မြန်မာနိုင်ငံ၏ အကျယ်ပြန့်ဆုံးနှင့် အလျှင်မြန်ဆုံး 4G Plus ကွန်ရက်တစ်ခုဖြစ်သည့် အူရီဒူးမြန်မာမှနေ၍ ဒေတာအပိုလက်ဆောင်များ ပါဝင်သည့် ဒေတာလိုက်ပွဲ+ အစီအစဉ်သစ် Data Pack ကို အားပေးသူမိဘပြည်သူများအတွက် အခုပဲမိတ်ဆက်ပေးလိုက်ပါပြီ။

ဈေးနှုန်းချိုသာပြီး အလွန်မြန်ဆန်တဲ့ အင်တာနက်လိုင်းကို ပြည်သူပြည်သူများ အချိန်ပြည့်သုံးစွဲနိုင်ရန်အတွက် အူရီဒူးမှ အသစ်ပြင်ဆင်လိုက်သော ဒေတာအပို နှင့် အူရီဒူးအချင်းချင်း SMS ပေးပို့ရန် အပိုလက်ဆောင် များပါဝင်သော ဒေတာလိုက်ပွဲ+ အစီအစဉ်သစ်ကြောင့် သုံးစွဲသူများအနေနဲ့ အကောင်းဆုံး 4G ကွန်ရက်ဖြင့် အလျှင်မြန်ဆုံး အင်တာနက်စွမ်းအားကို အားပါးတရ ခံစားနိုင်တော့မှာဖြစ်ပါတယ်။

ဒေတာလိုက်ပွဲ+ အသစ်များဟာဆိုရင် အင်တာနက် ဒေတာ တစ်မီဂါဘိုက်ကို ၁ကျပ်၂၀ပြား အထိ သက်သက်သာသာ သုံးစွဲနိုင်မှာဖြစ်သလို အူရီဒူး သုံးစွဲသူများအနေနဲ့လည်း အင်တာနက်သုံးစွဲခွင့် ပိုမိုရရှိနိုင်ကာ မက်ဆေ့ခ်ျများပေးပို့နိုင်ရန် အပိုလက်ဆောင် SMS များကိုလည်း ရရှိသွားမှာပါ။

အူရီဒူးမြန်မာ၏ Chief Commercial Officer ဖြစ်သူ Mr. Alok Verma က “Ookla ၏ Speedtest Intelligence® နဲ့ ပထမ သုံးလပတ်စမ်းသပ်ချက်အရ အူရီဒူးဟာ မြန်မာနိုင်ငံမှာ အမြန်ဆုံး 4G/3G ကွန်ရက်ကို ဈေးနှုန်းသက်သာစွာနဲ့ သုံးစွဲနိုင်ဖို့ ဒီဒေတာလိုက်ပွဲ+ အစီအစဉ်အသစ်ကို မိတ်ဆက်ပေးလိုက်တာပါ။ အူရီဒူးအနေနဲ့ သုံးစွဲသူတွေအတွက် အကောင်းဆုံးအတွေ့အကြုံကို ပေးအပ်နိုင်ဖို့ ဆန်းသစ်တီထွင်ထားတဲ့ ၀န်ဆောင်မှုတွေကို အမြဲမပြတ်ပေးအပ်သွားမှာဖြစ်ပါတယ်။ တချိန်ထဲမှာပဲ မြန်မာနိုင်ငံမှာ ပထမဦးဆုံးအနေနဲ့ FIFA ကမ္ဘာ့ဖလားတိုက်ရိုက်ထုတ်လွှင်မှုတွေ့ကို My Ooredoo App ကနေ  ဘယ်နေရာကမဆို တိုက်ရိုက်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။” ဟု ထပ်မံပြောကြားလိုက်ပါတယ်။

အူရီဒူးမြန်မာရဲ့ အပိုလက်ဆောင် အမျိုးမျိုးနဲ့ ဒေတာလိုက်ပွဲအစီအစဉ် (၈)မျိုး၏ ဒေတာလက်ဆောင်အတွက် အသုံးပြုနိုင်သည့် သက်တမ်းကတော့ (၃၀)ရက် ဖြစ်ပြီး ယခင်အတိုင်း လက်ကျန်ဒေတာများကို နောက်လအထိ ဆက်လက် သုံးစွဲနိုင်မှာပါ။ ၉၉၉ကျပ် သာကျသင့်မည့် ၆၅၀MB ဒေတာလိုက်ပွဲတွင် ဒေတာ ၁၀၀MB အပိုလက်ဆော်ဒေတာ နှင့် SMS ၁၅စောင်စသည့် အပိုလက်ဆောင်များ ပါဝင်ပြီး၊ ၃၉၉၉၉ကျပ် သာကျသင့်မည့် 30GB ဒေတာလိုက်ပွဲ တွင် 1GB ဒေတာအပိုလက်ဆောင်နှင့် SMS အစောင် ၁၅၀ အပိုလက်ဆောင်များကို ရရှိအသုံးပြုနိုင်ပါတယ်။ နှစ်သက်ရာ ဒေတာလိုက်ပွဲ+ အစီအစဉ်များ *140# သို့ ဖုန်းခေါ်ဆိုပြီးတော့လည်း ရယူနိုင်မှာပါ။

အူရီဒူးမြန်မာဟာဆိုရင် သုံးစွဲသူတိုင်းရဲ့ လိုအပ်ချက်တွေကို အမြဲမပြတ်လေ့လာသုံးသပ်လျက်ရှိပြီး အလျင်မြန်ဆုံး၊ အကျယ်ပြန့်ဆုံးသော 4G Plus ကွန်ရက်ကို သုံးစွဲသူများ ဈေးနှုန်းချိုသာစွာ သုံးစွဲနိုင်ရန်၊ ပိုမိုကောင်းမွန်ပြီး ဆန်းသစ်သော အင်တာနက်အတွေ့အကြုံများကို အမြဲဖြည့်ဆည်းပေးနိုင်ရန်အတွက် ကြိုးစားလုပ်ဆောင်လျက်ရှိပါတယ်။ ယခုအချိန်အခါတွင်တော့  ကမ္ဘာ့ဖလားပွဲကို My Ooredoo App မှ သက်သာပျော်ရွှင်စွာ တိုက်ရိုက်ကြည့်ရှုနိုင်တော့မှာဖြစ်သလို အူရီဒူးမြန်မာရဲ့ အင်တာနက်ကို တဝကြီး ခံစားနိုင်မယ့် အချိန်ကောင်းတစ်ခုပါပဲ။

အူရီဒူး မြန်မာ၏ အကြောင်း

အားလုံးအတွက် မြန်ဆန်သောအင်တာနက်နှင့် ကြည်လင်ပြတ်သားသောအသံတို့ကို ယူဆောင်လာပေးသည့် အူရီဒူးမြန်မာသည် လူနေမှုဘဝများ တိုးတက်ကောင်းမွန်စေမည်. ဝန်ဆောင်မှုများကို  ၂၀၁၄ သြဂုတ်လတွင်  စတင် ပေးအပ်ခဲ့ပါသည်။ ၂၀၁၃ ဇွန်လတွင် ဆက်သွယ်ရေးလိုင်စင်ရရှိပြီးနောက် တစ်နှစ်တာကာလအတွင်း Ooredoo သည် မြန်မာတို့၏နေ.စဉ်ဘဝများတွင် အရေးပါသော အစိတ်အပိုင်းတစ်ရပ်အဖြစ် ပါဝင်ခွင့်ရနိင်ရန် အခြေခံအုတ်မြစ် ချလုပ်ငန်းများကို ဆောင်ရွက်နေခဲ့ပါသည်။ အူရီဒူးမြန်မာ၏ဝန်ဆောင်မှုများသည် မျိုးဆက်သစ် 3G ကွန်ရက်ကို အသုံးပြုထားသဖြင့် မြန်မာတို့၏လူနေမှုဘဝများ တိုးတက်ကောင်းမွန်စေမည့်အပြင် စိတ်လှုပ်ရှားဖွယ်ရာများ ပြည့်နှက်နေသော သုံးစွဲရလွယ်ကူသည့်ဆက်သွယ်ရေးစနစ် ဖြစ်ပါသည်။ ထိုဝန်ဆောင်မှုများသည် မြန်မာတို.၏ တစ်ဦးချင်းစွမ်းရည်များ တိုးတက်ဖွံ့ဖြိုးလာရန်၊ စီးပွားရေးလုပ်ငန်းများ ကောင်းမွန်စွာလည်ပတ်နိုင်ရန်  များစွာ အထောက်အကူပေးပါမည်။

Instagram:@ooredoomyanmar

Facebook:www.facebook.com/OoredooMyanmar

LinkedIn:www.linkedin.com/company/ooredoomyanmar