[Zawgyi]
A higher Intelligence is coming” ဆိုတာ?? ဟုတ်ပါတယ် Huawei က သူ့ရဲ့ နောက်ထွက်မယ့် Mate 20 Pro ဖုန်းတွေအတွက် Teaser ဗီဒီယိုကိုခေါင်းစဉ်ပေးထားတာပါ။ Teaser ထဲမှာ ပါတဲ့အတိုင်းဆို ဒီ Mate 20 Pro ဖုန်းတွေမှာသုံးလာမယ့် Kirin 980 Chipset ရဲ့ စွမ်းဆောင်ရည်တွေ LTE အမြန်နှုန်းတွေကို အသားပေးဖော်ပြထားပါတယ်။ ကမ္ဘာမှာ Cat.21 ကို ပထမဆုံးထောက်ပံ့ပေးနိုင်တဲ့ Chipset ဆိုတော့ LTE အမြန်နှုန်းက အားသာချက်တစ်ခုလို ဖြစ်သွားနိုင်ပါတယ်။
[Unicode]
A higher Intelligence is coming” ဆိုတာ?? ဟုတ်ပါတယ် Huawei က သူ့ရဲ့ နောက်ထွက်မယ့် Mate 20 Pro ဖုန်းတွေအတွက် teaser ဗီဒီယိုကိုခေါင်းစဉ်ပေးထားတာပါ။ Teaser ထဲမှာ ပါတဲ့အတိုင်းဆို ဒီ Mate 20 Pro ဖုန်းတွေမှာသုံးလာမယ့် Kirin 980 chipset ရဲ့ စွမ်းဆောင်ရည်တွေ LTE အမြန်နှုန်းတွေကို အသားပေးဖော်ပြထားပါတယ်။ ကမ္ဘာမှာ Cat.21 ကို ပထမဆုံးထောက်ပံ့ပေးနိုင်တဲ့ chipset ဆိုတော့ LTE အမြန်နှုန်းက အားသာချက်တစ်ခုလို ဖြစ်သွားနိုင်ပါတယ်။
နောက် Teaser တစ်ခုက “master the past and control the future” လို့စာတန်းထိုးထားပါတယ်။ ထင်တာတော့ AI နဲ့ပတ်သတ်ပြီး အကြမ်းစားတစ်ခုခုပါလာမယ်လို့ထင်တာပါပဲ။ Multitasking တွေပိုမိုက်လာမှာတွေ ကင်မရာ၃လုံးတွေ စတဲ့ဗီဒီယိုအမြည်းပေါင်းများစွာထွက်လာခဲ့ပြီးနောက်မှာတော့ ကြည့်ရတာ သူ့ရဲ့ Kirin 980 SoC ဘယ်လောက်ကြမ်းလာမလဲဆိုတာကိုပဲ အရမ်းအသားပေးပြချင်တဲ့ပုံပါပဲ..
Chipset ကောင်းကောင်းသုံးခဲ့ပေမယ့်လည်း Huawei P20 pro တုန်းက ကင်မရာ၃လုံးကိုပဲ အရမ်းစိတ်ဝင်စားခဲ့ကြတာပါပဲ။ ဒီတစ်ခေါက်ကတော့ chipset ကိုပဲမျှော်လင့်စရာရှိမှာလား? ဒါဆိုရင်တော့ Apple ပြီးရင် 7nm process ကိုသုံးထားတဲ့ Kirin 980 chipset သုံး Mate 20 တွေကို လာမယ့် အောက်တိုဘာ ၁၆ရက်နေ့မှာမြင်ရတော့မှာဆိုတော့ သိပ်မလိုတော့ပါဘူး။ သူမွှန်းထားတဲ့ Kirin 980 ဘယ်လောက်ကြမ်းမလဲဆိုတာကိုတော့ တကယ်ထွက်လာတဲ့အချိန်ကျမှ မြင်ရမှာပါပဲ။
Ref: GsmArena, PhoneArena