန်ပိုင်းနဲ့ (၂၀၁၉) အစောပိုင်းမှာထွက်ရှိလာမယ့် Smartphone တွေကတော့ တစ်ကယ်စိတ်ဝင်စားဖို့ကောင်းတဲ့ Smartphone တွေပါပဲ။ LG V40 ThinkQ, Google Pixel 3, Razer Phone 2, Samsung ရဲ့ Galaxy A Series ဖုန်းအသစ်တစ်လုံး, Huawei Mate 20, OnePlus 6T နဲ့ Honor Magic 2 တို့ဟာ Smartphone ရူးသွပ်သူတွေရင်ခုန်စောင့်မျှော်နေကြတဲ့ ဖုန်းတွြေဖ်ပါတယ်။ လောလောဆယ် Pixel 3 အကြောင်းကလွဲပြီးကျန်တဲ့ Smartphone တွေအကြောင်းတော့သေချာမသိရသေးပါဘူး။ ဒါပေမယ့် ကျန်တဲ့ ဖုန်းတွေထဲမှာမှ Huawei Mate 20 ရဲ့ အခြေခံဒီဇိုင်းနဲ့ Spec တွေကို Leak တွေကနေ ခန့်မှန်းနိုင်ခဲ့ပါတယ်။ EMUI 9 မှာအသုံးပြုမယ့် Camera App ရဲ့ Source Code ကို XDA Developer တွေကနေ ဖွင့်ကြည့်ခဲ့ကြပြီး Mate 20 မှာ ပါလာနိုင်ချေရှိတဲ့ Camera Feature အသစ်တွေကိုတွေ့ရှိခဲ့ပါတယ်။ EMUI 9 မှာအသုံးပြုမယ့် Camera App ဖြစ်ပြီး Huawei ရဲ့Honor ဖုန်းအသစ်တွေမှာလည်း အဆိုပါ Camera Feature အသစ်တွေပါလာမယ်လို့ခန့်မှန်းရပေမယ့် မသေချာသေးပါဘူး။
APK တွေရဲ့ Source Code တွေကိုလှန်လှောကြည့်ချင်းအားဖြင့် အဆိုပါ App တွေရဲ့ အနာဂတ်မှာပါဝင်လာမယ့် Feature တွေကို ခန့်မှန်းနိုင်ပါတယ်။ XDA Developer တွေဖွင့်ကြည့်ခဲ့ကြတဲ့ Huawei Mate 20 မှာသုံးမယ့် Camera Feature အသစ်တွေထဲမှာ တစ်ခြား ဘယ် Smartphone မှာမှ မတွေ့နိုင်သေးတဲ့ Camera Feature အသစ်တွေပါဝင်ပြီး အဆိုပါ Feature အသစ်တွေကို အောက်မှာဖော်ပြပေးလိုက်ပါတယ်။
Underwater Mode
Underwater Mode ဆိုတဲ့ Feature အသစ်ဟာ XDA Developer တွေလှန်လှောကြည့်ခဲ့ကြတဲ့ တဲ့ Camera App ထဲမှာ ထူးခြားမှုအရှိဆုံး Underwater Mode ဆိုတာလေးကိုသွားတွေ့ပါတယ်။ Huaweu P20 Pro မှာ IP67 အဆင့် ဖုန်နဲ့ ရေတွေလုံတဲ့ သက်မှတ်ချက်ပါပြီး ရေအောက်ဓာတ်ပုံတွေရိုက်ကူးလို့တော့မရပါဘူး။ EMUI 9 ရဲ့ Camera App ထဲမှာ Underwater Mode လို့ခေါ်တဲ့ Camera Feature အသစ်ရဲ့ Source Code တွေကိုတွေ့ရှိခဲ့တဲ့အတွက် Mate 20 မှာ ရေအောက်ဓာတ်ပုံတွေရိုက်လို့ရတဲ့အထိရေလုံလာနိုင်မယ်လို့ ခန့်မှန်းကြပါတယ်။
AI Cinema
အဆိုပါ AI Cinema ဆိုတာကတော့ အရင် P20 လို Huawei Phone တွေမှာမြင်တွေ့နေကျ AI Mode ကိုအဆင့်မြှင့်တင်ပေးထားတာပါ။ ဓာတ်ပုံတွေရိုက်တဲ့နေရာမှာတင်မကပဲ ဗီဒီယိုတွေကို ပါ AI Mode နဲ့ရိုက်ကူးလာနိုင်စေမှာပါ။ Huawei က မကြာသေးခင်က မိတ်ဆက်ခဲ့တဲ့ HiSilicon Kirin 980 မှာ AI ကို Support ပေးတဲ့ NPU ခေါ် Neural Processing Units တွေကြောင့် Video ရိုက်နေသမျှတစ်ချိန်လုံးမှာ ကိုယ်ရိုက်တဲ့ အရာဝတ္ထုတွေနဲ့ နောက်ခံ Background ပုံရိပ်တွေကို AI ကသိရှိနားလည်ပြီး အကောင်းဆုံး Setting တွေကိုချိန်ညှိပေးသွားမှာပါ။
AI Zoom
အရာဝတ္ထုတစ်ခုကို ရိုက်ပြီဆိုရင် အဆိုပါ အရာဝတ္ထု (သို့မဟုတ်) လူပုံအတွက်အကောင်းဆုံး Zoom အနေအထားရရှိဖို့ ခက်ခဲတာကြုံဖူးမှာပါ။ Huawei Mate 20 မှာတော့ အဆိုပါ အခက်အခဲတွေမရှိတော့ပဲ ကိုယ်ရိုက်မယ့် အရာဝတ္ထု (သို့မဟုတ်) လူပုံတွေကို AI ကနေ တွက်ချက်ပေးပြီး အကောင်းဆုံး Zoom ပမာဏချဲ့ပြီးရိုက်ပေးမှာပါ။
Video Bokeh
Bokeh ဆိုတာကတော့ ကိုယ်ရိုက်ကူးချင်တဲ့ အရာဝတ္ထုကို နောက်ခံ Background ကနေကွဲထွက်နေစေတဲ့ပုံတွေပါ။ ကိုယ်ပေါ်လွင်စေချင်တဲ့ အရာဝတ္ထုရဲ့ နောက်ခံ Background ကို ဝါးလိုက်တဲ့အတွက် ကိုယ်ရိုက်တဲ့ Object က နောက်ခံ Background ကနေကွဲထွက်နေပြီး 3D ဆန်ဆန် ဖြစ်နေတဲ့ ပုံတွေကိုခေါ်တာပါ။ Smartphone တွေမှာ Bokeh Effect ကို ဓာတ်ပုံရိုက်တဲ့အခါမှာပဲ အသုံးပြုနိုင်ခဲ့ကြပြီး Video ရိုက်တဲ့အခါမှတော့ အသုံးမပြုနိုင်ခဲ့ကြပါဘူး။ ဒီ Mate 20 မှာတော့ Video တွေကိုပါ Bokeh Effect နဲ့ရိုက်ကူးနိုင်တဲ့ Feature ပါဝင်ပြီး အဆိုပါ Feature ကို Video Bokeh လို့ခေါ်ပါတယ်။
Ref: XDA