ျပီးခဲ့တဲ့ ေႏြရာသီမွာ OnePlus ရဲ႕ အမႈေဆာင္အရာရွိခ်ဳပ္ Pete Pau မွ သူတုိ႔မွာ 5G နက္ဝပ္ ရရွိႏုိင္မယ့္ ဟန္းဆက္ေတြ ထုတ္လုပ္ဖို႔ အစီအစဥ္ရွိေၾကာင္း စတင္ေၾကျငာခဲ့ပါတယ္။ Qualcomm မွၾကီးမွဴးက်င္းပခဲ့တဲ့ ေဟာင္ေကာင္ 4G/5G ထိပ္သီးေတြ႕ဆုံပြဲမွာလည္း OnePlus ရဲ႕ ပူးတြဲတည္ေထာင္သူ Carl Pei က ကုမၸဏီဟာ 5G စမတ္ဖုန္းတစ္လုံးကို ၂၀၁၉ ခုႏွစ္ အေစာပုိင္းမွာ ထုတ္လႊင့္သြားမယ္လို႔ ဆုိခဲ့တာေၾကာင့္ OnePlus 6T ဖုန္းရဲ႕ ေနာက္ဆက္ခံသူဟာ 5G နက္ဝပ္ ေထာက္ပံ့မႈ ပါဝင္လာဖို႔ ယူဆစရာ ျဖစ္ခဲ့ပါတယ္။

ဒါေပမယ့္ ယေန႔ OnePlus ရဲ႕ ေျပာခြင့္ရပုဂၢိဳလ္တစ္ဦး ေျပာၾကားခ်က္အရေတာ့ 5G ဟန္းဆက္အသစ္ဟာ OnePlus 6T ရဲ႕မ်ဳိးဆက္သစ္အျဖစ္ ထြက္လာမွာ မဟုတ္ဘဲ သီးသန္႔နာမည္အသစ္တစ္ခုရဲ႕ေအာက္မွာ ေစ်းအျမင့္နဲ႔ ထုတ္သြားဖို႔ ရွိေၾကာင္း သိခဲ့ရပါတယ္။

အစီရင္ခံခ်က္အရ OnePlus 6T ရဲ႕ ဆက္ခံသူ စမတ္ဖုန္းမ်ဳိးဆက္သစ္ကိုလည္း ထုတ္လုပ္သြားမွာ ျဖစ္ေပမယ့္ ၄င္းမွာေတာ့ 5G ေထာက္ပံ့မႈ ပါလာမွာ မဟုတ္ဘူးလို႔ သိရပါတယ္။ ဒါဆုိရင္ေတာ့ OnePlus ဖုန္းသစ္ ႏွစ္လုံးကို တျပဳိင္တည္း မိတ္ဆက္လာတာကို ၂၀၁၉ မွာျမင္ရဖို႔ ရွိျပီး OnePlus ဟာ အရင္က အခုလို ဖုန္းအသစ္ ႏွစ္ခုကို တျပိဳင္တည္း မိတ္မဆက္ခဲ့ဖူးေသးပါဘူး။

OnePlus 6T ရဲ႕ဆက္ခံသူ အမည္ကိုေတာ့ ေျပာခြင့္ရပုဂၢိဳလ္က အတည္မျပဳခဲ့ဘဲ OnePlus 7 သို႔မဟုတ္ OnePlus 7T ဘယ္နာမည္နဲ႔ ထြက္လာမလဲ ဆုိတာ မသိရေသးပါဘူး။ လာမယ့္ ေဖေဖာ္ဝါရီလမွာ MWC ပြဲေတာ္ ရွိေနတာေၾကာင့္ OnePlus ရဲ႕ စမတ္ဖုန္းသစ္ေတြကို ေစာေစာစီးစီး ျမင္ေတြ႕ရခြင့္ရႏုိင္မလား ေမွ်ာ္လင့္ရဦးမွာပါ။

Ref – GSM Arena

Unicode

ပြီးခဲ့တဲ့ နွေရာသီမှာ OnePlus ရဲ့ အမှုဆောင်အရာရှိချုပ် Pete Pau မှ သူတို့မှာ 5G နက်ဝပ် ရရှိနိုင်မယ့် ဟန်းဆက်တွေ ထုတ်လုပ်ဖို့ အစီအစဉ်ရှိကြောင်း စတင်ကြေငြာခဲ့ပါတယ်။ Qualcomm မှကြီးမှူးကျင်းပခဲ့တဲ့ ဟောင်ကောင် 4G/5G ထိပ်သီးတွေ့ဆုံပွဲမှာလည်း OnePlus ရဲ့ ပူးတွဲတည်ထောင်သူ Carl Pei က ကုမ္ပဏီဟာ 5G စမတ်ဖုန်းတစ်လုံးကို ၂၀၁၉ ခုနှစ် အစောပိုင်းမှာ ထုတ်လွှင့်သွားမယ်လို့ ဆိုခဲ့တာကြောင့် OnePlus 6T ဖုန်းရဲ့ နောက်ဆက်ခံသူဟာ 5G နက်ဝပ် ထောက်ပံ့မှု ပါဝင်လာဖို့ ယူဆစရာ ဖြစ်ခဲ့ပါတယ်။

ဒါပေမယ့် ယနေ့ OnePlus ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦး ပြောကြားချက်အရတော့ 5G ဟန်းဆက်အသစ်ဟာ OnePlus 6T ရဲ့မျိုးဆက်သစ်အဖြစ် ထွက်လာမှာ မဟုတ်ဘဲ သီးသန့်နာမည်အသစ်တစ်ခုရဲ့အောက်မှာ ဈေးအမြင့်နဲ့ ထုတ်သွားဖို့ ရှိကြောင်း သိခဲ့ရပါတယ်။

အစီရင်ခံချက်အရ OnePlus 6T ရဲ့ ဆက်ခံသူ စမတ်ဖုန်းမျိုးဆက်သစ်ကိုလည်း ထုတ်လုပ်သွားမှာ ဖြစ်ပေမယ့် ၎င်းမှာတော့ 5G ထောက်ပံ့မှု ပါလာမှာ မဟုတ်ဘူးလို့ သိရပါတယ်။ ဒါဆိုရင်တော့ OnePlus ဖုန်းသစ် နှစ်လုံးကို တပြိုင်တည်း မိတ်ဆက်လာတာကို ၂၀၁၉ မှာမြင်ရဖို့ ရှိပြီး OnePlus ဟာ အရင်က အခုလို ဖုန်းအသစ် နှစ်ခုကို တပြိုင်တည်း မိတ်မဆက်ခဲ့ဖူးသေးပါဘူး။

OnePlus 6T ရဲ့ဆက်ခံသူ အမည်ကိုတော့ ပြောခွင့်ရပုဂ္ဂိုလ်က အတည်မပြုခဲ့ဘဲ OnePlus 7 သို့မဟုတ် OnePlus 7T ဘယ်နာမည်နဲ့ ထွက်လာမလဲ ဆိုတာ မသိရသေးပါဘူး။ လာမယ့် ဖေဖော်ဝါရီလမှာ MWC ပွဲတော် ရှိနေတာကြောင့် OnePlus ရဲ့ စမတ်ဖုန်းသစ်တွေကို စောစောစီးစီး မြင်တွေ့ရခွင့်ရနိုင်မလား မျှော်လင့်ရဦးမှာပါ။

Ref – GSM Arena