Zawgyi Font Version


HP Spectre Series



HP ENVY Series



HP Pavilion Series



HP 14/15 Series



HP 415 Ink Tank Printer






Unicode Version

Royal Smart Co.,Ltd ကနေပြီး မြန်မာနိုင်ငံ ကို တင်သွင်းဖြန့်ချီထားတဲ့ HP ရဲ့ Consumer Notebook တွေကို အမျိုးအစား ( ၄ ) မျိုးခွဲခြား ပြီးတင်သွင်းထားပါတယ်။ အဲ့ဒီအမျိုးအစား ( ၄ ) မျိုးကတော့ ရုံးသုံးကျောင်းသုံးအတွက် ဈေးနှုန်းချိုသာစွာ ဝယ်ယူရရှိနိုင်မယ့် HP 14/15 Series, ဖက်ရှင်ကျကျ ဒီဇိုင်းလှလှ စွမ်းဆောင်ရည်မြင့်မားစွာ အသုံးပြုလိုသူတွေအတွက်
HP Pavilion Series, ပါးလွှလွှ ရှင်းသန့်သန့် Graphic ပါဝင်တဲ့ HP ENVY Series နဲ့ တော်ဝင်ဆန်ဆန် Luxury Premium အမျိုးအစားဖြစ်တဲ့ HP Spectre Series တွေဖြစ်ပါတယ်။

HP Spectre Series


HP ရဲ့ Spectre Series ဟာ Luxury Type Premium Class Ultrabook အမျိုးအစားဖြစ်ပြီး ပုံမှန် မြင်နေကြ Ultrabook တွေထက် ပေါ့ပါး ပါးလွှာတဲ့ Metal Alloy နဲ့ တည်ဆောက်ထားပြီး အမည်းရောင်နှင့် ရွှေရောင်ကို ပေါင်းစပ်ဖန်တီးလို့ အထက်တန်းကျတဲ့ ယုံကြည်မှုတစ်ခုရရှိနိုင်ပါတယ်။ Display Screen ကို ခံနိုင်ရည်မြင့်မားတဲ့ Gorilla Glass နဲ့
တည်ဆောက်ထားတဲ့ အတွက် ပါးလွှာသော်ငြားလည်း ခိုင်ခံမာမှုရှိပါတယ်။ Battery Life အနေနဲ့ 11 Hours/Standard Mode ( တစ်ဆယ့်တစ်နာရီ ) နီးပါးအသုံးပြုနိုင်ပြီး စွမ်းဆောင်ရည် မြင့်မားတဲ့ Intel® 8th Gen Processors အား အသုံးပြုထားပါတယ်။ Spectre x360 series တွေမှာ Window Ink certified နည်းပညာကို အပြည့်အဝ ထောက်အပံ့ပေးနိုင်တဲ့ HP Stylus Pen ပါဝင်ပါတယ်။ Sleep Charging အတွက် USB Type A Port တစ်ခုလည်း ပါတဲ့ အတွက် Mobile Devices တွေ နဲ့ အတူတူ ကိုင်ထားမှန်းမသိရအောင် ပေါ့ပါးတဲ့ Power Bank တစ်ခု အနေနဲ့ ကောင်းကောင်းအသုံးဝင်မှာပါ။

HP ENVY Series


ဈေးကွက်အတွင်း update အဖြစ်ဆုံး ENVY Series အဖြစ် ဝင်ရောက်လာတဲ့ Intel® ရဲ့ 8th Generation CoreTM i5 Processor ကို အသုံးပြုထားပြီး Design အနေနဲ့ Hinged နေရာမှာ စွဲမက်ဖွယ် Wood Scratch Pattern နဲ့ HP ENVY ဟာ ပေါ့ပေါ့ပါးစတိုင်ကျကျ အသုံးပြုချင်များအတွက် လှပသော Ultrabook တစ်လုံးဖြစ်ပါတယ်။ ကျစ်လစ်ပေါ့ပါးပြီး ဒေါင့်ချိုး ချိုးထားတဲ့ Cutting Edges Design ဟာ အဓိက အမြင်ဆန်းနေစေပြီး Body တစ်ခုလုံးနီးပါး ကို Metal Alloy နဲ့ တည်ဆောက်ထားတာကြောင့်
တော်ရုံတန်ရုံထိခိုက်မိတာကြောင့် ပွန်းပဲ့ခြင်းများက ကင်းဝေးစေပါတယ်။ Power Consumption သက်သာအောင်ပြုလုပ်ထားတာကြောင့် Battery 3 Cells ဖြစ်ပေမယ့် Stand By Time အ 10 Hours Plus အသုံးပြုလို့ရပါတယ်။ မိနစ် ၃၀ အားသွင်းရုံနဲ့ Battery 50% ရရှိနိုင်ပြီး မိနစ် ၉၀ အားသွင်းရင် Battery ၉၀% အထိပြည့်မယ့် Fast Charging နည်းပညာက သင့်ကို စိတ်ကျေနပ်စေမှာပါ။ Power Off ထားတဲ့အချိန်မှာ 5 Volts ထုတ်ပေးနိုင်တဲ့ USB Sleep Charging နည်းပညာပါဝင်တဲ့အတွက် သင့်ရဲ့ Mobile Devices တွေအတွက် Power Bank တစ်လုံး အဖြစ်လည်း အသုံးပြုနိုင်ပါတယ်။

HP Pavilion Series


HP Pavilion Series ဟာ HP ရဲ့ ပရိသတ်များ သိထားပြီး ဖြစ်တဲ့ Signature Series ဖြစ်ပြီး High Class Notebook အမျိုးအစား ဖြစ်ပါတယ်။ အခု ဈေးကွက်ထဲ ဝင်ရောက်လာတဲ့ Updated Pavilion တွေမှာ HP Fast Charge နည်းပညာ အနေနဲ့ ပိုမိုအဆင့်မြင့်ပီး အားသွင်းချိန် ၉၀ မိနစ် အချိန်အတွင်းမှာ 0% ကနေ 90% အထိ Battery အားဝင် ပြီး သုံးစွဲချိန် ၁၀ နာရီဝန်းကျင် နီးပါး သုံးစွဲလို့ ရမှာကြောင် Power Consumption တော်တော်သက်သာ သွားပီး Intel® 8th Gen CPU ကြောင့် ကောင်းမွန်တဲ့ Performance လဲရရှိနိုင်ပြီး နာမည်ကျော် Bang & Olufsen အသံစနစ်ကြောင့် ပြတ်သားကြည်လင်တဲ့ အသံများကို နားသောတပီတိဖြစ်စေမှာပါ။

HP 14/15 Series


HP 14/15 Series လို့ ခေါ်တဲ့ Normal Class Notebook တွေရဲ့အားသာချက်တွေကတော့ HP Fast Charge ဆိုတဲ့ 45 မိနစ် အချိန် အတွင်းမှာ 0% ကနေ 50% အထိ Battery အားဝင်နိုင်မယ့် နည်းပညာ အသစ်ပါဝင်လာပါတယ်။ ပိုမိုပါးလွှာလာတဲ့ Design နဲ့အတူ Hybrid Storage လို့ ခေါ်တဲ့ SSD + HDD Dual Storage အထိ တိုးမြှင့် နိုင်ပါတယ်။ Microsoft Window 10 Home လိုင်စင်ပါဝင်တာကြောင့် လိုင်စင် Window ကို ဈေးသက်သက်သာသာနဲ့ အသုံးပြုနိုင်ပါတယ်။

HP 415 Ink Tank Printer

HP က အသစ်ထပ်ပြီး ထုပ်လုပ်ထားတဲ့ Ink Tank Printer တွေမှာ တမူထူးခြားတဲ့ မှင်လည်ပတ်မှုစနစ်ပါဝင်ပါတယ်။ ပုံမှန် Ink Tank Printer တွေမှာလို မှင်ဖြည့်ပီး မှင်ကို Print Head ကိုရောက်ဖို့ စောင့်ဆိုင်းရတဲ့ Set up Time အချိန် အကြာကြီး စောင့် စရာ မလိုတဲ့အပြင် Liquid Pressure နဲ့ Vacuum ( လေဟာနယ် ) စနစ်အသုံးပြုထားပါတယ်။ မှင်ပြန်ဖြည့်တဲ့ နေရာမှာ လည်း မှင်ကန် မှာ Vented bung လို့ခေါ်တဲ့ အဆို့ရှင်စနစ်တွေ တပ်ဆင်ထား တဲ့အတွက် မှင်ဖြည့်သည့်နေရာမှာ မှင်ဘူးကို တပ်လိုက်ရုံနဲ့ မှင်တွေက Liquid Pressure နဲ့ စီးဆင်းသွားတာဖြစ်ပြီး မှင်ဖိတ်ခြင်း မှင်ယိုခြင်းမှ စိုးရိမ်စရာကင်းဝေးစေပါတယ်။ မှင်ဖိတ်ခြင်းမရှိတဲ့ Printer ဖြစ်တဲ့အတွက် ဝန်းကျင်ကို သန့်ရှင်းလှပနေစေမှာပါ။ High Volume Printing အနေနဲ့ စာရွက်ရေ Black 6000 , Color 8000 Pages နီးပါးထုတ်လိုရပါတယ်။ Wi-Fi, Wi-Fi Direct တွေ ရတဲ့ အပြင် A4, Letter စာရွက် တွေကို Scan ဖတ်ပေးနိုင်တဲ့ Scanner ထပ်မံပါဝင်ပါတယ်။ Scanner တွဲပါတဲ့ Printer ဖြစ်တဲ့ အတွက် Copy function ပါ ရရှိနိုင်ပါတယ်။ HP ရဲ့ မူပိုင်နည်းပညာဖြစ်တဲ့ HP e-Print ပါဝင်တဲ့ အတွက် Mobile Devices တွေကနေ Printing ပြုလုပ်နိုင်တဲ့အပြင် Mobile Scanning ပါပြုလုပ်နိုင်တဲ့ Printer Series လေးဖြစ်ပါတယ်။ Apple Air Print နဲ့ ချိတ်ဆက်နိုင်တာ ကြောင့် Apple Devices တွေနဲ့ပါ တိုက်ရိုက် Print လုပ်လို့ ရနိုင်ပါတယ်။ နည်းပညာပိုင်းအတွက်သာမက Print Volume အတွက်ပါ ပြည့်စုံတဲ့ HP Ink Tank Printer ဟာ လုပ်ငန်း၊ အိမ်သုံး အဖြစ် အသုံးပြုဖို့ သင့်တော်တဲ့ Printer တစ်လုံးဖြစ်ပါတယ်။

HP Page Wide Pro MFP 477dw Printer


HP PageWide Prom 477dw Printer မှာ HP ရဲ့ ကိုယ်ပိုင်နည်းပညာဖြစ်တဲ့ PageWide နည်းပညာကို အသုံးပြုထားပါတယ်။ PageWide နည်းပညာကြောင့် မှင် သုံးတဲ့ Printer ဖြစ်ပေမယ့် Print Speed ဟာ တစ်မိနစ်ကို 55 Pages နီးပါးထွက်တဲ့ အထိမြန်ပါတယ်။ PageWide နည်းပညာဆိုတာက မှင်ဖြန်းနိုင်တဲ့ Nozzle အပေါက်ပေါင်း ၄၀၀၀၀ ကျော်ပါဝင်တဲ့ စာရွက်အရွယ်အစားနဲ့ ညီမျှသော Print Head ပါဝင် ပြီး စာရွက်ကသာရွေ့လျားပီး Print ထုတ်တဲ့ နည်းပညာ ဖြစ်ပါတယ်။ Laser Printer တွေလိုပဲ Fuser Kit ( အပူကွိုင် ) မပါဝင်တဲ့ အတွက် Power စားသုံးမှု အင်မတန်သက်သာပါတယ်။ တိကျသေချာတဲ့ မှင်ဖြန်းစနစ်ကြောင့် မှင်အနည်းငယ် သုံးစွဲရုံနဲ့ ပြတ်သားထင်ရှားတဲ့ ပုံရိပ်များကို ပေးနိုင်ပါတယ်။ Control Panel က 4.3-inch (10.9 cm) color touchscreen ဖြစ်ပြီး Security အနေနဲ့ PIN Print လို့ ခေါ်တဲ့ Print Command တင် Password ပေးပြီး Printer မှာ PIN မှန် အောင်ရိုက်ထည့်မှ Command ပေးထားတဲ့ စာရွက်စာတမ်းကို ထုတ်ပေးမယ့် စနစ်လည်း ပါဝင်ပါတယ်။ Wi-Fi , Wi-Fi Direct ပါဝင်တဲ့ အပြင် Air-Print , e-Print ကို ထောက်ပံ့ပေးတဲ့အတွက် စတိုင်ကျကျ Print ထုတ်နိုင်ဦးမှာပါ။ Document Feeder ပါရှိပြီး scan head တွေကလည်း Dual Scan Head System ဖြစ်တာကြောင့် ကျောကပ်(Duplex) စာရွက်တွေကို Auto Scanning ပြုလုပ်နိုင်မှာမို့ အချိန်ကုန် အလုပ်ရှုပ်ခြင်းသက်သာ စေနိုင်တဲ့ printer ဖြစ်ပါတယ်။