[Zawgyi]

Facebook ဟာ ၿပီးခဲ့တဲ့လတုန္းကလည္း Bug တစ္ခုေၾကာင့္ လုံၿခဳံေရး က်ိဳးေပါက္မႈ ျဖစ္သြားခဲ့ပါေသးတယ္။ ဒီေပါက္ၾကားမႈဟာ အသုံးျပဳသူေပါင္း ၆.၈ သန္းေလာက္ရဲ႕ ကိုယ္ေရးကိုယ္တာ အခ်က္အလက္ေတြလည္း ပါဝင္သြားမယ္လို႔ ထုတ္ျပန္ေၾကညာခဲ့ပါတယ္။

Facebook Bug ဟာ Third-Party Apps ကို Timeline မဟုတ္တဲ့ ဓါတ္ပုံေတြဆီ ခြင့္ျပဳေပးခဲ့တာ ျဖစ္ပါတယ္။ ဒါေၾကာင့္ Stories Photos, Marketplace Photos အပါအဝင္ ကိုယ္ေရးကိုယ္တာ သီးသန႔္ ဓါတ္ပုံေတြကို Share လုပ္လို႔ရသြားခဲ့ပါတယ္။ App ကေတာ့ သတ္မွတ္ခ်က္တစ္ခုနဲ႔ ခြင့္ျပဳတာျဖစ္ေပမယ့္ Bug ေၾကာင့္ အခုလို ေဒတာေပါက္ၾကားမႈျဖစ္သြားခဲ့ရတာပါ။

ဒီကိစၥက ၿပီးခဲ့တဲ့ စက္တင္ဘာလ ၁၂ ရက္ကေန စက္တင္ဘာလ ၂၅ ရက္ေန႔အတြင္း ျဖစ္ပြားခဲ့တာလို႔ သိရပါတယ္။ ဒီလိုျဖစ္ေနတာကို Facebook က စက္တင္ဘာလ ၂၅ ရက္ေန႔မွ သိခဲ့ရတာျဖစ္လို႔ သိသိခ်င္း ရွင္းလင္းခဲ့တယ္လို႔ Facebook က TechCrunch ကို ေျပာပါတယ္။ ဒီေလာက္ထိ အခ်ိန္ၾကာၾကာ ေဒတာေပါက္ၾကားမႈ ျဖစ္ေပၚခဲ့ရျခင္း အေၾကာင္းရင္းကိုေတာ့ Facebook က ရွင္းလင္းျခင္း မျပဳခဲ့ပါဘူး။

ဒီေပါက္ၾကားမႈမွာ ပါဝင္သြားတဲ့ အသုံးျပဳသူေတြအေနနဲ႔ သူတို႔ရဲ႕ ဓါတ္ပုံေတြ အကာအကြယ္မဲ့ေပါက္ၾကားခဲ့ေၾကာင္း အသိေပးခ်က္ကို လက္ခံရရွိမယ္လို႔ သိရပါတယ္။ Facebook အေနနဲ႔ သူတို႔ရဲ႕ Developers ေတြနဲ႔အတူ ေပါက္ၾကားခဲ့တဲ့ ဓါတ္ပုံေတြ (မူရင္းမဟုတ္ဘဲ ကူးယူျခင္းခံခဲ့ရတဲ့ပုံေတြ) ကို ဖ်က္ပစ္ႏိုင္ဖို႔ လုပ္ေဆာင္ေနေၾကာင္း သတင္းထုတ္ျပန္ခဲ့ပါတယ္။

 

Ref: The Verge

 

[Unicode]

Facebook ဟာ ပြီးခဲ့တဲ့လတုန်းကလည်း Bug တစ်ခုကြောင့် လုံခြုံရေး ကျိုးပေါက်မှု ဖြစ်သွားခဲ့ပါသေးတယ်။ ဒီပေါက်ကြားမှုဟာ အသုံးပြုသူပေါင်း ၆.၈ သန်းလောက်ရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေလည်း ပါဝင်သွားမယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

Facebook bug ဟာ Third-party apps ကို Timeline မဟုတ်တဲ့ ဓါတ်ပုံတွေဆီ ခွင့်ပြုပေးခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် Stories photos, Marketplace photos အပါအဝင် ကိုယ်ရေးကိုယ်တာ သီးသန့် ဓါတ်ပုံတွေကို Share လုပ်လို့ရသွားခဲ့ပါတယ်။ App ကတော့ သတ်မှတ်ချက်တစ်ခုနဲ့ ခွင့်ပြုတာဖြစ်ပေမယ့် Bug ကြောင့် အခုလို ဒေတာပေါက်ကြားမှုဖြစ်သွားခဲ့ရတာပါ။

ဒီကိစ္စက ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၂ ရက်ကနေ စက်တင်ဘာလ ၂၅ ရက်နေ့အတွင်း ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။ ဒီလိုဖြစ်နေတာကို Facebook က စက်တင်ဘာလ ၂၅ ရက်နေ့မှ သိခဲ့ရတာဖြစ်လို့ သိသိချင်း ရှင်းလင်းခဲ့တယ်လို့ Facebook က TechCrunch ကို ပြောပါတယ်။ ဒီလောက်ထိ အချိန်ကြာကြာ ဒေတာပေါက်ကြားမှု ဖြစ်ပေါ်ခဲ့ရခြင်း အကြောင်းရင်းကိုတော့ Facebook က ရှင်းလင်းခြင်း မပြုခဲ့ပါဘူး။

ဒီပေါက်ကြားမှုမှာ ပါဝင်သွားတဲ့ အသုံးပြုသူတွေအနေနဲ့ သူတို့ရဲ့ ဓါတ်ပုံတွေ အကာအကွယ်မဲ့ပေါက်ကြားခဲ့ကြောင်း အသိပေးချက်ကို လက်ခံရရှိမယ်လို့ သိရပါတယ်။ Facebook အနေနဲ့ သူတို့ရဲ့ Developers တွေနဲ့အတူ ပေါက်ကြားခဲ့တဲ့ ဓါတ်ပုံတွေ (မူရင်းမဟုတ်ဘဲ ကူးယူခြင်းခံခဲ့ရတဲ့ပုံတွေ) ကို ဖျက်ပစ်နိုင်ဖို့ လုပ်ဆောင်နေကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။

 

Ref: The Verge