Pokemon Go နဲ႔ Mario Run ဂိမ္းေတြကို မုိဘုိင္းပလက္ေဖာင္းေပၚ ပို႔ေပးျပီးတဲ့ေနာက္ နင္တန္းဒုိးဟာ မုိဘုိင္းဂိမ္းေစ်းကြက္မွာလည္း လူသိမ်ားလာခဲ့ပါျပီ။ အခုေနာက္ထပ္ သူတုိ႔ရဲ႕ မုိဘုိင္းပစ္မွတ္အသစ္ကေတာ့ Dragalia Lost လို႔အမည္ေပးထားတဲ့ RPG ဂိမ္းအသစ္ျဖစ္ျပီး စက္တင္ဘာ ၂၇ ရက္ေန႔မွာ ထြက္လာေတာ့မွာပါ။

နင္တန္းဒိုးရဲ႕ တရားဝင္တြစ္တာအေကာင့္မွာ ေၾကျငာလိုက္တဲ့ Dragalia Lost ဟာ စက္တင္ဘာ ၂၇ မွာ အေမရိကန္၊ ဂ်ပန္၊ ေဟာင္ေကာင္ အပါအဝင္ ေရြးခ်ယ္ထားတဲ့ ႏုိင္ငံေတြရဲ႕ App Store ေတြေပၚ ေရာက္လာမွာ ျဖစ္ျပီး အျခားႏုိင္ငံေတြမွာ ဘယ္ေတာ့ ရႏုိင္မလဲ ဆုိတာ မသိရေသးပါဘူး။

သူ႕ရဲ႕ Trailer ကိုၾကည့္ရတာေတာ့ Chibi စတုိင္ 3D ကာရုိက္တာေလးေတြ ပါဝင္တဲ့ Action-RPG ဂိမ္းပုံစံပါပဲ။ ဒီဂိမ္းကို နင္တန္းဒိုးက ဂ်ပန္မွာ အရမ္းေအာင္ျမင္ခဲ့တဲ့ Granblue Fantasy မုိဘုိင္းဂိမ္းကို ထုတ္လုပ္တဲ့ Cygames စတူဒီယုိနဲ႔ ေပါင္းစပ္ထုတ္လုပ္ထားတာျဖစ္ပါတယ္။

လူၾကိဳက္မ်ားျပီးသား ဂိမ္းစီးရီးေတြကိုလည္း တစ္ခုခ်င္း မုိဘုိင္းဖုန္းေတြေပၚ ပို႔ေဆာင္လာမယ့္ နင္တန္းဒုိးက ၂၀၁၉ ခုႏွစ္ မတ္လထဲမွာ Mario Kart ဂိမ္းစီးရီးကို အေျခခံထားတဲ့ မုိဘုိင္းဂိမ္းတစ္ခုကိုလည္း ထပ္ျဖန္႔ခ်ိဦးမယ္လို႔ ဆုိထားပါတယ္။

Ref – Nintendo America

Unicode

Pokemon Go နဲ့ Mario Run ဂိမ်းတွေကို မိုဘိုင်းပလက်ဖောင်းပေါ် ပို့ပေးပြီးတဲ့နောက် နင်တန်းဒိုးဟာ မိုဘိုင်းဂိမ်းဈေးကွက်မှာလည်း လူသိများလာခဲ့ပါပြီ။ အခုနောက်ထပ် သူတို့ရဲ့ မိုဘိုင်းပစ်မှတ်အသစ်ကတော့ Dragalia Lost လို့အမည်ပေးထားတဲ့ RPG ဂိမ်းအသစ်ဖြစ်ပြီး စက်တင်ဘာ ၂၇ ရက်နေ့မှာ ထွက်လာတော့မှာပါ။

နင်တန်းဒိုးရဲ့ တရားဝင်တွစ်တာအကောင့်မှာ ကြေငြာလိုက်တဲ့ Dragalia Lost ဟာ စက်တင်ဘာ ၂၇ မှာ အမေရိကန်၊ ဂျပန်၊ ဟောင်ကောင် အပါအဝင် ရွေးချယ်ထားတဲ့ နိုင်ငံတွေရဲ့ App Store တွေပေါ် ရောက်လာမှာ ဖြစ်ပြီး အခြားနိုင်ငံတွေမှာ ဘယ်တော့ ရနိုင်မလဲ ဆိုတာ မသိရသေးပါဘူး။

သူ့ရဲ့ Trailer ကိုကြည့်ရတာတော့ Chibi စတိုင် 3D ကာရိုက်တာလေးတွေ ပါဝင်တဲ့ Action-RPG ဂိမ်းပုံစံပါပဲ။ ဒီဂိမ်းကို နင်တန်းဒိုးက ဂျပန်မှာ အရမ်းအောင်မြင်ခဲ့တဲ့ Granblue Fantasy မိုဘိုင်းဂိမ်းကို ထုတ်လုပ်တဲ့ Cygames စတူဒီယိုနဲ့ ပေါင်းစပ်ထုတ်လုပ်ထားတာဖြစ်ပါတယ်။

လူကြိုက်များပြီးသား ဂိမ်းစီးရီးတွေကိုလည်း တစ်ခုချင်း မိုဘိုင်းဖုန်းတွေပေါ် ပို့ဆောင်လာမယ့် နင်တန်းဒိုးက ၂၀၁၉ ခုနှစ် မတ်လထဲမှာ Mario Kart ဂိမ်းစီးရီးကို အခြေခံထားတဲ့ မိုဘိုင်းဂိမ်းတစ်ခုကိုလည်း ထပ်ဖြန့်ချိဦးမယ်လို့ ဆိုထားပါတယ်။